Tuesday 30 November 2010
ချစ်သူဖတ်ဖို့ (၂)
လူတစ်ယောက် အဖြူ၊ အမဲ ဘယ်သူဖြစ်ဖြစ်-
လူတစ်ယောက်ဆီ တစ်ခါ၊တစ်ခေါက် အရောက်လာပြီး – နောက်တစ်ကြိမ် ပြန်ရောက်လာဖို့  ခဲယဉ်းတဲ့ အရာ ၃ ခု -
1. အချိန်
2. စကားလုံး
3. အခွင့်အရေး
လူတစ်ယောက်မှာ အမြဲတမ်း ရှိနေသင့်တဲ့ အချက် ၃ ချက် -
1. မျှော်လင့်ချက်
2. ရိုးသားခြင်း
3. အေးချမ်း တည်ငြိမ်ခြင်း
လူတစ်ယောက်ရဲ့ ဘ၀မှာ တန်ဖိုးထားသင့်သော အချက် ၃ ချက် -
1. ချစ်ခြင်းမေတ္တာ
2. မိတ်ကောင်း၊ ဆွေကောင်း
3. မိမိ၏ အပြူအမှု၊ ကိုယ်ကျင့်တရား
လူတစ်ယောက်ရဲ့ ဘ၀မှာ မသေချာသော အချက် ၃ ချက် -
1. အောင်မြင်မှု
2. အိမ်မက်
3. မနက်ဖြန်
လူအများက လက်ခံနိုင်သော လူကောင်းတစ်ယောက် ဖြစ်ဖို့ အချက် ၃ ချက်-
1. ပွင့်လင်းစွာ ရိုးသားခြင်း
2. အလုပ်ကျိုးစားခြင်း
3. ကိုယ်ချင်းစာနာမှုဖြင် သူတပါးကို ဂရုဏာထားခြင်း
လူတစ်ယောက်ကို ပျက်စီးဆုတ်ယုတ်စေသော အချက် ၃ ချက် -
1. မာန်မာန ကြီးခြင်း
2. လောဘ ကြီးခြင်း
3. ဒေါသ ကြီးခြင်း
လူတစ်ယောက်ကို ကယ်တင်ပေးနိုင်သော အချက် ၃ ချက် -
1. ကိုယ့်ပြုခဲ့ဖူးသော စေတနာ
2. ခိုင်မာသော ယုံကြည်ချက်
3. ခိုင်မာသော မျှော်လင့်ချက်
ဆုံမှတ်
ကျွန်တော်နှင့် သူ
တရပ်၊တနေရာဆီက လာခဲ့ပေမယ့်
နေရာတနေရာမှာ ဆုံတွေ့ တဲ့အခါ။
ကျွန်တော်နှင့် သူ
အကြိုက်မတူပေမယ့် လိုက်တူုပေးခဲ့သောအခါ
ကျွန်တော့်အကြိုက်ကို သူဖန်တီးပေးခဲ့တာ။
သူ့ အကြိုက် ကို ကျွန်တော်ဖန်တီးပေးခဲ့တာ။
ကျွန်တော်မကြိုက်သောအရာ
သူကြိုက်ပေမယ့် စွန့် လွှတ်ခဲ့တာ။
သူ မကြီုက်သောအရာ
ကျွန်တော်ကြိုက်ပေမယ့် စွန့် လွှတ်ခဲ့တာ။
ကျွန်တော်နှင့် သူ
သူသိသောအရာ ကျွန်တော် မသိ။
ကျွန်တော် သိသောအရာ သူမသိ။
မသိတာတွေ၊ မရှိတာတွေ
သိတာတွေ၊ ရှိတာတွေ
မျှဝေပေးသောအခါ။
ကျွန်တော်နှင့် သူ
ကျွန်တော် ရှူံးနိမ့်သောအခါ
အနားမှာရပ်ကူအားပေးခဲ့တာ။
သူလဲကျတဲ့အခါ
ကျွန်တော် ထွေးပွေ့ ထားခဲ့တာ။
ကျွန်တော် အောင်မြင်တဲ့အခါ
သူအတွက် နေရာတစ်ခု မျှဝေပေးခဲ့တာ။
သူအောင်မြင်တဲ့အခါ
ကျွန်တော့်အတွက် နေရာတစ်ခု ဦးစားပေးခဲ့တာ။
ကျွန်တော် ဒေါသရှိလာတဲ့အခါ
သူ နားလည်ပေးခဲ့တာ။
သူ စိတ်ဆိုးတဲ့အခါ
ကျွန်တော် သူ့ ကို ပစ်ပယ်မထားခဲ့တာ။
ကျွန်တော် မပြောပေမယ့်
သူ သိနေခဲ့တာ
သူ မပြောပေမယ့်
ကျွန်တော် နားထောင်ပေးခဲ့တာ။
ကျွန်တော် လက်မကမ်းနိုင်တဲ့အခါ
သူ့ လက်ကမ်းပေးခဲ့တာ။
သူ မလျှောက်လှမ်းနိုင်တဲ့အါ
ကျွန်တော် လမ်းခင်းပေးခဲ့တာ။
ကျွန်တော်နှင့် သူ
တစ်ယောက် တစ်နေရာ
တခါတရံ အရှေ့ နှင့်အနောက်
တခါတရံ တောင်နှင့်မြောက်
မတွေ့ ဖြစ်ပေမယ့်
ကျွန်တော်နှင့် သူ
တစ်ယောက်နှင့်တစ်ယောက် မကွယ်ပျောက်ခဲ့ဘူး။
ကျွန်တော်နှင့် သူ
သူ့ အတွက် နေရာတစ်ခု ကျွန်တော်ဆီမှာ
ကျွန်တော်အတွက် နေရာတစ်ခု သူ့ ဆီမှာ
နေရာ တစ်နေရာ အမြဲရှိနေတာ။
ကျွန်တော်နှင့် သူ
တရပ်၊တနေရာဆီက လာခဲ့ပေမယ့်
အကြိုက်တွေ ထပ်တူမညီပေမယ့်
သိတာတွေ၊ ရှိတာတွေ မတူညီပေမယ့်
သူ့ အတွက်
ကျွန်တော့်အတွက်
နေရာတစ်ခု ထပ်တူညီစွာ ရှိနေတာ- ဆုံမှတ်ပါ။
ဆုံမှတ်မှာ
မျှဝေပေးခဲ့တာ-
ဆုံမှတ်မှာ
မျှော်လင့်နေတာ-
ဆုံမှတ်မှာ
အလှဆုံးသောအရာကို တည်ဆောက်နေတာ-
ဆုံမှတ်မှာပဲ
ကျွန်တော်နှင့် သူ
သူ နှင့် ကျွန်တော်
အတူတူနေကြတာ
အရမ်လွမ်းလိုက်တာ ချစ်သူ....သိပ်ချစ်တာပဲ.......(မောင်)
Monday 22 November 2010
Full Moon Day Of Tasaungmone
21.11.2010 is Full Moon Day of Tasaungmone according to our Myanmar calendar. Tasaungmone is the eighth month of Myanmar calender and we, Myanmar people celebrate Tasaungdaing festival all over the country. It is one of the religious festivals in Myanmar. During Tasaungdaing festival people celebrate the night with various kinds of lights. Homes, buildings and streets are illuminated. The main activity is offering yellow robes to Buddha images at the pagodas and monks at the monasteries. The offering ceremony is commonly called "Kathein" , "Kathina" in Pali. A traditional discipline is that one monastery can only accept one "Kathein". 
