Monday 29 August 2011
အချစ်ရဲ့ မြစ်တစင်း
တောင်ပေါ်မှ အဝေးကိုငေးကြည့်နေ၇င်း တမ်းတမိသည့်စိတ်များက ချစ်သူနဲ့ အတူတူ ပျော်ဖူးခဲ့ တဲ့ 
နေ့ ၇က်များဆီသို့ .......
တနေ၇ာစီဝေးနေပေမယ့် စိတ်ချင်းဆက်ထားတဲ့ ကျွန်တော်နဲ့ ကျွန်တော်ချစ်သူလေး သဲတို့ အတွက်တော့
အ၇ာ၇ာတိုင်းဟာ တယောက်ကို တယောက်ကိုတယောက် နားလည်ပေးမှု့ စိတ်ချမ်းသာစေမှု့ တွေနဲ့ 
ပျော်ရွှင်ဖို့ ကောင်းလှပါတယ်။ သတိ၇နေမိတဲ့  ညနေတိုင်း အချိန်လေး ဖုန်းလေးဆက်လိုက် သဲလေးကို ချစ်စကားပြောလိုက် တီတီတာတာစကားလေးတွေနဲ့ နားထောင်လိုက်နဲ့ အချိန်တွေကုန်ဆုံးစေတယ်လေ။
ညဘက် သဲလေးအိမ်ပြန်လာတဲ့ အချိန်ဆို ချိုသာလှတဲ့သဲလေးမျက်နှာကို ကြည့်ပြီး မဂ်လာပါလို့ ဆုတောင်းပေးတဲ့ အသံလေးတွေကလည်းကျွန်တော်စိတ်ထဲမှာအမြဲတမ်းရှိနေတာပေါ့။ဒါပေမယ့်
အခုချိန်မှာတော့ သိပ်ချစ်လှတဲ့ သဲလေးကို အနီးကပ်လေး မနေနိုင်ပေမယ့် အနာဂတ်ကိုအကောင်းဆုံးထုဆစ်ဖို့ အတွက် အားလုံးကြိုးစားနေကြပြီလေ.အချိန်တချိန်မှာ သာယာလှပတဲ့ မိသားစုအသိုက်အမြုံလေးကို ချစ်ခြင်းတွေနဲ့ တည်ဆောက်ကြမယ် ကျွန်တော်သိပ်ချစ်တဲ့ 
သဲလေးနဲ့ ပေါ့။
အခုဆို တောင်ကြီး၇ာသီဥတု က မိုးတွေဆက်တိုက်၇ွာ မြူတွေအုံ့ ဆိုင်းလို့ အလွမ်းဓာတ်ခံရှိတဲ့ ကျွန်တော့်အတွက်တော့ ပိုပြီးလို့ တောင်လွမ်းဆွတ်နေမိပါ၇ဲ့ ။ဒီချိန်ဆို သဲလေးများဘာလုပ်နေမလည်း ဒီချိန်ဆို သိပ်ချစ်တဲ့ 
သဲလေး အပြုံလေးနဲ့  သီချင်းလေးတွေများ နားထောင်နေမလား.....စိတ်ထဲမှာ အနီးကပ်ဆုံးဖြစ်နေတဲ့ 
ကျွန်တော် ချစ်သူလေးသဲလေးရဲ့ အပြုံလေးတွေကို ကျွန်တော်စိတ်ထဲက အခြေတည်နေပါပြီ။
ဘာသာ တ၇ားကလည်း အ၇မ်းကိုင်းရှိုင်းတတ်တယ်။ ပြီးတော့ စိတ်ထားကလည်း မွန်မြတ်တယ်။
