Saturday 27 August 2011

သတိရလွမ်းဆွတ်မှု များ

မီးခိုးေ၇ာင် မြုနှင်းမှုန်တို့ သည် တောင်ကြီးမြို့ တမြို့ လုံးအားလွှမ်းခြုံထားလေသည်။
ချမ်းတစိမ့်စိမ့် ဖြစ်နေသော၇ာသီဥတုနှင့်အတူ  တောင်ပေါ်မှ ကြည့်လိုက်လျှင် အနီေ၇ာင် အပြာေ၇ာင် အမိုးများဖြင့် လှပနေသော တောင်ကြီးမြို့ အလှကို မြင်လိုက်ရသူအဖို့ ကြည်လင်အေးချမ်းသွားစေသည်။
သစ်၇ိပ် သစ်ခက် များ တောင်တက် တောင်ဆင်းများက တောင်ကြီးမြို့ အလှကို ပိုပြီးကျက်သေ၇ ၇ှိစေသည်။
ထို့အတူပင်  တောင်အောက်ကနေ ကြည့်လိုက်လျှင် မြို့ ဂုဏ်ကျက်သေ၇ဆောင် စူဌာမုနိ ဘုရားမှာလည်းတောင်ထိပ်ပေါ်တွင် မီးေ၇ာင်စုံများဖြင့် ကျက်သေ၇ အပေါင်းပြည့်စုံနေသည်မှာ
တောင်ကြီးမြို့ အလှပင်။
ထူးခြားသည့်နောက်တစ်ခုမှာ တောင်ကြီးမြို့ သည် ကျွန်တော်ေ၇ာက်ဖူးသော မြို့ များထက်
သန့် ရှင်းသပ်၇ပ်ခြင်း စည်းကမ်း၇ှိခြင်း စည်းလုံးခြင်းတို့ မှာ သာလွန်သည်။
ဆိုဖွယ်၇ာမရှိ။
ထို့ ကဲ့သို့ အေးမြချမ်းသည့် တောင်ကြီးမြို့ အလှကိုကြည့်ရင်း အဝေးတနေ၇ာမှ ကျွန်တော့်ချစ်သူလေး ၇ှိ ၇ာ နိုင်ငံကိုေ၇ာ်၇မ်းမှန်းဆပြီး လွမ်းနေ၇သည်မှာလည်း
တကယ့် စိတ်ချမ်းမြေ့စ၇ာ လေးပင်ဖြစ်သည်။
ညမီးေ၇ာင်စုံများကြားလှပနေသောတောင်ကြီးမြို့ နဲ့ လွမ်းဆွတ်နေသော ကျွန်တော့်စိတ်တို့ က ကျွန်တော့်ကိုအမြဲအင်တာနက်ဆိုင်သို့ ခြေဦးလှည့်စေသည်။
အလုပ်တာဝန်များကြားတွင် တယောက်ကို တယောက် ချစ်ခြင်းများဖြင့်နှောင်ဖွဲ့ နေသော
 တနေ့ မတွေ့ ၇၇င်မနေနိုင်လောက်အောင် ဖြစ်နေသောစိတ်တို့ က ကျွန်တော့်စိတ်ပင်ဖြစ်ပါသည်။
ထို့ အတူပင် အဝေးေ၇ာက်နေသော ကျွန်တော့်ချစ်သူလေးမှာလည်း ကျွန်တော်နဲ့ ထပ်တူထပ်မျှ ပင်ဖြစ်လိမ့်မည်ဟု ယုံကြည်ပါသည်။ ကျွန်တော် မြန်မာပြည်ကို စတင်ခြေချသည့်အချိန်မှာ ပထဆုံးသတိ၇မိသည်ကားကျွန်တော်ချစ်သူလေးပင်ဖြစ်ပါသည်။ စာဖွဲ့ လို့ တောင်မ၇လောက်ပါ။ ကျွန်တော့်၇င်ထဲတွင် ပူနွေးပြီး အ၇မ်းကို လွမ်းဆွတ်သတိ၇နေမိပါသည်။
ဆက်ပါမည် ။ သိပ်ချစ်သည် (မောင်)

No comments:

Post a Comment