                                                       This is Donatation for "Kathein".
And we believe that it is medicated if we eat the salad of the Kassod's buds at mid night on the Full Moon Day of Tasaungmone. We call it "Me`za li phuu " salad and medicated night. :)
The Leaf ,flowers and buds of kassod
This is "Me` Za Li Phuu" that Grow in Our Country.But Today midnight my Sweet love  "Ma" and Me can't eat "Me` Za Li phuu Thote" ,Because we have not Kassod's buds.So She Just Pray look at the full moon at the Corridor and I  Just Prepare "La Fat Thote" For Medicated night.:)  
This is "La Fat Thote"
And I just Pray that we unite and build happy family in our future life with my lovely Sweet "Kay Khine Cho"  that I call "Ma".So Happy with us today our traditional medicated night with us!
Please enjoy yourself and bon appetit !
At this medicated night, I wish all healthy and happy from this Tasaungmone Full Moon Day onwards.
 Love  so much my Sweet "Ma"
တန်ဆောင်မုန်းလပြည့်နေ
တန်ဆောင်မုန်းလပြည့်နေလေးမှာ ဗမာပြည်မှာလို  လမင်းကြီးကိုကြည့်ပြီး ကောင်းကင်က မီးပုံပျံတွေကိုမမြင်ရပေမယ့်လည်း နောင်တချိန်မှာ မောင်နဲ့ မ အတူတူ 
အရမ်းအေးမြနေတဲ့ လမင်းကြီးလိုပဲ မ ရဲ့ မျက်နှာလေးကလည်း လမင်းလိုပဲ အမြဲတမ်းအေးမြရွှင်လန်းနေပါစေလို့ မောင်ဆုတောင်းပါတယ်။
မ အနေနဲ့ ဒီနေလို အေးမြသာယာတဲ့နေ့ ကစလို့ လောကကြီးအကျိုးကို ဒီထက်ပိုပြီးထိရောက်အောင်မြင်အောင်ဆောင်ရွက်နိုင်ပါစေ။
အဆင်မပြေတာတွေ အခက်အခဲတွေ တွေ့ ကြုံတိုင်းမှာလည်း နှလုံးသွင်းမှန်မှန်နဲ့ တည်တည်ငြိမ်ငြိမ်ရင်ဆိုင်နိုင်ပါစေ။
လောကရဲ့ သစ္စာအစစ်ကို ပိုင်ပိုင်နိုင်နိုင်သိသွားပါစေလို့ ဆုတောင်းပါတယ်။
မ တစ်ယောက် မောင်နဲ့ အတူတူ ဘ၀တစ်လျှောက်လုံးမှာ အဓိပါယ်ရှိရှိ ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်မာချမ်းသာစွာနေထိုင်ပါစေလို့ မောင် လပြည့်နေ့ လေးမှာဆုတောင်းလိုက်တယ်နော်။
မ ကတော့ လမင်းကြီးကိုထွက်ပြီးကြည့်လို့ ဆုတောင်းနေပေမယ့် မောင်လည်းဘလာဂ် လေးကနေ
ဆုတောင်းပေးလိုက်ပါတယ်။
မ ကို သိပ်ချစ်တဲ့  (မောင်)
Tuesday 16 November 2010
အတူတူရွေလက်တွဲလို့  လျှောက်လှမ်းကြပြီ
၁၆.နိုဝင်ဘာ.၂၀၁၀
စံတော်ချိန် (၄.၃၅)
မောင် နဲ့  မ တို့ ရဲ့  သိပ်ကို တန်ဖိုးရှိတဲ့ အချိန်လေးမှသည် နှစ်ပေါင်းများစွာတိုင်အောင် 
သာယာစိုပြေသော
အေးချမ်းသာယာသော
အစစအရာရာပြည့်စုံကောင်းမွန်သော
လိုအင်ဆန္ဒတွေ အားလုံးပြည့်စုံသော
ဘ၀လေးကို အတူတူ လျှောက်လှမ်းကြမယ်နော်။
ယနေ့ မှစ နှစ်တစ်ရာတိုင် ထာဝရအတူ လက်တွဲကြမယ်နော်။
မ ကို သိပ်ချစ်တဲ့  မောင်
သိပ် ချစ် လို့ 
မောင် လည်း ရူးသွပ်လိုက်ချင်ပါတယ်
စိတ်တွေ အဟုန်ဖြန့်ပြီး မ အနားသို့ပေါ့
အသွေးအသားတွေနဲ့ နှလုံးခုန်သံက
ရပ်တန့်မရအောင် ခုန်ပေါက်နေတယ်
အင်းလေ… မောင်က မကို သိပ်ချစ်တာကိုး…။ ။
မောင့် ကို အချစ်ကြီးတယ် ဆိုကြတယ်
ဒါပေမယ့် မောင့်ရူးသွပ်မှုတွေ မ မြင်လိုက်ရတာ
ရင်ထဲ ခံစားချက်ရဲ့ ၁၀ပုံ ၁ပုံတောင် မရှိသေးပါဘူး
မြင်တတ်အောင် ကြည့်စမ်းပါ
မောင့်အနာဂတ်တွေတိုင်း မ ခြေလှမ်းနဲ့ ပုံဖေါ်နေတယ်
ဘာဖြစ်ဖြစ်… မောင် မကို တကယ်ချစ်ခဲ့တာကိုး…။ ။
တစ်ခါတစ်လေလည်း ကျဆုံးလိုက်တယ်
မ မျက်စောင်းတွေနဲ့ မောင့်ရင်ခုန်သံတွေ စစ်ဖြစ်တိုင်း
အသွေးအသား အင်အားတွေ နွမ်းလျသွားလောက်အောင်
မောင်..တကယ်ကို ကျဆုံးသွားခဲ့တယ်
ဟုတ်ပါတယ်.. မ မျက်စောင်းတွေက ညို့အားပြင်းတာကိုး…။ ။
ကြိုမတွေးပါဘူး..