ဒီလို အဘက်ဘက်က ချစ်ဖို့ ကောင်း သဘောကောင်းလှတဲ့ ကျွန်တော်သဲလေးကို ကျွန်တော်သိပ်ချစ်တတ်တာ မဆန်းလောက်ပါဘူး။း)
ဒီထက်မက စာတွေဖွဲ့ ပြီးတော့ သိပ်ချစ်တဲ့ ချစ်သူလေးကို  ဖွဲ့ ဆိုပြချင်ပါသေးတယ်။
သဲလေး ရဲ့ အလှတ၇ားတွေ ချစ်ခြင်းတွေနဲ့  ကျွန်တော်၇င်ထဲမှာတော့ အချစ်မြစ်ကြီး တစင်း
စီးဆင်းနေေ၇ာပေါ့.....း)
သဲလေး စိတ်ချမ်းသာပါစေနော်။း)
(အချိန်နည်းလို့  စနေ တနဂ်နွေမှအ၇မ်းေ၇းမယ်နော်.း)
(မောင်)
Saturday 27 August 2011
အချစ်အကြောင်း (၁)
ကျမရဲ့ ချစ်သူကိုကျမကမောင်လို့ ခေါ်ပါသည်။
(သူကအဲလိုခေါ်စေချင်တာလည်းပါတာပေါ့။)
ကျမကိုတော့သူကသဲလို့ ခေါ်ပါသည်။
သူနဲ့ ကျမလွန်ခဲ့တဲ့တနှစ်ကစတွေ့ ပါသည်။
ဘယ်မှာတွေ့ တာလဲဆိုတာအခုကနေစပြောပြပါမည်။
ကျမအာရှတိုက်ကနိုင်ငံလေးတစ်ခုကိုအလည်သွားပြီးပြန်လာတော့
ကျမဓါတ်ပုံတစ်ပုံရိုက်လာတယ်။
အနီရောင်ဝတ်ထားပြီးတော့နားမှာတော့အဖြူပေါ်မှာအ၀ါနုရောင်သန်းနေတဲ့စကားပန်းကိုပန်ထားတယ်။
ကျမအဲဒီပုံလေးကိုသဘောကျတယ်။
ကိုယ့်ပုံကိုသဘောကျတာတော့သိပ်တော့မကောင်းပါဘူး
(စကားခဏဖြတ်ပြီးရီစရာပြောရရင်ကျမကကိုယ့်ရုပ်ကိုယ်သဘောကျတဲ့သူထဲမှာပါတယ်လေ)
ဒါနဲ့ ဖေ့စ်ဘွတ်ကကျမရဲ့ ပရိုဖိုင်းလ်ပုံအဖြစ်နဲ့ သုံးလိုက်တယ်။
ကျမချစ်သူဖြစ်လာမယ့်မောင်ကအဲဒီပုံကိုတွေ့ တော့သဘောကျတာနဲ့ ကျမကိုအက်ဒ်လိုက်တယ်။
ကျမဒီနေရာမှာကြီးကြီးကျယ်ကျယ်တစ်ခုပြောရဦးမယ်။
ကျမကမသိတဲ့သူလာအက်ဒ်လို့ ရှိရင်လက်မခံတတ်ဘူး။
သူငယ်ချင်းတစ်ယောက်ယောက်ကမိတ်ဆက်ပေးတဲ့အခါမျိုးဆိုရင်တော့စဉ်းစားပါတယ်။
အဲဒီမှာ၊
အရမ်းကိုစိမ်းလန်းစိုပြေပြီးလှပတဲ့သစ်ပင်တစ်ပင်ရဲ့ ပုံကို ပရိုဖိုင်းမှာ တင်ထားပြီး
နာမည်ကိုသစ်ပင်လို့ ပေးထားတဲ့သူတစ်ယောက်ကလာပြီးအက်ဒ်တော့ကျမစိတ်ဝင်စားသွားတယ်။
အကြောင်းရင်းကတော့ကျမကသစ်ပင်တွေကိုချစ်တတ်လို့ လေ။အဲဒီတော့...
