Wednesday 27 October 2010
တဘ၀စာအတွက် မ အတွက်
တစ်ဘဝစာ အတွက်ပါ
မ ရယ်...
ချစ်ခြင်းနဲ့ သေဆုံးခြင်းကို
မွေးဖွားမယ့်....
တစ်ထပ်ထဲပြုလုပ်ချင်တဲ့
မောင့်ချစ်ခြင်းတွက်
ရည်ရွယ်သူကို
လက်ညှိုးထိုးပြခွင့်လေးတော့ ရချင်တယ်..
မ ရယ်...
အတ္တိသရဝုတ္တိ ဆန်တယ်ပဲပြောပြောပါ
ရင်မှာထင်ဟပ်နေတဲ့ မ ပုံရိပ်တွေက
မောင့်နှလုံးသားထဲ စီးဆင်းနေတဲ့
သွေးကြောထဲမှာ အသက်ရှူသံနဲ့ အမျှ
လည်ပတ်နေကြတယ်...
မ ရယ်...
ရူးတယ်ပဲပြောပြောပါ
မျှော်လင့်ချက်တွေ တနင့်တပိုးနဲ့ 
မောင့်အနာဂတ်ကို ခရီးဆက်မယ်...
မ ရဲ့ စေစားမှုတိုင်းက
မ ရယ်
ကျေးဇူးပြုပြီး
PLEASE......
မောင့် အနာဂတ်တွေ လှချင်ပြီ...
 ချစ်တဲ့  မ အတွက် ...မောင်
မှတ်သားထိုက်သောအချက်များ
(၁) လူရယ်လို့ဖြစ်လာရင် ပျော်ရွှင်ရမယ်။ ကိုယ့်အတွက် ပျော်ရွှင်သလို သူ့အတွက်လဲ ပျော်ရမယ်။ ပျော်ရွှင်တဲ့လူဟာ အလှပဆုံးဖြစ်တယ်။ ဆွဲဆောင်မူ အရှိဆုံးဖြစ်တယ်။ ယောက်ျားလေးတွေ အသက်ရှင်တာ မေ့လျော့ခြင်းကို လက်ကိုင်ထားလို့။ မိန်းကလေးတွေ အသက်ရှင်တာ မှတ်သားခြင်းကို လက်ကိုင်ထားလို့။
(၂) လင်မယားဆိုတာ ကပ်ကြေးတစ်လက်နဲ့တူတယ်။ ထက်မြက်တဲ့ အသွားနှစ်ခုဟာ ဘယ်တော့မှ မခွဲဘူး။ ဆန့်ကျင်ဖက် ဖြစ်နေပါစေ ကြားဝင်လာတဲ့ပစ္စည်းကိုတော့ အသွားနှစ်ဖက်ပေါင်းပြီး ညှပ်ပစ်လိုက်နိုင်တယ်။
(၃) လူငယ်တွေရဲ့ အိပ်မက်ဟာ အချစ်၊ ငွေကြေးနဲ့ ကျန်းမာရေးတဲ့။ ဒါပေမဲ့တချိန်ချိန်မှာတော့ ကျန်းမာရေး၊ ငွေကြေးနဲ့ အချစ်လို့ ပြောင်းလဲသွားတာကိုသူတို့ သတိပြုမိကြလိမ့်မယ်။
(၄) မိန်းကလေးတွေဟာ စကားပြောတဲ့ အချိန်မှာ သူတို့ကို လျစ်လျူရှူထားတဲ့ ယောက်ျားတွေနဲ့ပြောရင် အသံကျယ်ကျယ်နဲ့ ပြောတယ်။ သူတို့ကို ပျော်အောင် စိတ်လှုပ်ရှားအောင်လုပ်တဲ့ ယောက်ျားတွေနဲ့ ဆိုရင် အသံတိုးတိုးနဲ့ပြောတယ်။ သူတို့တကယ်ချစ်တဲ့ ယောက်ျားလေးနဲ့ကျတော့ အသံတိတ်နေတတ်တယ်။
(၅) ယောက်ျားလေးတွေအတွက် လက်ထပ်ခြင်းဆိုတာ သူတို့ရဲ့ လွတ်လပ်မူနဲ့ လောင်းကစားလုပ်တာပဲ။ မိန်းကလေးတွေကတော့ သူတို့ရဲ့ ပျော်ရွှင်ခြင်းနဲ့လောင်းကစားလုပ်တာပဲ။
(၆) အချစ်ဆိုတာ မီးတအိမ်နဲ့ တူတယ်။ အတွင်းစိတ်မှာရှိတဲ့ ဆီနဲ့ ထွန်းညှိမှသာ မီးရဲ့ အလင်းရောင်ဟာ မမှိန်နိုင်ဘူး။ မညိမ်းနိုင်ဘူး။
(၇) ယောက်ျားလေးတွေ စီးကရက်တလိပ် သောက်ပြီး စိတ်ဖြေတာဟာ မိန်းကလေးတွေ တခါလောက် အားရပါးရ ငိုလိုက်တာနဲ့ ညီမျှတယ်။
(၈) မိန်းကလေးတွေရဲ့ နုပျိုတဲ့ လျှို့ဝှက်ချက်ကို ကျွန်တော်သိလိုက်ပြီ။ အဲဒါကတော့ အသက်လိမ်ခြင်းပဲ။
(၉) အချစ်ကို မျက်စိနဲ့ မခံစားဘူး။ အချစ်ကို နှလုံးသားနဲ့ ခံစားတာ။
(၁၀) မိန်းကလေးတိုင်း ရွေးချယ်မူတခုကို ရင်ဆိုင်ရမှာပဲ။ လူချစ်လူခင်ပေါတဲ့ ယောက်ျားလေးကို လက်ထပ်ရင် စိတ်မချဘူး။ လူချစ်လူခင်နည်းတဲ့ယောက်ျားလေး ကျပြန်တော့ စိတ်မပါဘူး။
(၁၁) အချစ်ဆိုတာ ချောက်ကမ်းပါးဘေးမှာ ပေါက်နေတဲ့ ပန်းတပွင့်နဲ့တူတယ်။အဲဒီပန်းကို ခူးဖို့ရာ သတ္တိတွေရှိရမယ်။
(၁၂) အချစ်ဟာ ဘ၀ကို လောင်မြိုက်စေတယ်။အချစ်ဟာ ရှင်သန်ခြင်းကို စိုပြေစေတယ်။
(၁၃) လူတွေရဲ့ အချစ်ကို မခံရတာ ကြီးမားတဲ့ ဝေဒနာဆိုးတရပ် ခံရတာနဲ့တူတယ်။ လူတွေကို မချစ်နိုင်တဲ့သူဟာ ရှင်လျှက်နဲ့ သေနေတာနဲ့ တူတယ်။
(၁၄) အချစ်ကို နားမလည်ခင်မှာ မိန်းကလေးဟာ မိန်းကလေး မဟုတ်သလိုယောက်ျားလေးဟာလဲ ယောက်ျားလေးမဟုတ်ဘူး။
(၁၅) ချစ်ခြင်း မေတ္တာဆိုတာ လူ့ဘ၀မှာ ပျံ့နှံ့နေတယ်။ ချစ်ခြင်းမေတ္တာမရှိရင်ဘာသာ၊ သမိုင်း၊ စိတ်ကူးယဉ်မူနဲ့ အနုပညာဆိုတာလဲ ရှိမှာမဟုတ်ဘူး။
(၁၆) ငွေကြေးကြောင့် လက်ထပ်တဲ့လူလောက် ယုတ်မာတာ မရှိဘူး။အချစ်တခုတည်းအတွက်နဲ့ လက်ထပ်တဲ့လူလောက် မိုက်မဲတာ မရှိဘူး။
(၁၇) သာယာတဲ့ အိမ်ထောင်ရေးဆိုတာ နှစ်ဦးနှစ်ဖက်မှာ တူညီတဲ့ခံစားမူတွေရှိရမယ်။ တယောက်လွတ်လပ်မူကို တယောက်က ၀င်မစွက်ဖက်ရဘူး။ပေါင်းဖက်ရခြင်းကို တန်ဖိုးထားရမယ်။ ချစ်ခင်မူကို ထိန်းသိမ်းရမယ်။ ဒီအချက်တွေကို လက်ကိုင်ထားရင် လက်ထပ်ခြင်းဆိုတာ ယောက်ျားလေးနဲ့ မိန်းကလေးအတွက် အလှဆုံးနဲ့ အရေးပါဆုံးဖြစ်မယ်ဆိုတာ ကျွန်တော် ယုံကြည်တယ်။