လက်တစ်စုံ ဖြစ်လာဖို့ မျှော်လင့်ချက်တွေက
တန်ဖိုးကြီးလွန်းတာ သိပါတယ်…
ဒီ့အတွက်  အသွေးအသား၊ ရင်ခုန်သံ
အနာဂတ်တွေတိုင်း မ တစ်ယောက်တည်းမှ မ ဆိုတာလည်း
အင်း…. မျှော်လင့်ချက်တွေ ဖြစ်လာဖို့
မ ပေးမယ့် လက်တစ်ဖက်ကို ကမ်းလှမ်းခြင်းပါကွယ်…
မောင်…မ…ကို…သိပ်…ချစ်..လို့…။ 
မ ကို မောင် သိပ်ချစ်တယ်။
Friday 12 November 2010
သ၀န်တိုစိတ်
မောင့် အတွက်မဟုတ်ရင် 
မပြုံးပါနဲ့လား ချစ်သူရယ် 
တစ်ပါးသူအတွက် 
မ အပြုံးတွေ ခြွေလိုက်တိုင်း
မောင် ရှုံးသွားသလိုပဲ …
မောင့် စိတ်က အသုံးမကျဘူးလို့  ဆိုဆို 
သ၀န်တိုစိတ် တွေ နဲ့ 
မောင် စိတ်ညိုတယ် 
အချစ်ပိုလို့ မျက်ဝန်းစိုတယ် ထင်ပ 
ဒီရင်က ရှုံးပြီးရင်ရှုံး 
မ  အပြုံးလေးတွေ 
ရင်မှာ ဝေ နေတုန်းပဲ ။
      သိပ်ချစ်တဲ့ (မောင်)
Thursday 11 November 2010
လျှောက်လှမ်းကြမယ့် အနာဂတ်လေးဆီသို့ 
ဆုံနိုင်မယ့် အတွေးတစ
အတူနေချိန်ကို သတိရ
ထင်ကျန်နေတဲ့ အတိတ်က
လက်ရှိအချိန်ကို လမ်းပြ
သာယာမယ့် အနာဂါတ်ဘဝ
မောင်တို့နှစ်ယောက် တည်ဆောက်ကြရအောင် …
ဝေဒနာက အထပ်ထပ်
လွမ်းခဲ့ရ နေ့ညမပျက်
မျှော်လင့်တဲ့ နှလုံးသားနဲ့
ပြန်ဆုံမယ့်နေ့ ညတွေကို
ရေတွက်နေခဲ့တဲ့ မောင့်အတွက်
“လွမ်းတယ်” ဆိုတဲ့စကားလေးက
နှစ်သိမ့်စရာများ ဖြစ်နေမလား …
ယုံကြည်မှုကို တည်ဆောက်
သံသယကို ဖြေဖျောက်လို့
မောင်တို့နှစ်ယောက် လက်ကိုတွဲ
ဖြူစင်တဲ့ မေတ္တာနဲ့ ပြန်ဆုံဖို့နေ့များဝယ်
သစ္စာရှိရှိ လျှောက်လှမ်းမယ် 
 မ ကို သိပ်ချစ်တယ်။
                      မောင် 
ချစ်သူဖတ်ဖို့ 
ချစ်တယ်
အနုမြူစစ်ကြီးဖြစ်မဖြစ်ထက်
မောင်က မကို ချစ်ဖို့ ပဲ အရေးကြီးနေမိတယ်။ 
ကွန်မြူနစ်စနစ်ရဲ့ ကျဆုံးမှုထက်
ဘုံစနစ်နဲ့ မ ကို မျှော်လင့်နေတတ်သူတွေကိုပဲ
စိတ်ညစ်နေမိတယ်။
သစ်ရွက်လှုပ်ရင်လည်းချစ်တယ်။
သက်ဆင် မရှိတော့ရင်လည်းချစ်တယ်။
မောင့်နှလုံးသားကို မဲပေးသူမရှိလည်း
လမ်းမလွတ်ပေမယ့် နတ်ရဲတဲ့သစ်ပင်လို
ပေကပ်ရှင်သန်ရင်းချစ်တယ်။
လေးဖြူသီချင်း မဆိုတော့လည်း
မောင်က မကို ချစ်နေမှာပါပဲ
တို့မြို့လေးကို လူမုန်းများနေလည်း
ချစ်တယ်။
ဆူနာမီနဲ့နီးကပ် ..ကက်ထရီနာလို
အဆုံးရှုံးများစေတတ်လည်း ချစ်မယ်။
တိုနီမက်ဗေး ကွယ်လွန်ပြီးလည်း
မောင်က မ ကို ချစ်နေခဲ့တယ်။
မ ကိုချစ်နေရမယ်ဆို
အမေရိကန်အမုန်းသမားလည်း ဖြစ်ချင်တယ်
အီရတ်က အသေခံဗုံးတစ်လုံးလည်း ဖြစ်မယ်
ကြိုးပေးခံရမယ့် ပင်လယ်ဓားပြတွေထဲလည်း
မောင်ဝင်ရောက် တန်းစီပြရဲပါတယ်။
ချစ်ရတာမမောပါဘူး အချစ်ရယ်
အလင်းမဲ့ ညတွေများလို့ လမ်းမှားမှားနေတာကပဲ ခက်ခဲ။
ပဲရစ်မင်းသားလိုလည်းချစ်တယ်၊ ထရိုဂျင်မြင်းရုပ်ကြီးလိုလည်းချစ်တယ်။
မ  ကိုရဖို့အတွက်ဆို ရေနံဈေးတွေတက်နေလည်း
ကြက်ဆူဆီနဲ့ခုတ်မောင်းရင်း
အဖာအထေးများခဲ့တဲ့ လမ်းဟောင်းကြီးအတိုင်း
ချစ်မယ်။
ရှိသမျှပုံပြီးချစ်တယ်..း)
အချစ်အတွက်တဖန်မွေးဖွားခဲ့ပြီ
ပြောချင်တာ တစ်ခုတည်းပါ..
