Friday 6 May 2011
Anniversary
ပြာလွင်သောမိုးကောင်းကင်တခိုဝယ်  မီးခိုးရောင်တိမ်တိုက်တို့  နေမင်း၏ အလင်းရောင်အား
ဥတုရာသီအလိုက် ကျက်စားနေကြသော ကျေးငှက်ကလေးများကလည်း ဟိုမှသည် သည်မှဟို သို့ 
ဥဒဟို ပျံသန်ရင်း အစာရှာထွက်နေကြလေသည်။
ရာသီဥတု မိုးရာသီဟု သီးသန့် မရှိသော်လည်း မိုးကလေးများ တစ်ဖွဲ ဖွဲကျပြီး ပတ်ဝန်းကျင်တခုလုံး
စိမ်းစိုနေသည်မှာ မြင်ရသူအဖို့ စိတ်ကြည်နူး မျက်စိပဒသာဖြစ်စေလှသည်။
အခုလို ကြည်နုးသာယာနေသော အချိန်ဝယ် ကျွန်တော့် စိတ်တွင်လည်း ကြည်နူးပီတိဖြစ်နေပါသည်။
မည်သို့ သောအကြောင်းများက ကျွန်တော့် အားကြည်နုးပီတိဖြစ်စေပါသနည်း?း)
ယနေ့ သည် ကျွန်တော်တို့ ချစ်သူ နှစ်ဦးအတွက် ပျော်ရွှင်စရာ နှစ်ပတ်လည်နေ့ လေးတစ်နေ့ ပင်။
တစ်ယောက်ကို တစ်ယောက် နားလည်မှု့  ချစ်ခြင်းများဖြင့် 
စဉ်ဆက်မပြတ်စီးဆင်းနေသော ကျွန်တော်တို့ နှလုံးသွေးများက ချစ်ခြင်းတရားများကို
နွေးထွေးမှု့ ဖြင့် လှည်ပတ်စီးဆင်းနေသည်မှာ  ချစ်ခြင်းတရားကို ပိုမိုခိုင်မြဲစေသည်ဟု ယုံကြည်ပါသည်။
တခါတရံ စစနောက်နောက် တခါတလေ တည်တည်တံ့ တံ့ မျိုးစုံလှသော ကျွန်တော့် ချစ်သူ၏
အမုယာများက ကျွန်တော့် အား ပြဇာတ်တစ်ပုဒ်အားကြည့်ရှု့ အားပေးနေရသည့် ပွဲကြည့်ပရိတ်သတ်အလား၊
ရုံးသွားချိန် အိမ်ပြန်ချိန် အပြုံးလေးများဖြင့် အနမ်းများကလည်း တစ်မျိုးတစ်ဖုံ ကြည်နှုးရသည်မှာ
ငယ်ငယ်က စီးရသော ရဟတ် စီးရသည့် ရင်ခုန်သံများလားဟုပင် ထင်မှတ်မှားရသည်။
ရုံးသွားချိန်တစ်ယောက်တည်း ကျန်နေသော စိတ်များက
 နွေအကူး လေရူးများတိုက်ခိုက်ပြီး
သရက်ဖူးလေးများ  လှုပ်ရမ်းခါ၊
လက်ပံပင် မှ လက်ပံပွင့်တို့ ကြွေကျ၊
 လေပွေလေလှိုင်းတို့ က အောက်မှအထက်သို့ 
ပူပြင်းခြောက်သွေ့ နေသော နွေအလယ်မှာ
တကိုယ်တည်း အထီးကျန်ခြင်းမျိုးကဲ့ သို့ ပင် ။
ထို့ ကဲ့ သို့ အချိန်လေးများကိုကို ချစ်သူဖုန်းသံကို ခေါ်ရင်းကုန်ဆုံးစေခဲ့ ခြင်းဖြင့် အလွမ်းများကို
ဖြေသိမ့်နေရသည်မှာ ပျော်ရွှင်စ၇ာများပင်။
မည်သို့ ပင်ဖြစ်စေ
ကျွန်တော်တို့ နှစ်ပတ်လည်နေ့ လေးမှသည် နောက်နှစ်ပေါင်းများစွာတိုင်အောင်
လူမျိုး ဘာသာ သာသနာ အကျိုး ကို နှစ်ဦးအတူတကွ ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာဖြင့်
အားပေး ကူညီ လုပ်ဆောင်ပေးရင်းဖြင့် ကျွန်တော်တို့ ချစ်ခရီးလမ်းလေးကို
ဆက်လျှောက်လှမ်းကြပါအုံးမည်။
သိပ်ချစ်ရသောချစ်သူအတွက် အနမ်းများအား ဘလောဂ်မှတဆင့်ချန်ထားခဲ့ သည်။
(မောင်)