(၁၈) အချစ်ကို ပိုင်ဆိုင်ဖူးသလို အချစ်ကို ဆုံးရှုံးဖူးတာက တခါမှ မချစ်ဖူးတာထက်စာရင် ကောင်းသေးတယ်။
(၁၉) အိမ်ဆိုတာ လူတွေရဲ့ အဆိုးအပြစ်နဲ့ ကျဆုံးခြင်းတွေ သိုဝှက်ထားတဲ့တခုတည်းသော နေရာဖြစ်သလို ချစ်ခြင်းမေတ္တာနဲ့ ချိုမြိန်မူတွေကို သိုလှောင်ထားတဲ့ နေရာလည်းဖြစ်တယ်။
(၂၀) လူ….လူ…လူ…လူဆိုတာ ရယ်မောခြင်းနဲ့ မျက်ရည်ကြားက ချိန်သီးတစ်လုံးဖြစ်တယ်။
သိပ်ချစ်တယ် မ ကို
တွေ့ဆုံခြင်းဆိုတာခွဲခွာဖို့အတွက်ရှေ့ပြေးတစ်ခုလို့
ကျေးဇူးပြုပြီးကျွန်တော်လက်မခံပါရစေနဲ့။
သူကအစအနောက်သန်ပေမယ့်ကျွန်တော်ကအထအနကောက်တတ်တော့
တစ်ခါတစ်လေသူ့အပေါ်စိတ်တိုမိတယ်။
သူနဲ့ပက်သက်လာရင်နည်းနည်းကလေးမှ အမှားအယွင်းဆိုတာမရှိစေချင်ဘူး။
သေချာတာတစ်ခုက ကျွန်တော်သူ့ကိုသိပ်ချစ်တယ်။
ဖုန်းထဲကသူ့စကားသံလေးကိုကျွန်တော်ချစ်တယ်။
သူနဲ့ပက်သက်လာရင်သူ့ပခုံးပေါ်ကလွယ်အိတ်လေးကအစကျွန်တော်ချစ်လို့ရတယ်။
ရီလိုက်ရင်မျက်လုံးလေးမှေးစင်းသွားတဲ့သူကအရမ်းချစ်ဖို့ကောင်းတယ်ဗျာ။
အမြဲတမ်း အနမ်းတွေပေးလေ့ရှိတဲ့ ချစ်သူ ကို သိပ်ချစ်တယ်
သူနဲ့တွေ့ဆုံရတဲ့ဒီလိုနေ့ရက်တွေတိုင်းဟာကျွန်တော့်အတွက်တော့တကယ့်ကိုရွှေရောင်နေ့ရက်တွေပါပဲ။
မနက်ဖက်ကျောင်းကိုသွားရင်    လျှောက်ခဲ့တဲ့လမ်းတွေပေါ်ဖြတ်သွားရတိုင်းသူ့ကိုသိပ်သတိရတယ်
ညနေကျရင်ပြန်တွေ့ရမှာပဲဆိုတာသိထားပေမယ့်ကျွန်တော့်စိတ်ကသူ့ကိုသိပ်လွမ်းနေမိတယ်လေ။
တစ်ယောက်နဲ့တစ်ယောက်တစ်နေ့မတွေ့ရရင်မနေနိုင်လောက်အောင်အချိန်တိုလေးအတွင်းမှာပဲ
ကျွန်တော်တို့နှစ်ယောက်သံယောဇဉ်တွေ တွယ်မိခဲ့ကြတယ်။
ဘာပဲဖြစ်ဖြစ်တို့နှစ်ယောက်မခွဲကြေးနော်။
မ အတွက်
မျှဝေလို
ခံစား
အကြင်နာ
ယုယမှု
အချစ်များစွာ
မကိုမောင်
ပေးခဲ့ တယ်
အချစ်ဆိုတာ
မနဲ့ မောင်အတွက်
ရေကြည်တပေါက်ဖြစ်စေရမယ်..မ
အေးချမ်းပြီး
ချမ်းမြေ့ ပါစေ
ဆန္ဒ
လူတစ်ယောက် အဖြစ်နှင့်
တစ်ယောက်တည်း မွေးဖွားပြီး
တစ်ယောက်တည်း ကြီးပြင်းခဲ့ပေမဲ့
ရှေ့ဆက်ရမယ့််ဘ၀ရဲ့ တစ်ရက်မကနေ့ရက်တွေမှာ
(မ မရှိရင်မဖြစ်နိုင်လို့) 
အိမ်မက်တွေကို နှစ်ယောက်အတူထုဆစ်ရင်းနှင့်သာ
ရင်ခုန်ခြင်းမှာပျော်မွေ့ပါရစေ
အချစ်
မထင်မိဘူး
ကျွန်တော်ချစ်သူ ဖြစ်လာမယ့် မ ကိုသိပ်ချစ်သွားမိမယ်ဆိုတာကိုပေါ့
ချစ်တယ်လို့ လူတွေဘယ်လောက်ပြောပြော နှစ်လုံးတည်းသောစကားလးဖြစ်တဲ့ 
ချစ်တယ်ဆိုတဲ့ စကားလုံးလေးက ဒီလောက်လေးနက်လိမ့်မယ် ထူးခြားဆန်းကြယ်တယ်
ရင်ခုန်သံတွေဖြစ်စေလိမ့်မယ်လို့ မယုံကြည် တဲ့  ကျွန်တော်အတွက်တော့ 
မ က ဘုရားပေးတဲ့ ဆုတစ်ဆုပါပဲ။
လတစ်လရဲ့ ပထမဆုံးပတ်ထဲမှာ ပဲ
ကျွန်တော်နဲ့  မ ရင်ခုန်သံတွေထပ်တူညီ ဆူညံစွာပေါက်ကွဲပြီး
နှလုံးသားခြင်းထပ်တူညီခဲ့ ကြတယ်။
တစ်နေ့ ထက်တစ်နေ့ မလျှော့ ပါးတဲ့ အချစ်တွေနဲ့ တိုးပြီးရင်းတိုးလာတဲ့ သံယောဇဉ်တွေက
တစနဲ့ တစပိုပြီးချည်နှောင်လာခဲ့ တယ်။
ပိုပြီးတော့ တွယ်တာလာမိတယ် သေချာတာတော့
ကျွန်တော် သူ့ ကိုခွဲခွာဖို့ ဆိုတာဘယ်တော့မှမဖြစ်နိုင်တဲ့ အရာတခုပါပဲ။
ဘာဖြစ်လို့ လည်းဆိုတော့  မ က ကျွန်တော်ရင်ထဲမှာ
တည်ကြည်စွဲမြဲစွဲမြဲစွာနေရာယူထားပြီလေ။
စိတ်သဘောထားဖြူစင်ပြီး ကိုယ့်ကျင့်သိက္ခာတည်ကြည်ဖြောင့်မှတ်တဲ့ စိတ်ကလေးကို အစကတည်းက
သဘောကျနှစ်သက်နေမိတယ်။
ပြီးတော့လည်း  ချစ်သူဖြစ်တဲ့ ကျွန်တော်ကိုလည်းအမြဲတမ်းနားလည်ပေးတတ်တဲ့ ကျွန်တော်ချစ်သူလေးပေါ့။
ပြောပြရင်ကုန်နိုင်မှာမဟုတ်တဲ့  သိပ်ချစ်ရတဲ့ ချစ်သူ အကြောင်းကို
ရင်ထဲမှာအများကြီးပဲသိမ်းထားပြီးတာ့ 
သိပ်ချစ်တာပဲ မရယ် လို့ တခွန်းတည်းအကျယ်လောင်ဆုံးအော်ပြောလိုက်ချင်တယ်။
           မ ကို သိပ်ချစ်တယ်  မောင်
Monday 25 October 2010
ထာဝစဉ်အမြဲ
ထာဝစဉ်အမြဲ
တွဲလက်များနဲ့ 