ရှင်းရှင်းလေးပဲ မ ကိုချစ်တယ်..
ဘယ်လိုချစ်မလဲဆိုတော့
ရိုးသားစွာချစ်နေတယ်..
ဘယ်လောက်ထိလဲဆိုတော့
နှိုင်းယှဉ်လို့ရတာ ဒီကမ္ဘာမှာမရှိသေးဘူး…
ဘယ်အချိန်ထိလဲဆိုတော့
နေ၂စင်းထွက်တဲ့အချိန်ထိ…
ပေးနိုင်သမျှ မောင့်အသက်အပါအ၀င်
အကုန်ပေးမယ်..
တစ်ခုပဲတောင်းဆိုချင်တယ်
မောင်ချစ်တာရဲ့တစ်ဝက်လောက်ပဲ ပြန်ချစ်ပါလို့..
သာယာတဲ့ဘ၀လေးကို
တူနှစ်ကိုလက်တွဲလို့ 
ရှေ့ဆက်ကြမယ် အချစ်ရေ။
Wednesday 10 November 2010
အိမ်တက်မဂ်လာ
ယနေ့ 
ချစ်သူရဲ့ 
အိမ်အသစ်ပြောင်းတဲ့ နေ့ မှာ
နေထိုင်တဲ့အိမ်လေးမှာ ကျက်သရေမဂ်လာအဖြာဖြာနဲ့ ပြည့်စုံပြီး
ပျော်ရွှင်ပါစေ။
ချစ်တဲ့ မောင်နဲ့ အတူတူ သာယာပျော်ရွှင်စွာလျှောက်လှမ်းကြမယ်နော်။
သိပ်ချစ်တဲ့ 
                  (မောင်)
Saturday 6 November 2010
Anniversary အမှတ်တရ မုန့် ဟင်းခါး
မောင်နဲ့ မနဲ့ 
Anniversary 
အမှတ်တရ
သူငယ်ချင်းများကို 
မောင် နဲ့ မ နဲ့  ကုသိုလ်ဖြစ်ကျွေးမွေးတာပါ
သူငယ်ချင်းများပုံကိုတော့ မရိုက်လိုက်ပါဘူး
ချက်တဲ့ ဟာပဲ တင်လိုက်ပါတယ်
အဆောင်က အကိုကြီးတွေလည်း
တစ်ယောက်ကို တပွဲစီနဲ့ 
သေချာကျွေးမွေးလိုက်ပါတယ်
ဒီနေ့ လေးက အရမ်းကို ကုသိုလ်လည်းရပါတယ်
ဝမ်းလည်းဝပါတယ်လို့ ပြောရမှာပေါ့နော်..း)
စားတဲ့သူတွေကလည်းဆုတွေမှအရမ်းပေးပါတယ်
အဲဒီဆုတွေကိုစားရတာနဲ့ ပဲ 
ကျေနပ်လှပါပီ.
နောင်များမှာလည်းကြုံရင်ကြုံသလို 
ကျွေးမွေးပါအုံးမယ်..း))
အလှုရှင် မောင် နဲ့  မ
း)) 
အရမ်းချစ်တယ်...
မိုင်တိုင်အမှတ်(နားလည်ခြင်း)
မ မှာလဲ အတိတ်ရှိသလို မောင့်မှာလဲ အတိတ်နဲ့ပဲလေ…
လူတိုင်းမှာ အတိတ်ဆိုတာ တွေရှိပါတယ်
လူဆိုတာ အတိတ်မှာ ရပ်နေလို့မှ မရတာ
အနာဂတ်ဆီကို သွားတဲ့အခါမှာသာ
မ အနာဂတ်နဲ့ မောင့်အနာဂတ် တူညီနေဖို့ လိုတာပါ။
မ ထိရှခဲ့တဲ့ ဒဏ်ရာတွေအတွက်
မောင့် စကားခွန်းရေတွေနဲ့ အနီးကပ်ပြုစုမယ်
မောင် ကျဆုံးခဲ့တဲ့ မှတ်တိုင်တွေအတွက်
မ  အရှေ့က လမ်းကူပြမယ်…
မ နဲ့မောင် ကြားမှာ
လေဟာနယ်တွေရှိမယ်…
ဒီဂျစ်တယ် ကိန်းဂဏန်းတွေ ရှိမယ်…
အသုံးချ နည်းပညာပစ္စည်းတွေနဲ့ များပြားလှတဲ့ မိုင်တွေ ရှိမယ်…
ကြိုးမဲ့ကိရိယာတွေက ဖြတ်သန်းလာတဲ့
မ အသံအက်ရှရှတွေရယ်…
စာလုံးလေးတွေထဲမှာ မျောပါလာတဲ့
မ အပြုံးပွင့်တွေရယ်…
အနားမှာ ရှိမနေပေမယ့်..
မ ရင်ခွင်မှာ  မောင် ခိုဝင်တယ်…
အနားမှာ ရှိမနေပေမယ့်..
မောင့် ပုခုံးထက်မှာ မ မှီတွယ်တယ်..
