Monday, 6 December 2010
ဇာတ်ကားကြည့်ခြင်းမှဖြစ်ပေါ်လာသော အတွေးပီတိတစ်စ
ည
တိတ်ဆိတ်နေသောအခန်းထဲဝယ် ကျွန်တော်တစ်ယောက်တည်း ချစ်သူနဲ့ စကားပြောပြီးအချိန်သကာလ
အချိန်ခနအနည်းငယ်မျှ စာကြည့်ပြီးလျှင် အပန်းဖြေစရာတခုခုအတွက် တစ်ခါမှမကြည့်စဖူး သောဇာတ်လမ်း
မြန်မာဇတ်ကားတစ်ကားကိုကြည့်ဖြစ်မိသည်။
ဇာတ်ကား ဆိုလျှင် သိပ်ဝါသနာမပါတတ်သော ကျွန်တော်အဖို့ အချိန်ပေးပြီးကြည့်ရသောအလုပ်ကို
ဟာသာဇာတ်ကားမှလွဲပြီး ကျန်သောဇာတ်ကားကိုသိပ်မကြည့်ဖြစ်လှပါ။သို့ သော်လည်း
ခနတဖြုတ်ကြည့်မိလိုက်သောဇာတ်ကားမှ အင်မတန်စိတ်ကြည်နူုးဖွယ်ကောင်းလှသော
ဇာတ်ကွက်တကွက်ကို သိလိုက်ရသောအခါရင်ထဲတွင်အတိုင်းမသိပီတိဖြစ်ခဲ့ရသည်မှာအမှန်အပင်
ဖြစ်ပါသည်။
မြန်မာဇာတ်လမ်း ဆိုင်း၏ အတီးမှာလည်းအင်မတန်မှပင် သာယာနာပျော်ဖွယ်ကောင်းလှပါသည်။
တစ်ခါတစ်ရံ ကျွန်တော်တွေးတောမိပါသည် ဘာကြောင့် ကျွန်တော်သည် လူငယ်ပီပီ
ခပ်ဟော့ဟော့ ဟစ်ဟော့များထက် မြန်မာသံစဉ်ကို ပိုနှစ်သက်နေပါသနည်းဆိုတာကို မေးခွန်း
ထုတ်မိပါသည်။သို့ သော် ကျွန်တော်မှာအဖြေဆိုတာရှာမရခဲ့ပါ။
အညာသား မကွေးမြို့ သားဖြစ်သောကြောင့်လားမပြောတတ်ပါ။
မည်သို့ ပင်ဆိုစေကာမု
ကျွန်တော်သည် အမိမြန်မာပြည်ကိုချစ်မြတ်နိုးသောစိတ် မျိုးချစ်စိတ် ရှိလှသည်ဟုထင်မြင်မိပါသည်။
ကျွန်တော်သည် လူကောင်းတစ်ယောက်မဟုတ်သလို လူတော်တစ်ယောက်လည်းမဟုတ်ပါ
ထို့ အတူပင် လူယုတ်မာလည်း မဟုတ်ပါ ။ကျွန်တော်သည် လူများထဲမှ သာမာန်လူတစ်ယောက်ဟုသာ
မိမိကိုကိုယ်မိမိ ထင်မြင်ယူဆထားပါသည်။
ကျွန်တော်ရေးသောအကြောင်းများသည် ကျွန်တော်ချစ်သူ နှင့် ကျွန်တော့်အတွက်သာသီးသန့်  ဖတ်ဖို့ ရေသားသည်ဖြစ်သော်ငြားလည်းခေတ်မှီဖွံ့ ဖြိုးတိုးတက်နေသော ခေတ်စံနစ်အခြေအနေ တစ်ရပ်နှင့်အညီ တစ်ဦးတစ်ယောက်လာရောက်ဖတ်ခဲ့သည်ရှိသော်နားလည်စေရန်အလို့ ငှာ ဦးစွာပဏာမ ပြောပြခြင်းမျှသာဖြစ်ပါသည်။
လူ့ ဘ၀ဟုသည်ကား အတ္တ ပရ စေတနာ ဟူသော စိတ်တို့ သည်ကား လူတိုင်းတွင် ရှိမည်ဟုထင်မြင်မိပါသည်။မိမိကိုကိုယ်ကို မိမိချစ်သောစိတ်၊ မိမိ၏ မိသားစုကို
ချစ်သောစိတ် ၊မိမိ၏မိဘ၊မိမိတိုင်းပြည်ကိုချစ်သောစိတ် ထို ကဲ့သို့ သောစိတ်များရှိကြသည်မှာ ဓမ္မတာပင်
ဖြစ်ပါသည်။ထို့ အတူပင် လူတစ်ယောက်ဖြစ်သော ကျွန်တော်သည်လည်း ထို့ နည်းတူစွာပင်ဖြစ်ပါသည်။၊