အားပေးနေမယ် ချစ်သူရယ်။
ခက်ခဲနေလည်း
ကျော်ဖြတ်မယ် ချစ်သူရယ်။
တူနှစ်ကို
သာယာတဲ့ ဘ၀ခရီးလမ်းကို
ချစ်စွမ်းအားတွေနဲ့ 
လျှောက်လှမ်းကြမယ်။
သိပ်ချစ်တယ် "မ"
                     မောင်
အချစ်စစ် ၁၀၀%
ဘ၀မှာ
ဘာအခက်အခဲတွေပဲဖြစ်ဖြစ်
ခဏတာ ပါပဲ
အဲဒီအခက်အခဲတွေကို
၂ ဦးသား ကျော်ဖြတ်နိုင်တာကိုပဲ
မြတ်နိုးစွာနဲ့ ကျေနပ်ကြမယ်နော်။
ဘာဖြစ်ဖြစ်
အနားမှာ ရှိနေမယ်
ချစ်သူ စိတ်ဆင်းရဲနေတာကို မမြင်ချင်တာ
ချစ်သူစိတ်မဆင်းရဲစေချင်တာ
အရိုးခံစိတ်ပါ
ချစ်သူ ကိုသိပ်သနားမိတယ်
အရမ်းလည်းကိုယ့်ကိုကို  သိလာတယ်
သိပ်ချစ်တတ်ပါလားဆိုတာကိုပေါ့
မဟော်သဓာ တရားစီရင်ခန်းလိုပါပဲ
တကယ်တန်း ချစ်သူ ရဲ့ ငိုသံကြားရော
ဘယ်လောက်ထိ  ရင်တွင်းမှာပူလောက်လိုက်သလည်းဆိုရင်
ပြောမပြတတ်အောင်ပဲ
ငရဲမှာပူတဲ့ အပူတော့ မသိပါဘူး
ဒါပေမယ့်အခုပူလောင်တဲ့ အပူက မပဒါမြေလူးဆိုသလိုမျိုး
ဒီလိုမျိုး တခါမှမကြုံဘူးဘူး ဘ၀မှာ
အဲဒီချိန်မှာပဲ ကိုယ်တိုင်သိလိုက်ရတယ်
ငါ သိပ်ချစ်တာပါလားဆိုတာ
တကယ် အရေးကြီးလာတော့
သွေးတွေ စိတ်တွေ စကားပြောလာတာ အမှန်ပါပဲ
ချစ်သူပြောတဲ့ စကားလေး အမြဲမှတ်သားထားတယ်
စိတ်ချင်းဆက်ပေးပါဆိုတဲ့သီချင်းလေးလို ပေါ့
တကယ်တော့စိတ်ချင်းဆက်ထားတာအမှန်တကယ်ဖြစ်နေတာကို
ကိုယ်တိုင်ကြုံတွေ့ လိုက်ရတယ်
သွေးပျက်စရာကောင်းနေတဲ့ အချိန်မှာ
ချစ်သူ ကိုပြောလိုက်မိတဲ့စကားတခွန်းအတွက်
အရမ်းသနားမိတယ်
ကိုယ့် ကိုကို ယူကြုံးမရလည်းဖြစ်ခဲ့တယ်
"ဘယ်တော့မှ လေ့ကျင့်ခန်းမလုပ်ခိုင်းနဲ့ "
လို့ စိတ်ကပြောလိုက်မိတယ်
ချစ်သူ ပြန်ပြောလိုက်တဲ့စကားက
ရင်တခုလုံးကို တုန်လှုပ်သွားစေသလိုပါပဲ
"ကိုယ်ကြိုက်တဲ့ ဟာကိုကိုပြောတာပဲ ဘာဖြစ်လည်း"လို့ 
မျက်ရည်လည်ရွဲ လေးနဲ့ ပြောနေတဲ့ မျက်နှာလေး
ရင်ထဲမှာ အရမ်းပူဆွေးရတယ်
ကိုယ့် ချစ်သူ ကိုယ့် အပေါ်မှာ ဘယ်လောက်ချစ်တယ်ဆိုတာကို
နားလည်သဘောပေါက်လာတယ်
ဘယ်လောက်ပဲ အတိတ်တွေရှိနေခဲ့ ပါစေ
အချစ်ဆိုတဲ့ အရာက ချစ်တဲ့စိတ်က
ကိုယ့် ချစ်သူကို အလိုအလျှောက် ခွင့်လွတ်နေမိတယ်
တကယ်တော့ ချစ်သူစိတ်ချမ်းသာစေချင်တာ
ကိုယ့်ချစ်သူ ဘာမှဘေးဒုက္ခတွေမတွေ့ စေချင်တာ
ရင်ထဲက သူ့ အလိုလိုပေါ်လာတယ်လေ
သိလိုက်တယ် 
တကယ့် အချစ်စစ်ဆိုတာဒါပဲဆိုတာ။
ခက်ခဲတဲ့ နေရက်တွေကို
အတူတူ မျှဝေခံစားမယ်
တကယ်အချစ်စစ်တွေ ၂ ဦးသားရှိနေတာ
ကြည်နှုးမိရတယ်။
ဘ၀ရဲ့ မှတ်တိုင်မှာ
အချစ်စစ်ကို
တကယ့် အချစ်ရဲ့ အနှစ်သာရ
အချစ်စွမ်းအားတွေကို
သိပ်ချစ်တဲ့ မောင့် ချစ်သူ နဲ့ အတူ
ထာဝရ မခွဲ လက်တွဲပြီး
ပျော်ရွင်စွာနဲ့ ဖြတ်သန်းကြမယ်။
သိပ်ချစ်တဲ့ ချစ်ရတဲ့ မောင်
Thursday 21 October 2010
အချစ်အတွက်အချစ်
အချစ်ဆိုတာ ဘာလည်းဆိုတာတွေမတွေးတော့ပါဘူး
ဒါပေမယ့် အချစ်ဆိုတာ ဘာလည်းဆိုတာတော့
ကိုယ်တိုင်ကြုံလာတော့ လည်းသိလာတာပေါ့
အချစ်ဆိုတာကိုသူများတွေက အမျိုးအမျိုး ဖွင့်ဆိုကြတယ်။
ဒါမဆန်းလှပါဘူး ဒါပေမယ့် ဖွင့်ဆိုကြတဲ့သူတိုင်းအတွက်တော့
သေချာပါတယ် ဆန်းသထက် ဆန်းပြီးတော့
လတ်ဆတ်နေမယ်ဆိုတာ။
အခုတော့
မိုးတွေရွာနေတယ်
မုန်တိုင်းဝင်လို့ လားမသိ
သေချာတာတော့ ဒီမှာမုန်တိုင်းဝင်အောင်လည်း ဗမာပြည်လို မဟုတ်
ဒါက ရာသီဥတု။
သူကပြောင်းလည်းတာ
ဒါပေမယ့်အချစ်ကတော့ မပြောင်းလဲဘူး
တသတ်မတ်တည်း။
လေတွေတိုက်နေတယ်
သိပ်ကိုအေးချမ်းတယ်လို့ ပဲပြောမလား
ချမ်းအေးတယ်လို့ ပဲဆိုမလား
တနည်းအားဖြင့်အေးမြနေတာတော့သေချာတယ်
ဒါက လေ။
သူကတိုက်ခတ်တာ
ဒါပေမယ့်အချစ်က မတိုက်ခတ်ပါဘူး
ညင်သာတယ်လို့ ဆိုမလား။
အချစ်ကိုတွေ့ လိုက်ပါပြီ
သိပ်လှတဲ့ နတ်သမီးတစ်ယောက်ကို ။
ဇတ်လမ်းက အဲဒီမှာစတာ
ဘယ်လိုလည်းဆိုတော့ တွေ့ လိုက်တဲ့အချိန်
အဲဒီချိန်မှာ သီဝိမင်းက ဥမ္မာဒန္တီကို  ကိုတွေ့ လိုက်ရသလိုပဲ
လူကို ရူးသွပ်သွားစေလောက်အောင်လှတယ်။
အဲဒါက သူ့  အလှ
ကျွန်တော်ချစ်သူ။
ကဲ  ချစ်သူရောက်လာပီ..
စကားဖြတ်အုံးမည်။
 ဆက်ရန်.....