ချစ်သူရယ်…
ယုံကြည်မှုအုတ်မြစ်ပေါ်မှာ
နားလည်မှုကို ကြားခံပြီးတော့
တွဲထားတဲ့ တို့နှစ်ယောက် လက်တွေ နွေးနေစေမယ် နော်။
နေရာ
ခွင့်လွှတ်မှု
နားလည်မှုတွေနဲ့
ကိုယ့်ကိုကိုယ်
ပိုက်ထွေးထားလိုက်ရတာ
ငါဆိုတာတောင် ရှာမတွေ့တော့ဘူး။ 
သံယောဇဉ်
ရင်၌ဖြစ်၏
ရစ်တက်သည့်နွယ်
တွယ်ငင်နှောင်ကြိုး
မြေကိုကိုး၍
မပျိုးသော်လည်း
ရှင်သန်ဆဲလေ
ရင်ထဲဘာသာ
အမြစ်တွယ်
မမြင်နိုင်လည်း
ခိုင်မာရစ်သွယ်
မပျယ်နိုင်ကြိုး
တိုး၍ထပ်သာ
ချည်သည့်နွယ်။ 
Friday 5 November 2010
One of the Beautiful days of us!
Picture our beautiful day, 6th November, when a sun shine on an autumn morning. The breeze is warmly wrap up our body more closer to make us feel better. The smell of yellow and red autumn leaves drift in the air sending freshness to welcome our new start. When we walk closely together on the countless fallen leaves carpet, we can see the brightness of our future.
The imagination of this picture makes my life very tasty. This healthy imagination fills my life with cozy moments. I am sure that Mg can also imagine our beautiful day like this. Two of us get benefits from our love life because "Love" is a core of our lives. Mg's love for me contains lots of vitamins so I drink everyday to stay healthy. He is my essential and I am his essential too.That is why even though we stay apart we can enjoy our love in many healthy ways.
I LOVE Mg very much.
Anniversary OF Our Love
အချိန်တွေ ကုန်ဆုံးလာတယ်။
လူတွေ အသက်တွေရလာတယ်။
မောင် နဲ့  မ နဲ့ တွေ့ ခဲ့ ကြတယ်။
ဒီနေ့ လေးဟာဆိုရင် 
မောင် နဲ့ မ တို့ ရဲ့ ပျော်ရွင်စရာ အထိမ်းမှတ်နေ့ လေးတနေ့ ပေါ့
အခက်ခဲတွေကို အတူတူ ကျော်ဖြတ်ခဲ့တယ်
မျက်ရည်တွေနဲ့ အတူတူ ၀မ်းနည်းခဲ့ကြတယ်
အပြုံးတွေ နဲ့ အပျော်တွေကို မျှဝေခဲ့ကြတယ်
ရင်ခုန်သံတွေ ထပ်တူကျလို့ အချစ်တွေ ဆန်းသစ်ခဲ့ကြတယ်။
ဖူးပွင့်လာတော့မယ် အဖူးအငုံပန်းလေးတွေလို 
မောင် နဲ့  မ အချစ်တွေ ဟာလည်း တနေ့ ထက်တနေ့ အရမ်းကိုပဲ 
တိုးသထက်တိုးလာတဲ့  သံယောဇဉ်တွေနဲ့ ရစ်ပတ်ချဉ်နှောင်ခဲ့ကြပြီ။
နောင် လာမယ့်  Anniversary တွေမှာလည်း 
တစ်ယောက်ကို တစ်ယောက် 
နားလည်ခြင်း 
ကြင်နာခြင်း 
နွေးထွေးခြင်း
အေးမြခြင်း
ကြည်လင်ခြင်း
လတ်ဆတ်တဲ့ ချစ်ခြင်းတွေနဲ့ အတူ
သာယာပျော်ရွှင်စရာကောင်းတဲ့ ဘ၀လေးဆီကို 
တူနှစ်ကိုယ် လက်တွဲလို့ လျှောက်လှမ်းကြမယ်နော်။
မောင့် အတွက်တော့ 
မောင့် ရဲ့ အလင်းရောင်
မောင့် ရဲ့ လမင်း
မောင့် ဘဝ
မောင့် အသက်
မောင့် ရဲ့ဖြစ်တည်မှု့တွေအားလုံးက မ တစ်ယောက်တည်းပါပဲ။
စိတ်ချမ်းသာ 
ကိုယ်ကျန်းမာ
လိုရာဆန္ဒတွေပြည့်ဝပြီး
ကြင်နာနွေးထွေးခြင်းတွေ နဲ့ အတူ ပျော်ရွင်စွာလျှောက်လှမ်းကြပါစို့ နော် မောင့် အသက်"မ" ရေ။
                                                သိပ်ချစ်တဲ့  (မောင်)
မောင် နဲ့  မ ချစ်ခြင်းများ ကမ္ဘာတည်သရွေ့ တည်ပါစေသောဝ်။
Monday 1 November 2010
စိတ်ဖိစီးမှုဒဏ်ကို ရင်ဆိုင်တိုက်ပွဲဝင်နည်း