ကျွန်တော် ကြည့်ဖြစ်သောဇာတ်ကားမှာဘိတ်သိတ်ပြိုင်ပွဲတစ်ခုတွင် ဘိတ်သိတ်ဆရာနှစ်ယောက်၏
ဘ၀ကို ထင်ဟပ်ဖော်ပြထားပါသည်။တစ်ဦးမှာ စိတ်ကောင်းမွန်လှပြီးအောက်သက်ကြေသူအဖြစ်
ဖော်ပြထားပါသည် တစ်ဦးမှာမာန်မနာထောင်လွားသူအဖြစ်ဖော်ပြထားပါသည်။သူတို့ နှစ်ဦးပြိုင်ပွဲဝင်သော
အခါတစ်ဦးက မာန်မာနာတရားထောင်လွားပြီး ဘာမထီသောစိတ်ဖြင့်ယှဉ်ပြိုင်ကာနောက်ဆုံးသံဝေဂ
တရားရပြီးမိမိ၏အမှားကိုသိရာမှာ အားလုံးစိတ်ချမ်းသာစေသောအကြောင်းသာဖြစ်ပါသည်။
လူတိုင်းတွင် အမှားဆိုသည်မှာ အမြဲတမ်းဒွန်တွဲလျှက်ရှိပါသည်၊ မိမိအမှားကို အမှန်ကိုသိပြီးပြုပြင်နိုင်
မှသာလျှင်လူတော်လူကောင်းဘ၀ကို ရောက်ရှိမည်ဖြစ်ပါသည်။ကျွန်တော်သည်လည်းကြိုးစားနေဆဲပင်
ဖြစ်ပါသည်။ဇာတ်ကားအဆုံးတွင်ရေးထားသောစာမှာကား .
ပြိုင်ပွဲထုံးစံ
ရှုံးမခံလည်း
နိုင်ပြန်အရှုံး
ဇာတ်မဆုံးဘူး
အမုန်းသံသရာ လည်ကြပြီ။
အမှန်ကိုမြင်
အမှားပြင်မှ
ကင်းစင်မာန
အတ္တမပါ
သာယာအေးချမ်းရှိလေပြီ။
ဟု ဆိုင်းပညာရှင် မန္တလေး စိန်တင်ဟန်မှ ရေးသားဖော်ပြထားပါသည်။
လူများပြိုင်ဆိုင်မှု ရှိပင်ရှိသော်လည်း အမှားကိုပြင်ဆင်ပြီး အမှန်တရားလက်ကိုင်ထား
အမုန်းမပွားစေလိုသောကြောင့် ဟုထင်မြင်မိပါသည်။
ထိုသည်ကား ဇာတ်ကား မှပေးသော အချက်လက်မျှပင်။
ကျွန်တော်ပီတိကား ....
ဇာတ်ကားအဆုံး သရဏဂုံ သုံးပါးအားပုဇော်သောအသံအားကြားလိုက်ရပါသည်။
စစ်ကိုင်းတောင်ရိုးမှ သံဃာတော်များ သစ်ပင်တန်းလေးများအောက်မှ
သပါယ်စွာဖြင့် ဆွမ်းခံကြွလာပါသည်။
မြန်မာဆိုင်းသံဖြင့် သံဃာတော်များဆွမ်းခံကြွလာသည်ကိုမြင်သောအခါ နောင်တစ်ချိန်တွင် ကျွန်တော်သည်လည်းကျွန်တော်ချစ်ရသော ချစ်သူနှင့်အတူ ထိုကဲ့သို့ အလှုကြီးမျိုး ပေးချင်မိသောစိတ်အစဉ်မှာတားစီးမရအောင်ဖြစ်မိပါသည်။
ကျွန်တော့် ချစ်သူအား အလှု့ ဒါယိကာအမအဖြစ်မြင်ချင်သလို ကျွန်တော်သည်လည်း
အလှု့ ဒါယိကာအဖြစ် အတူတစ်ကွလှုဒါန်းချင်မိပါသည်။
ကျွန်တော်ထိုမျှသာပင်ရေး ပါသည်။
စိတ်ရွှ့င်လန်းချမ်ြးေ့မ့ကြပါစေ.။
ချစ်သူစိတ်ချမ်းသာပါစေ။
(မောင်)
Labels:
ပီတိ
Subscribe to:
Post Comments (Atom)
May God bless us more and more.
ReplyDeleteမ လည်းထို့ အတူပါပဲ...ထပ်တူထပ်မျှပါပဲ အသဲရေ..
ReplyDelete