အချစ်များစွာ
တချို့က အချစ်ဆိုတာ တွင်းအောင်းသတ္တဝါတစ်မျိုး
တချို့က အချစ်ကို ပင်လယ်မှာ ထွက်ဖမ်းရတယ်
တချို့က အချစ်ဆိုတာ ကျောက်ဆောင်တွေထက် အသိုက်ဖွဲ့နေတတ်တဲ့ ငှက်တစ်မျိုး
တချို့က အချစ်ဆိုတာ ကုန်းတွင်းသတ္တဝါပါ
တချို့က အချစ်ဆိုတာ သစ်ပင်မြင့်တွေ ခွဆုံထက် တွယ်ကပ်ပေါက်နေတဲ့ပန်းတစ်မျိုး
အချစ်ဆိုတာ ရာသီစာပဲ
အချစ်ဆိုတာ အလေ့ကျပေါက်ပင်
အချစ်ဆိုတာ မြေလျှိုးမိုးပျံ
အချစ်ဆိုတာ ဆင်ပြောင်ကြီး အမြီးကျမှတစ်
အချစ်ဆိုတာ ကြောင်ခံတွင်းပျက်နဲ့ ဆက်ရက်တောင်ပံကျိုး
အချစ်ဆိုတာ ခဲမှန်ဖူးတဲ့ စာသူငယ်
အချစ်ဆိုတာ ဘယ်ဖက်နားကဝင်ပြီး ညာဖက်နားက ထွက်သွားတာ
အချစ်ဆိုတာ မြေဝယ်မကျ
အချစ်ဆိုတာ ဒို့ခေတ်ကိုရောက်ရမည်မှာ မလွဲပါ
အချစ်ဆိုတာ ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့်
အချစ်ဆိုတာ မဖတ်ရသေးတဲ့စာအုပ်တစ်အုပ်
အချစ်ဆိုတာ ငါ့သမီးစာကျက်နေတယ်
အချစ်ဆိုတာ အစိမ်းစားရတယ်။ ကျက်သွားရင် မကောင်းဘူး။
လတ်လတ်ဆတ်ဆတ်မိလာတဲ့ အချစ်စိမ်းစိမ်းလေးအပေါ်ကို
သံပုရာသီး တစ်စိတ်၊ နှစ်စိတ် ကောက်ညှစ်ချလိုက်ပြီး တဖြည်းဖြည်း အရသာခံမြည်းကြည့်စမ်းပါတဲ့ ။
မောင့်အတွက်တော့ အချစ်က ကေခိုင်ပါပဲ။
                                                            သိပ်ချစ်တယ်(မောင်)
Friday 15 October 2010
ကျောင်းပြန်အတွေးတစ
ကလင်....ကလင်.....ကလင်...
ကျောင်းတက် ကျောင်းဆင်းခေါင်းလောင်းသံက မြည်လာပြီ။
စာများကိုလက်စဖြတ်ပြီး အတွေးထဲကိုပထမဆုံးဝင်လာပါသည်။
သူမ။
ကျောင်းဆင်းချိန်ဖုန်းဆက်မည် ဟူသောအသိတရားက
စိတ်အစဉ်နဲ့ အမြဲစိုးမိုးထားသည်ဆိုတာထက်
စိတ်တခုလုံးအား အချိန်ပြည့်စိုးမိုးထားသောသူတယောက်လို့ 
ပြောရရင်လွန်မည်မထင်ပါ။
သူမ။
သိပ်ကိုကြည်လင်နေသော မျက်နှာ
သာယာနာပျော်ဖွယ်အတိနဲ့ ပြည့်စုံသော အသံ
ရွှန်းလဲ့တောက်ပနေသောမျက်ဝန်းနက်နက်တစ်စုံ
နူးညံ့ ချောမွတ်နေသော အသားအရေ
နက်မှောင်ကျော့ရှင်းနေသော ဆံကေသာ
စာဖွဲ့ မကုန်နိုင်လောက်သော
သူမ က အစဉ်အမြဲစိုးမိုးထားသည်။
ကြည်နုးပီတိတွေ
 မှိုင်းပြာရီဝေနေသော ဆောင်းလေပြေအေးနှင့်အတူ
အတွေးများဝယ်တစစ ပိုပီပြင်လာပါသည်။
ကောင်းကင်
တိမ်တိုက်တို့ အလှ
စိမ်းလန်းနေသော သစ်ပင်လေးများ
ညင်သာစွာတိုက်ခတ်လာသော လေပြေနုအေးအေးလေးများ
ဆောင်းဦးအ၀င် ၀ါကျင့်ကျင့်ရော်ဝါရွက်လေးများ
မြေပေါ်သို့ တဖြုတ်ဖြုတ် ကျနေသော အလှများ
ကာလုဂါမြို့ ကျက်သရေဆောင် တံတားလေးပေါ်မှ ကြည့်လိုက်လျှင်
အေးချမ်းတည်ငြိမ်စွာစီးဆင်းနေသော အိုကာမြစ်ရေစီးသံ
နေ့ တဓူဝလှုပ်ရှားနေသော ဥဒဟို သွားလာနေသော လူများ
အားလုံးစီးချက်ညီစွာ သာယာလှပသော လှုပ်ရှားမှုကျောင်းပြန်မြင်ကွင်းများ
ထို အထဲက
သူမကို သိပ်ချစ်နေသော ကောင်လေးတစ်ယောက်
အတွေးရေယဉ်ကျောဝယ် စီးမျှောနေမိပါသည်။
တွေးလိုက်မိပါသည်......
သူမအကြောင်းများ။
ဝန်ခံမိပါသည်။
သူမ ကိုအလွန်တရာမြတ်နိုးမှု များစွာနဲ့ 
သိပ်ချစ်တယ်ဆိုတာကို
အဖြေရှာရန်မလိုပါ။
ကြော်ငြာရန်မလိုပါ။
ထိုမျှလောက် စိုးမိုးထားနိုင်သော
အလှနတ်သမီးလေး။
သူမရေ။
ဒီထက်မကသော သာယာမှုတွေနဲ့ 
ဘ၀ခရီးမှာ ကောင်လေးရဲ့ အချစ်တွေနဲ့ အတူ
အေးမြပါစေကြောင်း။
ဆုတောင်းရင်း...
အဆောင်ကိုပြန်ရောက်လာပါတော့သည်။
Tuesday 12 October 2010
My soul
My mind, body and spirit is essential to you. I eat well and I think well enough to stop negative thoughts. But I need support from you. You are amusing and interesting and lead me to enlightening way. Hopefully, I am wonderful for you as you are.
We energize, empower, fulfill and get confidence in ourselves. We do anything we want to do every time when we are together.
Have you ever had a lover like me? I have never thought of someone like you before. You are my spiritual energy. You are simply amazing. You are wind when I am water, you give me power to flow smoothly forever. I love you Mg.
Monday 11 October 2010
အချစ်စွမ်းအား
အချစ်ဆိုတဲ့ အရာက ဒီလောက် ချိုမြိန် ကြည်နူး ပျော်ရွှင်ဖွယ် ကောင်းလိမ့်မယ်လို့ မထင်မိခဲ့ပါ။ တွေးလိုက်တိုင်း စိတ်ထဲမှာ ကြည်နူးနေမိသည်။ ပျော်ရွှင်နေမိသည်။
လူတိုင်း ပြောကြသည့် အချစ်ဆိုတာ ဒါလား။
ဂရေဟမ် ဆိုထားတဲ့ သီချင်းကို နားထဲတွင် ပြန်လည် ကြားယောင်မိသည်။
မချစ်ဖူးလို့ပါ အချစ်ဦးရယ် …. အချစ်ဆူး စူးလဲ စူးတော့ကွယ် … ရင်မှာ အချစ်ပဲ နား …. လည်..
အချစ်ကို ပူလောင်တယ်လို့ မမှတ်ယူမိပါ။ ပူလောင်တယ်၊ အေးချမ်းတယ် ဆိုတာ
မိမိရဲ့ အယူပေါ်မှာသာ မူတည်သည်ဟု ထင်မိသည်။ မိမိ အတွက် အချစ်ဆိုတာ အေးချမ်းနေသည်။ တစိမ့်စိမ့် တွေးလေ တစိမ့်စိမ့် အေးချမ်းလေ ဖြစ်သည်။
သူ့ မျက်နှာကိုမြင်ယောင်လိုက်တိုင်း....