သူ့ ကိုကျမစာပို့ လိုက်တယ်။လက်ခံစေချင်ရင်ဓါတ်ပုံပြပါလို့ ။
ပြီးတော့သူအက်ဒ်ထားတာကိုလည်းဒီလီဒ့်လုပ်လိုက်တယ်။ 
ကျမစာပို့ ပြီးမကြာခင်ရက်အတွင်းမှာသူဓါတ်ပုံပို့ လာပြီးပြန်အက်ဒ်တာကြောင့်လက်ခံလိုက်တယ်။
မဆိုးပါဘူး။မျက်ခုံးမည်းမည်း၊မျက်လုံးရှည်ရှည်။မေးရိုးလေးထောင့်စပ်စပ်နဲ့ ယောက်ကျားတစ်ယောက်ပါ။
သူ့ နှုတ်ခမ်းတွေကခပ်ထူထူနဲ့ ကျမနှုတ်ခမ်းနဲ့ ခပ်ဆင်ဆင်တူတယ်။
သူနဲ့ စကားပြောကြည့်တယ်။
သစ်ပင်လို့ ဘာလို့ နာမည်ပေးထားတာလဲလို့ ။
သစ်ပင်တွေကလူတွေကိုအသက်ရှင်နေစဉ်မှာအရိပ်ပေးတယ်။အသီးအပွင့်တွေပေးတယ်။
သေသွားပြီးနောက်လည်းထင်းအဖြစ်ပေးတယ်။ဆွေးမြေ့သွားတဲ့အခါမြေဆီသြဇာဖြစ်စေပြန်တယ်။
ဒါ့ကြောင့်သစ်ပင်လို့ နာမည်ပေးထားတာဆိုပဲ။
ကျမသဘောကျသွားတယ်။
ဆက်စကားပြောဖို့ ဆုံးဖြတ်လိုက်တယ်။
တစ်နေ့ သူကကျမကိုဖုန်းနံပါတ်တောင်းလို့ ပေးလိုက်ပြီးတဲ့နောက်သူဖုန်းဆက်လာတဲ့အခါမှာ
သူနဲ့ ကျမအကြီးအကျယ်စကားများကြတယ်။
အဲဒါသူနဲ့ ကျမစကားပြောတာဒုတိယအကြိမ်ပဲ။
သိပြီးလို့ စကားပြောတာဒုတိယအကြိမ်မှာစကားများတယ်ဆိုတော့ဘယ်ကောင်းမလဲနော်။
ကျမကနည်းနည်းရူးတယ်ဆိုမလား။ ပိုပြီးသူ့ ကိုစိတ်ဝင်စားသွားတယ်။
သူကအခြေအတင်ဆွေးနွေးရတာဝါသနာပါတယ်။
ကျမကလည်းကိုယ်လက်ခံထားတဲ့အချက်တစ်ခုကိုလွယ်လွယ်နဲ့ ဖျက်ဖို့ စိတ်ကူးတဲ့သူမဟုတ်ဘူး။
သူနဲ့ ကျမကြားမှာဒါ့ကြောင့်ပဲလားမသိဘူးပြောစရာစကားတွေအများကြီး။
တစ်ရက်တစ်ရက်ကျမရုံးပိတ်ရက်တွေဆိုရင်မနက်ကနေညနေအထိတနေကုန်စကားတွေပြောကြတယ်။
ပျော်စရာကောင်းလာတယ်။သူကကျမကိုပျော်ရွှင်အောင်လုပ်သလို။စိတ်ဆိုးအောင်လည်းလုပ်တယ်။
ကျမနောက်မှသိတာက။ကျမသူ့ ကိုပျင်းမသွားအောင်လို့ တဲ့။
ရန်မဖြစ်တာကြာရင်ရန်ဖြစ်အောင်သူလုပ်တယ်။
ချစ်ဖို့ မကောင်းဘူးလားကျမမောင်က ။း)
ကျမနဲ့ သူချစ်သူတွေမဖြစ်သေးဘူးနော်အဲဒါ။
ဒါပေမယ့်ကျမသိပါတယ်။ကျမသူ့ ကိုစိတ်ဝင်စားနေတယ်ဆိုတာသူလည်းသိတယ်ဆိုတာကိုပေါ့။
စိတ်ဝင်စားတာကိုတော့ကျမ၀န်ခံနိုင်တယ်။
ဒါပေမယ့်အဲဒီအချိန်ကသူ့ ကိုကျမချစ်တယ်လို့ တော့မထင်ဘူး။
ဒီလိုနဲ့ တစ်နေ့ ။ကျမနဲ့ သူချစ်သွားကြဖို့ ဖန်တီးလာတယ်။