(၁) ပြဿနာတွေကို မေ့လိုက်ပါ။
- သဘောက စိုးရိမ်ပူပန်ဖွယ် ကိစ္စအားလုံးကို ခေါင်းထဲက ထုတ်ပစ်လိုက်ပါ။ ပြဿနာတွေ အားလုံးကို တတ်နိုင်သလောက် ကြာကြာမေ့ထားနိုင်သလောက် ဂရုမစိုက်ဘဲ ပစ်ထားလိုက်ပါ။ ဒီလိုပြဿနာအကြောင်းကို မစဉ်းစား၊ ဂရုမစိုက်ဘဲ ကြာကြာထားနိုင်လေ၊ သင့်ရဲ့ စိတ်တွေဟာ တည်ငြိမ် ငြိမ်းချမ်းလာပြီး သင့်ခန္ဓာကိုယ်ဟါ အဲဒီပြဿနာတွေကို ရင်ဆိုင်နိုင်ဖို့ တိုက်မလား၊ ပြေးမလားဆိုတဲ့ (Fight and Flight) စနစ်ကို ပြင်ဆင်နိုင်ဖို့ အချိန်ပိုရလာမှာ ဖြစ်ပါတယ်။ သို့မှသာ ပြဿနာလျော့နည်းသွား အောင် စီစဉ်ရင်ဆိုင်နိုင်ပြီး စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်စိတ်တွေကို လျော့ကျသွားစေမှာ ဖြစ်ပါတယ်။
(၂) ပျော်ပျော်နေပါ။
- ပျော်ပျော်နေသေခဲ ဆိုသလို စိတ်ကို ပေါ့ပါးသွက်လက် ပျော်အောင်နေပါ။ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ လျှောက်လည်ပါ။ တွေ့ဆုံစကားပြောပါ။ နေ့လယ် နေ့ခင်း အလုပ်အားလပ်ချိန်၌ ဈေးဝယ်ထွက်ပါ။ အလုပ်အားလပ်ရက်တွေမှာ အလည် အပတ် ခရီးတို သွားပါ။ အဲဒီလို မိမိရဲ့ စိတ်ကို မိမိပျော်ရွှင်အောင်ထားပြီးနောက် ပြဿနာအရွယ်အစား ဘယ်လောက်အထိ လျော့နည်းကျဆင်းသွားခဲ့တယ်ဆိုတာကို သတိပြုမိမှာ ဖြစ်ပါတယ်။
(၃) ကာယလှုပ်ရှားမှုတွေ လုပ်ပါ။
- စိတ်ဖိစီးမှုတွေကနေ လွတ်ချင်ရင် ကာယလေ့ကျင့်ခန်း မည့်သည့် ပုံစံမျိုးကိုမဆို လုပ်ပါ။ ကာယလေ့ကျင့်ခန်းမှန်သမျှဟာ စိတ်ဖိစီးမှုဒဏ်ကို တိုက်ဖျက်နိုင်စွမ်းရှိပြီး လေ့ကျင့်ခန်းများ ပြုလုပ်ပြီးပါက စိတ်လက်ပေါ့ပါးသွားပြီး ပြဿနာတော်တော်များများ ကို ဖြေရှင်းပြီးသားဖြစ်နေတတ်ပါတယ်။
(၄) တစ်စုံတစ်ဦးထံမှ အကြံဉာဏ်၊ ထင်မြင်ယူဆချက် ရယူပါ။
- စိတ်ဖိစီးမှု ပြဿနာ တော်တော်များများဟာ လူအတော်များများမှာ တစ်ဦးနဲ့တစ်ဦး သိပ်ကွာခြားလေ့မရှိဘဲ သီးသီးသန့်သန့်ဖြစ်မှု သိပ်မရှိပါ။ ဒါကြောင့် မိမိလိုပဲ ပြဿနာ ရင်ဆိုင်ခဲ့ဖူးသူများထဲမှာ အကြံဉာဏ်ရယူခြင်းဟာ အလွန်တန်ဖိုးရှိလှပါတယ်။ ပြဿနာ ကို ဝေမျှခံစား အဖြေရှာခြင်းဟာ ပြဿနာတစ်ဝက်လောက်ကို ဖြေရှင်းပြီးသား ဖြစ်နေပါ လိမ့်မယ်။
(၅) မိမိရဲ့အချိန်တွေကို အကောင်းဆုံးအသုံးချနိုင်ဖို့ နည်းလမ်းရှာကြံပါ။
- စိတ်ဖိစီးမှုးဒဏ်တွေဟာ တစ်ခါတစ်ရံ မိမိရဲ့အချိန်ကို ကောင်းစွာစီမံအသုံးမချနိုင်မှု ကနေ ဖြစ်လာရတာဖြစ်ပါတယ်။ အချိန်ကို လွဲမှားစွာ အသုံးချမိတာကြောင့် အလုပ်တွေ မပြီးစီး၊ ရုံးအလုပ် အိမ်ပါ စတဲ့ ပြဿနာတွေ ဖြစ်လာရတာဖြစ်ပါတယ်။ ဒါကြောင့် မိမိ လုပ်ရမယ့် အလုပ်တွေကို ဦးစားပေးအစီအစဉ်နဲ့ စီမံချက်ချပါ။ အရေးကြီးတာကိုအရင် လုပ်ခြင်းဖြင့် မိမိရဲ့အချိန်ကို အကောင်းဆုံးအသုံးချပါ။ ရက်သတ္တတစ်ပတ်အတွင်း မိမိ လုပ်ရမယ့်ကိစ္စတွေကို စာရွက်ပေါ်ရေးချပါ။ အစီအစဉ်ကျနစွာလုပ်ပါ။ သတ်မှတ်ချိန် အတွင်း ပြီးမပြီးကို ပြန်လည်ဆန်းစစ်ဝေဖန်ပါ။ ဘယ်နေရာတွေမှာ အချိန်ကို လွဲမှားစွာ ဖြုန်းတီးပစ်နေခဲ့သလဲဆိုတာ အဖြေရှာထုတ်ပါ။
(၆) ဖြစ်ချင်တာတွေ၊ ဆန္ဒတွေကို တရားလွန်မဖြစ်ပါစေနှင့်။