တွေးလိုက်မိတိုင်း
ရင်ထဲတွင် အမည်ဖော်ပြ၍ မရသော ခံစားမှုကို ခံစားရသည်။
သူ အပြုအမှု၊ အပြောအဆိုလေးများကို တွေးလိုက်မိတိုင်း တစ်ကိုယ်တည်း ရယ်မောမိသည်။ တစ်ယောက်တည်း
ရယ်မော ပြုံးရွှင်မိသည်မှာ ခဏခဏပင်။ ရူးနေပြီဟု ထင်ကောင်း ထင်မည်။ ရူးတော့ ရူးနေပါသည်၊
အချစ်ရူး။တကယ်ရူးနေပါပီ........ကေခိုင်ရေ.....။
ချစ်သူ အပေါ် စိုးရိမ်စိတ်လည်းရှိတတ်စမြဲပါပဲ။
စိုးရိမ်စိတ်ကိုတစ်ယောက်နဲ့ တယောက်ဘာကိုဆိုလိုချင်တာလည်းဆိုတာကိုနားလည်ပြီးတော့ တည်ဆောက်ပီးတော့ချစ်တဲ့အချစ်တွေက သိပ်ကိုမြတ်နိုး တန်ဖိုးရှိပါတယ်။
စွမ်းအားတွေ....အားအင်တွေ...အချစ်တွေ.....ပီတိတွေ  ကြည်နှုးမှု့ တွေ....
ဖော်မပြနိုင်တဲ့ နယ်ပယ်တွေကို အချစ်ဆိုတဲ့ အရာလေးက ကျော်ဖြတ်ဖို့ ခွန်အားတွေပေးလာပါပီ။
သ၀န်တို တယ်လို့ အပြစ်တွေမမြင်ပဲ အချစ်တွေလို့ သာမြင်နေပေးပါ။
တကယ် ချစ်လာတော့ မိမိ ချစ်သူ ပျော်ရွှင်နေသည်ကိုသာ မြင်ချင်လာသည်။ ချစ်သူ မျက်နှာ ညှိုးငယ် သွားမည်ကို စိုးရိမ်တတ်လာသည်။ ပျော်ရွှင်နေသည့် မျက်နှာကိုသာ မြင်လိုသော စိတ်ဆန္ဒ ရှိလာသည်။
အရာရာ ဖြည့်ဆည်းပေးချင်မိသည်။ အချစ်ဆိုသော အရာက အရာရာကို ရင်ဆိုင်ရဲလာအောင် သတ္တိများ ပေးသည်မှာ မှန်လှပေသည်။ ရဲရင့်လာသည်။ ပေးဆပ်ဖို့ အသင့်ဖြစ်နေသည်။ အချစ်၏ စွမ်းအားသည်
ဒီလောက် ပြင်းလိမ့်မည်ဟု တွေးမထင်ခဲ့ပါ။ သြော် အချစ်ဆိုတာ ဒါပါလားဟု သိလာရတော့သည်။
အသက်ထက် မက သိပ်ချစ်ရပါတယ်...
အသက်ရှင်နေသရွေ့  ထာဝရအစဉ်အမြဲ ချစ်ကြတဲ့ မောင် နဲ့ ကေခိုင် အမြဲတမ်းထာဝရရွှေလက်တွဲသွားကြမယ်။
                                                       သိပ်ချစ်ရတဲ့ (မောင်)
Sunday 10 October 2010
ချစ်သူဆုတောင်း
ချစ်သူသည်
အပြောကျယ်သော
ငွေပင်လယ်ကြီး ဖြစ်မည်ဆိုလျှင်
ကျွန်ုပ်သည် ရွက်လှေတစ်စင်း
ဖြစ်ပါစေ။
ချစ်သူသည်
ကျယ်ပြန့်သော
မိုးကောင်းကင်ကြီး ဖြစ်မည်ဆိုလျှင်
ကျွန်ုပ်သည် ငှက်ကလေးတစ်ကောင်
ဖြစ်ပါစေ။
ချစ်သူသည်
အဆုံးအစမသိနိုင်သော
မြေပြင်ကျယ်ကြီး ဖြစ်မည်ဆိုလျှင်
ကျွန်ုပ်သည် လူသားတစ်ဦး
ဖြစ်ပါစေ။
ချစ်သူနဲ့ သာ
အတူ နေရမည်ဆိုလျှင်
ဘယ်အရာများက ဘယ်လောက်ပင်
တားဆီး ပိတ်ပင်နေပါစေ
ဖြိုခွင်း ဖြတ်ကျော်နိုင်သော
ခွန်အား ကို ကျွန်ုပ်ကို
ပေးသနားတော်မူပါ။
အချစ်နတ်သမီးလေး...
စကားအင်္ဂါရပ် များ
၁။ စကားစနိဒါန်း။
၂။ စကားရင်းအကြောင်းခံ။
၃။ ဥပမာ။
၎။ ၀တ္တူသာဓကသက်သေ။
၅။ နိဂုံးအဆုံးသတ်။
၆။ ဒိဌမျက်မြင်ကိုယ်တိုင် လုပ်ပြနိုင်ခြင်း။
စကားအင်္ဂါလေးပါး
၁။ အကျိုးရှိပြီး ကောင်းမြတ်သောစကား။
၂။ ချစ်ခင်နှစ်သက်ဖွယ်စကား။
၃။ တရားဓမ္မ နှင့်ယှဉ်သောစကား။
၎။ ဖြောင့်မှန်သော စကား။
စကားကြီး ဆယ်ခွန်း။
၁။ ရေကူးညာတင်ပြောနည်း။
၂။ ကောက်ပင်ရိတ်လှီးပြောနည်း။
၃။ ရေစီးဖောင်ဆန်ပြောနည်း။
၎။ အိုးတန်ဆန်ခတ်ပြောနည်း။
၅။ ဆီပွတ်ကျည်ပွေ့ပြောနည်း။
၆။ ဆင်ဝှေ့ရန်ရှောင်ပြောနည်း။
၇။ တောင်သူယာခုတ်ပြောနည်း။
၈။ ကြက်ဆုတ်ခွပ်ပစ်ပြောနည်း။
၉။ ရေစစ်ကရား ရေသွားသောသွင် ပြောနည်း။
၁၀။ ခက်တင်မောင်နင်းပြောနည်း။
စကားခြောက်ခွန်း
၁။ ဟုတ်မှန်သောလည်း သူတစ်ပါး မနာယူလို အကျိုးမှရှိသောစကား။
၂။ မဟုတ်မှန်သော်လည်း သူတစ်ပါး နာယူလို အကျိုးရှိသောစကား။
၃။ မဟုတ်မှန်သော်လည်း သူတစ်ပါး နာယူလို အကျိုးမရှိသောစကား။
၎။ ဟုတ်မှန်သော်လည်း သူတစ်ပါး နာယူလို အကျိုးမရှိသောစကား။
၅။ ဟုတ်မှန်သော်လည်း သူတစ်ပါး မနာယူလို အကျိုးရှိသောစကား။
၆။ ဟုတ်လည်းဟုတ် သူတစ်ပါးလည်းနာယူလို အကျိုးရှိသောစကား။
မယုံကြည်ဖွယ်စကားလေးမျိုး
၁။ နှစ်မျိုးနှစ်ခွပြောသောစကား။
၂။ မျက်ကွယ်၌ ပြောသောစကား။
၃။ အမျက်ဒေါသဖြစ်၍ ပြောသောစကား။
၎။ ကြိုတင်စည်းဝါးကိုက်ထား၍ ပြောသောစကား။
စကားအရာ အင်္ဂါဆယ်ပါး။
၁။ ပြောချိန် ပြောခွင့်သင့်မှ ပြောဆိုခြင်း။
၂။ မှန်ကန်သောစကားကို ပြောဆိုခြင်း။
၃။ တရားနှင့်ညီသော စကားကိုပြောဆိုခြင်း။
၎။ အကျိုးစီးပွားနှင့်ယှဉ်သော စကားကို ပြောဆိုခြင်း။
၅။ ချစ်ခင်နှစ်သက်ဖွယ်သော စကားကို ပြောဆိုခြင်း။
၆။ ပြုံးရယ်ရွှင်ပျစွာ စကားကိုပြောဆိုခြင်း။
၇။ မပိုမလို ချင့်ချိန်မျှတစွာ ပြောဆိုခြင်း။
၈။ အဆောတလျင် မပြောဆိုခြင်း။
၉။ မြို့ကြီးသား ပြည်ကြီးသားတို့ ပြောဆိုသုံးနှုန်းမှုနှင့်     အညီပြောဆိုခြင်း။
၁၀။ တိကျပြတ်သား သေချာဂနစွာ ပြောဆိုခြင်း။
စိတ်ချမ်းသာစေဖို့ နည်းလမ်းကောင်းများ
စိတ်ချမ်းသာမှုဆိုတာ အလုပ်လုပ်နေတာပဲ။ စိတ်ချမ်းသာမှုဟာ စီးဆင်းနေသော စမ်းချောင်း နှင့်တူတယ်။ကြည်လင် သန့်ရှင်းနေတယ်။ ညစ်ပတ်နေတဲ့ ရေအိုင် မဟုတ်ဘူး။
 စိတ်နှလုံးကောင်းနှင့် ပြောဆို လုပ်ကိုင်နေသော သူတွေရဲ့ နောက်ကို ချမ်းသာခြင်းနဲ့ စိတ်ကောင်းတွေက အရိပ်ပမာ လိုက်လာတာပဲ။ စိတ်နှလုံးကောင်းက အရေးကြီးလှတယ်။