ပြောရရင်တော့ကျမသူ့ ကိုချစ်နေတယ်ဆိုတာကိုယ့်ကိုယ်ကိုဝန်ခံဖို့ အချိန်ကျလာတယ်။
အချစ်ဆိုတာဟိုးးးးးရင်ထဲကနေစူးပြီးတော့လာတယ်ဆိုတာကျမဘ၀မှပထမဆုံးသိလိုက်ရတဲ့အချိန်ပေါ့။
သတိရလွမ်းဆွတ်မှု များ
မီးခိုးေ၇ာင် မြုနှင်းမှုန်တို့ သည် တောင်ကြီးမြို့ တမြို့ လုံးအားလွှမ်းခြုံထားလေသည်။
ချမ်းတစိမ့်စိမ့် ဖြစ်နေသော၇ာသီဥတုနှင့်အတူ  တောင်ပေါ်မှ ကြည့်လိုက်လျှင် အနီေ၇ာင် အပြာေ၇ာင် အမိုးများဖြင့် လှပနေသော တောင်ကြီးမြို့ အလှကို မြင်လိုက်ရသူအဖို့ ကြည်လင်အေးချမ်းသွားစေသည်။
သစ်၇ိပ် သစ်ခက် များ တောင်တက် တောင်ဆင်းများက တောင်ကြီးမြို့ အလှကို ပိုပြီးကျက်သေ၇ ၇ှိစေသည်။
ထို့အတူပင်  တောင်အောက်ကနေ ကြည့်လိုက်လျှင် မြို့ ဂုဏ်ကျက်သေ၇ဆောင် စူဌာမုနိ ဘုရားမှာလည်းတောင်ထိပ်ပေါ်တွင် မီးေ၇ာင်စုံများဖြင့် ကျက်သေ၇ အပေါင်းပြည့်စုံနေသည်မှာ
တောင်ကြီးမြို့ အလှပင်။
ထူးခြားသည့်နောက်တစ်ခုမှာ တောင်ကြီးမြို့ သည် ကျွန်တော်ေ၇ာက်ဖူးသော မြို့ များထက်
သန့် ရှင်းသပ်၇ပ်ခြင်း စည်းကမ်း၇ှိခြင်း စည်းလုံးခြင်းတို့ မှာ သာလွန်သည်။
ဆိုဖွယ်၇ာမရှိ။
ထို့ ကဲ့သို့ အေးမြချမ်းသည့် တောင်ကြီးမြို့ အလှကိုကြည့်ရင်း အဝေးတနေ၇ာမှ ကျွန်တော့်ချစ်သူလေး ၇ှိ ၇ာ နိုင်ငံကိုေ၇ာ်၇မ်းမှန်းဆပြီး လွမ်းနေ၇သည်မှာလည်း
တကယ့် စိတ်ချမ်းမြေ့စ၇ာ လေးပင်ဖြစ်သည်။
ညမီးေ၇ာင်စုံများကြားလှပနေသောတောင်ကြီးမြို့ နဲ့ လွမ်းဆွတ်နေသော ကျွန်တော့်စိတ်တို့ က ကျွန်တော့်ကိုအမြဲအင်တာနက်ဆိုင်သို့ ခြေဦးလှည့်စေသည်။
အလုပ်တာဝန်များကြားတွင် တယောက်ကို တယောက် ချစ်ခြင်းများဖြင့်နှောင်ဖွဲ့ နေသော
 တနေ့ မတွေ့ ၇၇င်မနေနိုင်လောက်အောင် ဖြစ်နေသောစိတ်တို့ က ကျွန်တော့်စိတ်ပင်ဖြစ်ပါသည်။
ထို့ အတူပင် အဝေးေ၇ာက်နေသော ကျွန်တော့်ချစ်သူလေးမှာလည်း ကျွန်တော်နဲ့ ထပ်တူထပ်မျှ ပင်ဖြစ်လိမ့်မည်ဟု ယုံကြည်ပါသည်။ ကျွန်တော် မြန်မာပြည်ကို စတင်ခြေချသည့်အချိန်မှာ ပထဆုံးသတိ၇မိသည်ကားကျွန်တော်ချစ်သူလေးပင်ဖြစ်ပါသည်။ စာဖွဲ့ လို့ တောင်မ၇လောက်ပါ။ ကျွန်တော့်၇င်ထဲတွင် ပူနွေးပြီး အ၇မ်းကို လွမ်းဆွတ်သတိ၇နေမိပါသည်။
ဆက်ပါမည် ။ သိပ်ချစ်သည် (မောင်)