- မိမိလုပ်နိုင်တဲ့စွမ်းရည်၊ မိမိမှာရှိတဲ့ အရည်အချင်းကို မိမိဘာသာ သေချာနားလည် သဘောပေါက် သိထားဖို့လိုပါတယ်။ ဒါမှ မိမိရဲ့ လုပ်နိုင်တဲ့စွမ်းရည်ထက် ကျော်လွန်ပြီး ဖြစ်ချင်တာတွေ၊ ဆန္ဒတွေဖြစ်လာရင် ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် မိမိ ဖြစ်ချင် တာတွေ၊ ဆန္ဒတွေကို မိမိရဲ့ လုပ်နိုင်တဲ့ စွမ်းရည်ဘောင်အတွင်းမှာသာ ရှိနေစေဖို့ ရည်ရွယ်ပါ။ သို့မဟုတ်ပါက မိမိလည်း မစွမ်းဆောင်နိုင်၊ လိုချင်စိတ်ဆန္ဒကလည်းလွန်ကဲ၊ သဟဇာတ မဖြစ်တော့ဘဲ စိတ်ဖိစီးမှုတွေ ဖြစ်လာမှာ ဖြစ်ပါတယ်။
(၇) ရှေ့ဆက်ဇွတ်မတိုးဘဲ နောက်ဆုတ်ပေးလိုက်ပါ။
- စိတ်ဖိစီးမှုကို တိုက်ဖျက်ရင်ဆိုင်ဖို့ နောက်ထပ် အကောင်းဆုံး အစားထိုးနည်းလမ်း ကတော့ စိတ်ဖိစီးမှုဖြစ်စေတဲ့ ပတ်ဝန်းကျင်ကနေ စွန့်ခွာလိုက်ခြင်းပဲဖြစ်ပါတယ်။ ဥပမာ အားဖြင့် အလုပ်ရှင်နဲ့ ဘယ်လိုမှ သဟဇာတမဖြစ်တော့ရင် အလုပ်ထွက်၊ အလုပ်ပြောင်း ဖို့ လုပ်ပါတော့။ လက်ရှိနေထိုင်တဲ့ အိမ်အခန်းကို လုံးဝ သဘောမကျတော့ရင် အိမ်အသစ် အခန်းအသစ်ကို ပြောင်းနေထိုင်ပေတော့။ ဒါဟာ အကောင်းဆုံး နည်းလမ်း တစ်ခုပါပဲ။
လိုအပ်ရင် အသုံးချလို့ ရတာပေါ့။
အားဆေးတခွက်
လူတစ်ဦးသည် ဘ၀တွင် အီစိမ့်နေပြီဖြစ်သည့်အတွက် ဆက်လက်ပြီး အသက်ရှင် မနေချင်တော့ဘူးဟု နော်မန်ဗင့်ဆင့်ထ်ပီယာလေထံ လာရောက်အကြံဉာဏ် ယူပါသည်။
"ခင်ဗျားကြည့်ရတာ ဆက်ပြီး အသက်ရှင်နေချင်တဲ့စိတ်တောင် ကုန်နေပြီထင်တယ်" ဟု နော်မန်ဗင့်ဆင့်ထ်ပီယာလေက ပြောပါသည်။
"ဟုတ်ပါတယ် ဆရာ၊ အခုချက်ချင်းပဲ သေချင်လှပါပြီဆရာ" ဟု ချက်ချင်းပြန်ဖြေကြားပါသည်။ ထိုသဘောထားမှတ်ချက်ကို ကြားရသော ပီယာလေက စမ်းသပ်မှုလေးတစ်ခု ပြုလုပ်ကြည့်ရန် ဆုံးဖြတ်လိုက်ပါသည်။
"ခင်ဗျား မနက်ဖန်အိပ်ရာက ထတာနဲ့တစ်ပြိုင်နက် အဲဒီနေ့ဟာ ခင်ဗျားအတွက် အသက်ရှင်ပြီးနေဖို့ နောက်ဆုံးနေ့အဖြစ် စိတ်ကူးပါ။ နောက်ဆုံးနေ့အဖြစ် ဟန်ဆောင်နေကြည့်ပါ။ ဒီအိပ်ရာပေါ်အိပ်တာ ဒါနောက်ဆုံးအိပ်ခြင်းပဲ။ အခုအိပ်ခဲ့တာ နောက်ဆုံးအိပ်ခြင်းပဲလို့ သင့်ကိုယ်သင် ပြောပါ"
"မနက်စာ သွားစားတဲ့အခါလည်း နောက်ဆုံးနံနက်စာအဖြစ် သဘောထားစားပါ။ နောက်ဆုံးပိတ် နံနက်စာဖြစ်သဖြင့် သင်ကြိုက်တာတွေ အားလုံးကျွေးဖို့ သင့်ဇနီးအား ပြောပါ။ စားရင်း သတင်းစာတွေဘာတွေ မဖတ်ပါနှင့်။ သင့်ဇနီးနှင့် စကားပြောပါ။ နောက်ဆိုရင် သင့်ဇနီးနှင့် စကားပြောခွင့် ရတော့မည်မဟုတ်တော့သဖြင့် အချိန်ယူပြီး စကားပြောပါ"
"အလုပ်သွားဖို့ ဘူတာရုံကို သွားတဲ့အခါ ဖြည်းဖြည်းလျှောက်သွားပါ။ သင့်နေအိမ်လေးကို သေသေချာချာ ကြည့်သွားပါ။ သင့်မြို့ကိုလည်း ဂရုတစိုက် ကြည့်ပါ။ နောက်ဆုံးပိတ်ကြည့်ခြင်းအဖြစ် အိမ်နီးချင်းတွေကိုလည်း ကြည့်ပါ။ ရထားစီးနေစဉ် ထိုခရီးသည် သင်နေသော ဒေသမှ မြို့သို့သွားသော နောက်ဆုံးအခေါက်ဖြစ်သည်ကို စိတ်ထဲတွင် မှတ်ယူထားပါ။ သင် မကြိုက်တာတွေကိုလည်း နောက်ဆုံးအနေဖြင့် တစ်ချက်ကလေးဝင့်ပြီး ကြည့်လိုက်ပါ။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ သင်နောက်တစ်ကြိမ် တွေ့ခွင့်ရတော့မည် မဟုတ်တော့ပါ" ဟု ပီယာလေက ပြောပြပါသည်။
ပီယာလေက လုပ်ဆောင်ရမည့် အချက်များအားလုံးကို ပြောပြပါသည်။ လာမေးသူက ထိုစမ်းသပ်မှုတွင် လက်တွေ့ပါဝင် လုပ်ဆောင်မည့်အကြောင်းနှင့် ရလာသော အကျိုးရလဒ်ကို ပြန်ပြောပြမည့်အကြောင်း သဘောတူပါသည်။ ထိုသူပြောပြသော ရလဒ်ကို ပီယာလေက အောက်ပါအတိုင်း ပြန်ပြောပြပါသည်။