 စိတ်ဟာ ကံတရားကို ဖန်တီးတဲ့ အရှင်သခင်ပဲ။လူ့စိတ်ဟာ ကံတရားကို ဖန်တီးပါတယ်။ ကံတရားကို ဖန်တီးတဲ့ အတွက် ကုသိုလ်၊အကုသိုလ်ကိုလည်း ဒီကံတရားကပဲ ဖန်တီးသွားတယ်။
 စိတ်ကောင်းရှိဖို့ ပထမ လို့ ကျေးဇူးရှင် မဟာဂန္ဒာရုံ ဆရာတော်ကြီး ရှင်ဇနကာဘိဝံသက အထပ်ထပ် မှာကြား ဆိုမိန့်ခဲ့တယ်။
 အကုသိုလ်စိတ်တွေ များလာရင် လူတွေ ရောဂါများကြတယ်။ အသက်တိုကြတယ်။ စိတ်ဆင်းရဲ ကြတယ်။
 စိတ်ဆင်းရဲတယ် စိတ်ဆင်းရဲတယ်နဲ့ ညဉ်းတွားနေခြင်းက စိတ်ကို ပိုပြီး ဆင်းရဲစေပါတယ်။
 စိတ်ဆင်းရဲရင် စိတ်ကို ပြင်ရမှာဖြစ်တယ်။စိတ်အာရုံကို ဇွတ်အတင်းပြောင်းရမှာ ဖြစ်တယ်။ ညစ်နေတဲ့ အာရုံကနေ သစ်တဲ့ အာရုံကို ပြောင်းရမယ်။
 ကိလေသာတွေကို အရာမ၀င်ပါနဲ့။ အရောဝင်ရင် အရိုအသေတန် ရောင့်တက်လာပြီး အကုသိုလ်စိတ် ၀င်လာ ပါလိမ့်မယ်။ သောက ၊ဒေါမနဿ၊ပရိဒေ၀၊ဥပယာသ တရားတွေဟာ စိတ်ကို ထုနှက်ချေမှုန်းတဲ့ လက်နက်တွေပါ။ အဲဒီစိတ်ထု လက်နက်ကိုင်စွဲရင် အကုသိုလ်စိတ်တွေ ၀င်ပါ တယ်။
 လူတိုင်းဟာမှားတတ်ပါတယ်. အမှားနဲ့ကင်းတဲ့လူဆိုတာမရှိပါဘူး။ စိတ်ကျန်းမာရေး မကောင်းသူတွေမှာ မနာလိုစိတ်တွေပိုပြီး ပြင်းထန်အားကြီးတယ်။ မနာလိုစိတ်ဟာ ဆင်းရဲသူမှာရော ချမ်းသာသူမှာရော ရှိတယ်။ပညာတတ်သူရော ပညာမတတ်သူ မှာရော ရှိတယ်။မနာလိုစိတ်ဟာ ကိုယ်တိုင်လည်း နိမ့်လျှောကျဆင်းဖို့ ရှေ့ပြေးစိတ်ဖြစ်ပါတယ်။
 ဒါကြောင့်စိတ်ကို တန်ခိုးကြီးကျယ်အောင် ထူထောင်မွေးမြူရမယ့် အချက်ငါးချက်များကို ဖော်ပြလိုက်ပါတယ်..
 ၁။စူးစူးစိုက်စိုက် ယုံကြည်ခြင်း။
 ၂။အစွဲအမြဲထင်ခြင်း။
 ၃။ရည်မှတ်ကြံရွယ်သော အတိုင်း ပြီးစီးထမြောက်အောင် အဓိဋ္ဌာန်ခြင်း။
 ၄။အမှန်ကိုသာ ပြုလုပ်ပြောဆိုလေ့ရှိခြင်း။
 ၅။စိတ်၏ တည်ကြည်ခြင်း
ဆိုတဲ့ အချက်ငါးချက်ဖြစ်တယ်။
ဘယ်လိုပဲထက်မြတ်တဲ့ဓားဖြစ်ပါစေ. စိတ်ရဲ့ထက်မြက်မှုကိုတော့မမှီပါဘူး။ စိတ်ချမ်းသာမှ ကိုယ်ကျန်းမာပြီး ကြည်လင်ပြတ်သားတဲ့ အတွေးများနှင့် နေထိုင်ပြုမူဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒေါကြောင့်စိတ်ကြည်လင်ချမ်းသာမယ့် အတွေးများကို တွေးပြီး စိတ်ကောင်းရှိအောင် နေထိုင်ပြော ဆိုပြုမူမယ်ဆိုရင် လောကကြီး တစ်ခုလုံးဟာ သာယာလှပနေမှာမလွဲဖြစ်ပါတယ်…
စိမ်းချမ်းသာစေဖို့ အတွက်နည်းလမ်းကောင်းများ
မိမိကိုယ်တွင် စိတ်ကျရောဂါ မ၀င်ရောက်စေဘဲ ရင့်ကျက်သော သဘော ကာယနှင့် ကြံ့ခိုင်တည်ကြည်စွာ နေနိုင်သောနည်းများကို စိတ်ပညာ ဆိုင်ရာ သုတေသန ပညာရှင်များက အချိန်ယူ လေ့လာခဲ့ပြီး ဖော်ထုတ်ထားခဲ့ကြသည်. .. ထိုနည်းများကား သိပ္ပံနည်းကျ၍ စိတ်ကျရောဂါ မ၀င်နိုင်အောင် ဟန့်တားနိုင်စွမ်းရှိကြ သဖြင့် စိတ်ကျန်းမာခြင်းကို အလိုရှိသူတိုင်း လိုက်နာသင့်ကြပါသည်. . .
ယင်းနည်းလမ်းကောင်းများမှာ-
၁။ တုံ့ပြန်မှုတိုင်းကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်အောင် လေ့ကျင့်ထားပါ။
၂။ လူသားတစ်ဦး၏ တာဝန်ဝတ္တရားနှင့် လွပ်လပ်မှုကို ခွဲခြားနားလည်ပါ။
၃။ ရယူလိုသောစိတ်ထက် ပေးခြင်းကို ပို၍ ဦးစားပေး မွေးမြူပါ။
၎။ ပြိုင်ဆိုင်ခြင်းထက် အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်အောင် သတိပြုပါ။
၅။မိမိရရှိထားသောဘ၀နှင့် အပ်စပ်ဆီလျော် ထိုက်တန်သလောက်သာ ရယူသုံးစွဲတတ်သော စိတ်ကို ပျိုးထောင်ပါ။
၆။ ခေတ်မှီခြင်းသည် အတိုင်းအတာ တစ်ခုအတွင်း၌သာ တင့်တယ်လျှောက်ပတ်ကြောင်းကို နားလည်ထားပါ။
၇။ ထူးထွေဆန်းပြားသော အရာများအပေါ် ညွတ်တတ်သော အာရုံများကို ထိန်းသိမ်းစောင့်ရှောက်ပါ။
၈။မိမိဘ၀ တိုးတက်ကြီးပွားအောင် အစဉ်ကြိုးစားနေရမည် မှန်သော်လည်း လက်ရှိရထားသော ဘ၀အခြေအနေ ကို ၀မ်းမြောက်ဝမ်းသာ လက်ခံပြီး ဖြစ်သမျှ ၊ ရှိသမျှအပေါ် ရောင့်ရဲ ကျေနပ်တတ်သော စိတ်ကို မွေးမြူပါ။
(၉)အလိုရမ္မက်ကြီးမှု၊ ပြိုင်ဆိုင်မှု၊ ဂလဲ့စားချေမှု၊ တစ်ကိုယ်တော် ပလွှားလိုမှုတို့သည် နိမ့်ကျညံ့ဖျင်းသော စိတ်ဓာတ်များ ဖြစ်ပြီး ကြင်နာခြင်း၊ မေတ္တာထားခြင်း၊ အများကောင်းစားသည်ကို ၀မ်းမြောက်ခြင်း ၊ ခွင့်လွှတ်သည်းခံခြင်းတို့သည် အပြု စိတ်ထား အရည်အချင်းများ ဖြစ်သည်ကို နားလည်သဘောပေါက်ပါ။
(၁၀) စိတ်ကူးယဉ်ဘ၀ထက် လက်တွေ့ဘ၀ကို စိတ်ဝင်စားပါ။
(၁၁) မိမိဖြစ်စေချင်သလို မဖြစ်၊ မဖြစ်ချင်သော်လည်း ဖြစ်လာတတ်သော လောကဓမ္မတာသဘောကို လက်ခံ၍ မိမိသဘောအတိုင်း ဖြစ်မလာသည့်အခါ ကျေနပ်စွာနေနိုင်သော စိတ်မျိုးအတိုင်းမွေးမြူပါ။
သို့မှသာလျှင် ရခဲလှစွာသော လူ့ဘ၀ကို ရလာသူတိုင်းသည် အသက်ရှင်နေထိုင်ရသော သုခတို့ဖြင့် ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်နိုင်ကြမည် ဖြစ်ပါသည်။
Tuesday 5 October 2010
My Love and Me,anniversary!
