တန်ဆောင်မုန်းလပြည့်နေလေးမှာ ဗမာပြည်မှာလို လမင်းကြီးကိုကြည့်ပြီး ကောင်းကင်က မီးပုံပျံတွေကိုမမြင်ရပေမယ့်လည်း နောင်တချိန်မှာ မောင်နဲ့ မ အတူတူ
သိပ်ပျော်ဖို့ ကောင်းတဲ့တန်ဆောင်တိုင်ပွဲတော်ကြီးမှာ နွေးနွေးထွေးထွေးပွေ့ ဖက်လို့ လျှောက်လည်ကြမယ်နော်။
အရမ်းအေးမြနေတဲ့ လမင်းကြီးလိုပဲ မ ရဲ့ မျက်နှာလေးကလည်း လမင်းလိုပဲ အမြဲတမ်းအေးမြရွှင်လန်းနေပါစေလို့ မောင်ဆုတောင်းပါတယ်။
မ အနေနဲ့ ဒီနေလို အေးမြသာယာတဲ့နေ့ ကစလို့ လောကကြီးအကျိုးကို ဒီထက်ပိုပြီးထိရောက်အောင်မြင်အောင်ဆောင်ရွက်နိုင်ပါစေ။
အဆင်မပြေတာတွေ အခက်အခဲတွေ တွေ့ ကြုံတိုင်းမှာလည်း နှလုံးသွင်းမှန်မှန်နဲ့ တည်တည်ငြိမ်ငြိမ်ရင်ဆိုင်နိုင်ပါစေ။
လောကရဲ့ သစ္စာအစစ်ကို ပိုင်ပိုင်နိုင်နိုင်သိသွားပါစေလို့ ဆုတောင်းပါတယ်။
မ တစ်ယောက် မောင်နဲ့ အတူတူ ဘ၀တစ်လျှောက်လုံးမှာ အဓိပါယ်ရှိရှိ ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်မာချမ်းသာစွာနေထိုင်ပါစေလို့ မောင် လပြည့်နေ့ လေးမှာဆုတောင်းလိုက်တယ်နော်။
မ ကတော့ လမင်းကြီးကိုထွက်ပြီးကြည့်လို့ ဆုတောင်းနေပေမယ့် မောင်လည်းဘလာဂ် လေးကနေ
ဆုတောင်းပေးလိုက်ပါတယ်။
မ ကို သိပ်ချစ်တဲ့  (မောင်)
No comments:
Post a Comment