ဘာလို့ လည်းဆိုတော့ သူမ နဲ့ ပတ်သက်လာရင်အမြဲတမ်းရင်ခုန်နေလို့ မလို့ ပါ။
ဘ၀မှာ တစ်သက်မှတစ်ခါဆိုသလိုပဲ လူတိုင်းအချစ်နဲ့ မကင်းတတ်ကြပါဘူး။
အချစ်နဲ့ ဘ၀ဆိုတာတခါတည်းတွဲပါလာလို့ ပါ။ဘ၀ဆိုတဲ့ ဖြစ်တည်မှု့ ပေါ်လာရင်
အချစ်ဆိုတာလည်းဘ၀နဲ့ တခါတည်းတွဲပါလာပါတယ်။အဲသလိုပဲ ကျွန်တော့်မှာလည်း
ဘ၀ဆိုတာဖြစ်တည်လာပီမို့ အချစ်ဆိုတာလည်းဖြစ်ပေါ်လာခဲ့ရပါပြီ။
ဘ၀ရဲ့ အစက အမေမွေးကတည်းကဆိုပေမယ့်
ကျွန်တော့်အတွက်တော့အခုမှဘ၀ကစတာလို့ ပြောလို့ ရပါတယ်
ဘာလို့ လည်းဆိုတော့ သူမ အတွက်ပေးဆပ်ထားတဲ့ အချစ်တွေက အတိုင်းအဆမဲ့ နေလို့ ပါ
အတိုင်းအဆမဲ့ နေတဲ့အချစ်တွေက ဘ၀ကိုအဆုံးဖြတ်ပေးနေလို့ မလို့ ကျွန်တော့်ရဲ့ ဘ၀က
အခုမှစတာပါလို့ ပြောရတာပါ။
ရှေ့လျှောက်လာမယ့် ကျွန်တော့်ဘ၀ရဲ့ ဖြစ်တည်မှု့ အားလုံးကသူမတစ်ယောက်တည်းအပေါ်မှာသာ
မူတည်နေတယ်လို့ ရုးမိုက်စွာနဲ့ ပြောချင်ပါတယ်။ဘာကြောင့်လည်းလို့ မမေးပါနဲ့ 
အားလုံးသိတဲ့ အချစ်ဆိုတာကြောင့်ပါပဲ။သို့ သော်လည်း အချစ်ရူးလားလို့ မေးရင်လည်း
အချစ်ရုးတာတော့ မဟုတ်ပါဘူးလို့ .သိပ်ချစ်လို့ ရူးရူးမိုက်မိုက်ချစ်သွားတာပါလို့ 
စကားကိုမလည်ရှုပ်နဲ့ ဖြေရပါလိမ့်မယ်။
လူတစ်ယောက်က အနာဖြစ်နေတာကို ဒုတ်ကျလာရင် နာတတ်ကြပါတယ် ။
ထို့ အတူပဲ ကျွန်တော်လည်း ခဲမှန်ဘူးတဲ့စာသူငယ်လိုပါပဲ
ချစ်သူအပေါ်ကို ချစ်မြတ်နိုး ပိုင်ဆိုင်ချင်တဲ့စိတ်တွေပေါ်လာတာနဲ့ အမျှ
တခါမှမမြင်ဘူး မတွေ့ ဘူးသော စိုးရိမ်စိတ်တွေကို ပိုင်ဆိုင်လာရပါတော့တယ်။
တိုက်ပွဲ တွေအပြင်မှာ လက်တွေ့ ကြုံခဲ့ ရပေမယ့် ဒီလိုမျိုးသာ သတိနဲ့ ယှဉ်ပြီး
လုပ်ခဲ့မယ်ဆိုရင် အောင်ပွဲရတဲ့ တို့ စစ်သည်ဖြစ်နေလောက်ပါပြီ။
ဘာလို့ လည်းဆိုတော့ သူမ နဲ့ ပတ်သက်လာရင် အမြဲတမ်း အသေးအဖွဲကစ
အားလုံးကို လိုက်ကြည့်နေတတ်တဲ့အကျင့်တွေရှိနေလို့ ပါပဲ။
ဒါ ဘာလို့ လည်း
သိကြပါရဲ့ လား။
အဲဒါတိတိကျကျပြောလို့ ရပါတယ်။
ကျွန်တော်ကိုယ်တိုင်ဖန်တီးထားတဲ့အချစ်မလို့ ပါပဲ။
ကဲ
တစ်ခြောက်ခြောက် တဂွတ်ဂွတ်အသံကြားရင် ထိတ်လန့် နေတဲ့ ကျွန်တော်
သူမ ရေချိုးကပြန်လာမှပဲစိတ်သက်သာရာရပါတော့တယ်။
ဆက်ပါအုံးမယ်။
သူမ အတွက်
သူမဆိုသည် မှာ ကျွနိုပ်၏ချစ်လှစွာသော ချစ်သူပင်ဖြစ်ပါသည်။
(မောင်)
No comments:
Post a Comment