On this anniversary day,
I want to tell you my wishes upon you.
I want you to keep me safe.
I want you to secure the premises.
I want you to make me feel so much safer.
I want you to hold me tightly when I feel scared.
I want you to unzip my dress.
I want you to teach me things I have never known before.
I want you to be my professional man.
I want you to crazy about me.
I want you to adore me.
These all I want because I want to be your dreamgirl of your whole life.
Let me be your woman Mg.
          "I LOVE YOU, MG."
Please always spice up my LIFE with your LOVE.
Anniversary Of Our Love Day(ချစ်သူများနေ့ အမှတ်တရ)
ချစ်ရတဲ့  မ..ရေ
မောင်တို့နှစ်ယောက်ရဲ့
ရင်ခုန်သံတွေကို ထပ်တူပြု
နှလုံးသားသံစဉ်တေးတစ်ပုဒ်နဲ့
ချစ်ခြင်းတည်ဆောက်ခဲ့တာ
အခုဆို...
အဲဒီနေ့ (၆)ရက်နေ့ လေးကိုရောက်ခဲ့ ပြန်ပီနော်...။
တကယ်ဆို...
မောင်တို့ရဲ့ နှစ်ပတ်လည်မဂ်လာမြောက်နေ့မှာ
မောင့်ရဲ့နွေးထွေးတဲ့ရင်ခွင်ထဲမှာ
မကို ထွေးပွေ့ထားချင်နေရဲ့
သို့သော်ငြားလဲ...
အခြေနေမပေး ဒီဘ၀ရေးကြောင့်
ချစ်သူအဝေး မျှော်ကာငေးရင်း
လွမ်းနေရတဲ့ ဒီမောင့်ဘ၀ကို
မနားလည်ပေးပါ..။
အချစ်စစ်တို့မည်သည်
ဖြူးဖြောင့်လမ်းသွယ် မရှိသော်လည်း
မောင့်ရဲ့အချစ်
မောင့်ရဲ့ သံယောဇဉ်
မောင့်ရဲ့မေတ္တာ
မောင့်သစ္စာ အား
ယနေ့မှစ၍ လာမည့်
နှစ်တစ်ရာ
အဓွန့်တည်တံ့ရှည်စေသော်....။
ချစ်သူအတွက် ...အမှတ်တရ....ကေခိုင်ပျော်ရွင်ပါစေ။
သိပ်ချစ်ရတဲ့ မောင်။
Monday 4 October 2010
မ ကို သိပ်ချစ်တယ်
ချစ်တယ်
သိပ်ချစ်တယ်
အရမ်းကို ချစ်ပါတယ်ကွယ်
ဒါဟာ မောင်.ပြောနေကြစကား...ရိုးဆင်းနေပါတယ်.ဆန်းပြားနေပါတယ်
ဒါပေမယ့်.. မောင်တို့ နေလို လလို ချစ်ကြပါတယ်။
ချို...ပြင်း...စူး...ရှ
မ  ကိုယ်နံ့တွေ
အိမ်ပြန်ဖို့ ခြေဦးမလှည့်ပါနဲ့ဦး
မောင်ပြောဖို့ စကားတခွန်း ကျန်နေလို့
‘မောင်  မကို သိပ်ချစ်တယ်’ ။
တိုး...ညှင်း...ပျောက်...ရှ
မောင့် စကားသံတွေ
လေယူရာမသယ်ဆောင်နိုင်ခဲ့ရင်
မ… ရင်… နှလုံးသားနဲ့ ကြားနာပေးပါ
‘မောင်  မကို သိပ်ချစ်တယ်’
လောင်… ကျွမ်း…ပြာ…ကျ
အချစ်ဆိုတာ
မီးလျှံတစ်ခုတဲ့လား
မောင် သေအောင်.. လောင်ကျွမ်းသွားသည့်တိုင်
ကမ္ဘာတည်သ၍ ရှိနေမယ့်စကား
‘မောင် မကို သိပ်ချစ်ပါတယ်’
ဒီ…လို…လေး….ပဲ
ယုံကြည်ပါ
မောင်နဲ့ စကားလုံးများရဲ့အကြား
မနဲ့ မောင့်နှလုံးသားရဲ့အကြား
ဘာမှမှားစရာမရှိဘူး ..
မ..ရေ။
သိပ်ချစ်ရတဲ့ ကေခိုင့်အတွက်(မောင်)
သိပ်ချစ်တဲ့ မ အတွက်
မ..ရေ...
ညီမျှခြင်း ချချင်တဲ့ အခါ မျဉ်းပြိုင်ရထားလမ်းဟာ တနေရာမှာ ကွေးကောက်သွားနိုင်တာပဲ ၊ ထိုအခါ သံလမ်းရဲ့ အဓိပ္ပါယ် လျော့ပါးသွားမလား ၊ လှမ်းငေးမိတဲ့ အခါ ကတုန်ကရင်နဲ့ ၊ အဆုံးမရှိတဲ့ လွင်ပြင်ကို လှမ်းမျှော်လိုက်ရသလို ၊ ရင်ထဲ မောကျ ၊ မြက်ခင်းစိမ်းတွေတောင် မောင့် သက်ပြင်းချသံကြောင့် ယိမ်းယိုင်လှုပ်ယမ်း အစိမ်းရောင် လျော့သွားရတယ် ၊ အတိတ်ကို မတွေးနဲ့ မ ၊ အဝေးကိုမငေးနဲ့ မ ၊မောင် က မ ဘေးနားမှာ ၊ စစ်သူကြီးရဲ့ အောင်နိုင်ခြင်းနဲ့ ဘေးက ငယ်သားကို ငဲ့ကြည့်လိုက်သလို တချက်လေးပဲ ၊ အဲဒီ တချက်လေးကပဲ ကြုံတွေ့လာမဲ့ ကြမ်းကြုတ်သားရဲတွေကို မပင်မပန်း တိုက်ခိုက်အနိုင်ယူလိုက်တဲ့ ခွန်အားလည်းဖြစ်တယ် ၊ အိပ်စက်အနားယူစဉ် အိပ်မက်တွေကို ချိုမြစေမဲ့ စွမ်းအင်လည်းဖြစ်တယ် ၊ မနက်ဖြန် နေထွက်စဉ် မ ကို တစ်ကြိမ်မြင်တွေ့ဖို့ မျှော်လင့်မိမဲ့ အတွေးလည်းဖြစ်တယ် ၊ ဘ၀ဟာ ဘာလဲ မ ၊ အခြေအနေတွေ မတူ ၊ ရပ်တည်မှုတွေမတူ ၊ နေရာဒေသတွေမတူ ၊ နောက်ဆုံး ဖြစ်တည်မှုတောင်မတူညီမှတော့ လှပစွာ လက်နက်ချအညံ့ခံခြင်းတဲ့ ၊ အဝေးမှာ ဧရာဝတီ ဟာ လှပစွာစီးဆင်းဆဲ ၊ တိုးတိုက်နေတဲ့ ယဉ်ကျေးမှုတွေလည်း ကဗျာဆန်နေဆဲ ၊ ကခုန်နေတဲ့ မျိုးဆက်တွေ ၊ စံမြန်းနေတဲ့ မျိုးဆက်တွေ ၊ ကျဆင်းနေတဲ့ မျိုးဆက်တွေ ဟိုးအနောက်မှာ ဒါတွေဟာ ၊သူရဲကောင်းမဆန်ပါဘူး ၊ စစ်ပွဲခရာသံကို မမှုတ်ခင်မှာပဲ မ ရဲ့ ရှေ့မှာ အရာအားလုံး ပစ်ပုံလို့ ၊ တလူလူ လွင့်နေတဲ့ အလံဟာ မနေ့တုံးက အောင်မြင်ခြင်း အိပ်မက်မက်ခဲ့သူဖြစ်တယ် ၊တရွေ့ရွေ့နဲ့ ရှေ့ဆက်ပြီးတော့  ၊ တူညီတဲ့ အိပ်မက် ၊ ခရီးတွေ တစုတစည်းထဲ မောင်းနှင်လို့ လှုပ်ရမ်းသွားတဲ့ ဆံနွယ်တွေကြားထဲ မနေ့တုံးက ချစ်သူအနမ်းအကြောင်း စဉ်းစားနေမလား ၊ နေမထိထိုင်မသာ အောင် စ သွားတဲ့သူကို တိုးတိုးလေး ဆိုးစိတ်တိတ်တိတ်ရယ်နေမလား ၊ ဘာနဲ့မှ နှိုင်းယှဉ်စရာ မရှိပါဘူး ၊ မ အနားကို ဖြတ်တိုက်လာတဲ့ လေပြေက အစ အေးမြနေသယောင် ၊ ဒဿဂီရိ ကိုတောင် ဖမ်းစားခဲ့တဲ့ အချစ် ၊ သီတာဒေ၀ီ ကို ပထမဆုံးအကြည့်မှာ တကြိမ်တခါတော့ ပြုံးရယ်မိမှာပဲ ၊ ချစ်တတ်သူကိုအပြစ်မတင်ပါနဲ့ မရယ် ၊ ချစ်တတ်သူရဲ့ အကြည့်မှာ ရောင့်ရဲတင်းတိမ်နိုင်ခြင်းမရှိစွမ်းပါ ၊ မထိုက်တန်သူ ဟာ အဲ့ဒီ မထိုက်တန်မှုကို ရင်ခွင်ထဲထည့်လို့ သေဆုံးချိန်အထိ ဖက်တွယ်လို့ ဘယ်သူများမြင်နိုင်စွမ်းလဲ ၊ မာရ်နတ်ရဲ့ ပဉ္စလက်ပြကွက်တွေကို မမှုတော့ပါ ၊ အဲဒီ မထိုက်တန်မှုဟာ ဗန်ဂိုးရဲ့ ခန္စာကိုယ်ထဲက ကျည်ဆံတတောင့်လဲဖြစ်တယ် ၊ ချစ်တတ်သူကို ရိုင်းစေတဲ့ ရင်မှာ သောနုတ္တရ ရဲ့ ခုနှစ်နှစ် ခုနှစ်လ ခုနှစ်ရက် မြှားဒဏ် လဲပါလိမ့်မယ် ၊ ဥပက္ခာ ပြုခြင်းတဲ့ ၊ သုံ့ပန်းဟာ အချစ်နန်းတော်မှာ ပျော်ရွှင်စွာနေထိုင်တယ် ။
ဒီလိုပဲ ..မောင့်အတွက်တော့ မနဲ့ အတူဖြတ်ကျော်နေတာဟာ.ဘာနဲ့မှအစားထိုးလို့ မရနိုင်တဲ့အချိန်တွေကိုကျော်ဖြတ်နေသလိုမျိုး သိပ်ကိုအဖိုးအနဂ္ဂထိုက်တန်တဲ့ ရတနာတွေကိုရလိုက်သလိုမျိုး
အရမ်းကျေနပ်ပီတိဖြစ်ရပါတယ်။ဘာဖြစ်ဖြစ် မောင်က မအတွက်အမြဲတမ်းဘေးနားကရှိနေမယ့် တစ်ယောက်တည်းသော ချစ်သူပါ။ထာဝရအတူ တသက်မခွဲ ရှေ့ ဆက်ကြပါစို့ ...မရေ။
သိပ်ချစ်တယ် လို့ အကျယ်လောင်ဆုံးပြောလိုက်ပါရစေ.............................................................................................။။။။။။။။။။
Sunday 3 October 2010
LOVE is WATER
When your skin is shine, it is because of water you drink everyday.
When your look is glowing with vitality, it is because of Love you receive everyday.
When I look stunning every minute of a day, it is because of you who I love the most.
Having the correct water balance in the body helps to reduce acid.
Having a correct love balance your life to reduce bad things.
Water replenishes, cleanses, rejuvenates and restores your energy.
Love fills  you up with joy, cleans annoying things from your soul, restores your youthful vigor.
Love is the most important item in life to detox your bad mood and energize you to face all difficulties.
I can face every hardship by wearing my sweetest smile because of my Love, Mg who  gives his all kinds of Love to me everyday.
Water is wonderful and Love is wonderful too.
Do you need any more reason to  drink water a lot and love as much as you can to your loved ones?
For me, I do not need any reason to Love my angel MG:)
I love him because I am sure that he keeps me looking brighter and fresher for a lot longer by his Love.
မ ဟာကျွန်တော်ရဲ့နတ်သမီး
ချိုမြိုန်လှပတဲ့ ကျွန်တော်ရဲ့ နတ်သမီးလေးရေ
ဟိုးအမြင့်ဘုံကနေ  စေလွှတ်လိုက်တာလား
မကို တွေ့ ခွင့်ပေးလို့ သိပ်ကိုကျေးဇူးတင်ပါတယ်
ကျွန်တော်အချစ်တွေအားလုံးကို မကို ပေးလိုက်ပြီ
မဟာကောင်းကင်ဘုံကလာတဲ့သူပဲဖြစ်ရမယ်
မမှာသိပ်ကိုလှပတဲ့
နတ်သမီးမျက်လုံးလေးတွေရှိလို့ ပေါ့
အဲဒီမျက်လုံးလေးတွေနဲ့ 
စိုက်ကြည့်လိုက်တဲ့ အချိန်တိုင်း
ကျွန်တော့် နှလုံးသားတွေဟာ
လေထဲမှာ ၀ဲပျံသွားတယ်။
ကျွန်တော်ရဲ့ နားထဲမှာဆည်းလည်းသံလို
အဆက်မပြတ် တီးခတ်နေပါတယ်.........
ကျွန်တော်ဘေးမှာ မ ရှိနေတဲ့အခါ
အကြောက်တရားတွေကို ကျော်လွန်နိုင်တယ်။
ကျွန်တော်နဲ့ မ နဲ့  အတူတူရှိတဲ့အချိန်တိုင်း
မက ကျွန်တော့်ကို ကောင်းကင်ဘုံက
လာတဲ့အလင်းတန်းတွေလို ပဲ
တောက်ပမှုတွေ နဲ့လင်းလက်စေပါတယ်
ကျွန်တော်စိတ်ဓာတ်ကျနေတဲ့အချိန်တွေတိုင်း
လှပတဲ့  မရဲ့ မျက်နှာလေးက
အားအင်တွေအဖြစ်ပြောင်းသွားစေပါတယ်။
ကောင်းကင်ဘုံက နတ်သမီးလေးတပါးပျောက်သွားတယ်
ကျွန်တော်ဘေးနားမှာ မ ရှိနေလို့ ပေါ့
မ က အရမ်းချိုမြိန်တယ်။
လှပလွန်းတဲ့  ကျွန်တော်ရဲ့ နတ်သမီး
အဆုံးမရှိတဲ့အချစ်တွေနဲ့ ကျွန်တော်ချစ်သွားမယ်။
ချစ်သူခံစားသီကုံးရေးဖွဲ့ သည်။(03.10.2010)
DEEPLY IN LOVE
From the moment I wake up
ti'll the time I go to sleep.
Even in my dreams 
my love for you runs deep.
It runs deeper than the ocean
It runs deeper than the sea.
Each day that I miss
I will make it up time three.
If it takes my whole life 
ti'll the day I pass away.
I'll make sure to keep you happy
each and every day.
When I finally get to see you
your beautiful face aglow.
I'm going to hold you in my arms 
and never let you go.
The day I get back home
I won't know what to do.
But one thing I do know
Im still "Deeply In Love "with you