သူသည် နောက်နေ့အထိပင် မစောင့်တော့ပါ။ နေ့တိုင်းကို နောက်ဆုံးနေ့အဖြစ် သဘောထားခဲ့ပါသည်။ အိမ်အပြန် ရထားပေါ်တွင် ယခင်ကလို သတင်းစာမဖတ်ဘဲ ရထားပြူတင်းမှ အပြင်သို့ ကြည့်လာခဲ့ပါသည်။ ကျေးလက်၊ မြို့ရွာများမှ အလင်းများ၊ သဘာဝအလှများသည် စိတ်လှုပ်ရှားစရာ ကောင်းလှသည်ကို တွေ့ပါသည်။ ထိုခရီးသည် စိတ်ချမ်းသာစရာကောင်းသော ခရီးဖြစ်သည်ကို သူက ပြောပြပါသည်။ ကြယ်တွေ တောက်ပနေသော ကောင်းကင်၊ လရိပ်ဆမ်းထားသော လမ်းတစ်လျှောက် အေးအေးသာသာ လမ်းလျှောက်ပြီး အိမ်သို့ပြန်လာခဲ့ပါသည်။ အိမ်ရောက်သည့်အခါ ကိုယ်တိုင်သော့ဖွင့်ပြီး ၀င်မည့်အစား လူခေါ်ခေါင်းလောင်းကို တီးလိုက်ပါသည်။ တံခါးပွင့်သောအခါ လွန်ခဲ့သော ၃၅ နှစ်က ချစ်ချစ်ခင်ခင် မြတ်မြတ်နိုးနိုး လက်ထပ်ခဲ့သောဇနီးကို လျှပ်စစ်မီးရောင်အောက်တွင် တွေ့ရပါသည်။ တွေ့တွေ့ချင်း ကျွန်တော့်ဇနီးကို လှမ်းဖက်လိုက်ပြီး တစ်သက်လုံး တစ်ခါမှ မနမ်းဖူးသော အနမ်းဖြင့် တစ်ဦးနှင့်တစ်ဦး နမ်းကြပါသည်။
ထိုအချိန်မှာပင် နောက်နေ့အတွက် ကျွန်တော် ဆက်လက်အသင်ရှင်ပြီးနေမယ်လို့ ဆုံးဖြတ်လိုက်ပါသည်။ နောက်နေ့တွေလည်း သက်တမ်းရှည်သရွေ့ ဆက်နေမည်ဟု ဆုံးဖြတ်လိုက်ပါသည်။" ဟု ထိုလူက ပြောပြကြောင်း ပီယာလေက ရှင်းပြပါသည်။
 အခက်ခဲဆိုတာ အခိုက်တန့် လေးတခုပါ။
ဒါလေးကိုကျော်ဖြတ်နိုင်ဖို့ မ မှာ အင်မတန်ခိုင်မာတဲ့ စိတ်ဓတ်တွေကို ရဲရဲဝင့်ဝင့် ထုပ်သုံးလိုက်စမ်းပါ။
သိပ်ချစ်တဲ့ မောင် 
အောင်မြင်သူနဲ့ ကျရှုံးသူတို့ အတွေးများ
အောင်မြင်တဲ့သူဆိုတာ အမြဲတမ်းပဲ အဖြေတွေရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေတတ်တယ်။
ကျရှုံးတဲ့သူကတော့ ပြဿနာတွေနဲ့ အမြဲတမ်း တလုံးတထွေး ဖြစ်နေတတ်သူပေါ့။
အောင်မြင်တဲ့သူမှာ အစီအစဉ် တစ်ခုမဟုတ်တစ်ခု ရှိနေတတ်တယ်။
ကျရှုံးတဲ့သူဆီမှာတော့ ဆင်ခြေဆင်လက်တွေကလွဲပြီး တခြားဘာမှ မရှိတတ်ဘူး။
အောင်မြင်တဲ့သူကပြောတယ် "ငါ....မင်းအတွက် လုပ်ပေးပါရစေ" တဲ့။
ကျရှုံးတဲ့သူဆီက ကြားရမှာကတော့ "အဲဒါ ငါ့အလုပ် မဟုတ်ဘူး"။
အောင်မြင်တဲ့သူက အခက်အခဲတိုင်း၊ ပြဿနာတိုင်းမှာ အဖြေရှိတယ်လို့ မြင်တယ်။
ကျရှုံးတဲ့သူကတော့ အဖြေတိုင်းမှာကိုပဲ ပြဿနာတွေနဲ့လို့ မြင်နေတတ်သူပေါ့။
အောင်မြင်တဲ့သူက "ဒါဟာ ခက်ခဲမှာမှန်ပေမယ့် ကျွန်တော်တို့ လုပ်နိုင်မှာပါ" လို့ ပြောတဲ့အချိန်မှာ၊
ကျရှုံးတဲ့သူကတော့ "ဖြစ်နိုင်စရာရှိပေမယ့် အဲဒါဟာ ကျွန်တော်တို့အတွက် အရမ်းကို ခက်ခဲလိမ့်မယ်" လို့ ပြောတတ်တယ်။
အောင်မြင်တဲ့သူက အမှားလုပ်မိတဲ့အခါ "ကျွန်တော်မှားသွားပါတယ်" လို့ ၀န်ခံပြောဆိုတတ်ပေမယ့်၊
ကျရှုံးသူကတော့ "အဲဒါ... ငါ့ကြောင့်မဟုတ်ဘူး" လို့ ငြင်းဆန်တတ်တယ်။
အောင်မြင်တဲ့သူက ကတိပေးထားတဲ့အတိုင်း လုပ်နေတဲ့အချိန်မှာ၊
ကျရှုံးတဲ့သူကတော့ လုပ်ပါ့မယ်လို့ ကတိတွေ အထပ်ထပ် ပေးနေတုန်းပဲ။
အောင်မြင်တဲ့သူမှာ စိတ်ကူးအိပ်မက်တွေရှိတယ်။
ကျရှုံးတဲ့သူမှာတော့ လျှို့ဝှက်အကြံအစည်တွေပဲရှိတယ်။
အောင်မြင်တဲ့သူက "ငါ... တစ်ခုခုကို မဖြစ်မနေလုပ်ရမယ်" လို့ ပြောတဲ့အချိန်မှာ၊
ကျရှုံးတဲ့သူကတော့ "ငါလုပ်ခဲ့ပြီးသားဖြစ်ရမှာ" လို့ ညည်းတယ်။
အောင်မြင်တဲ့သူက အသာစံရမယ့် ပန်းတိုင်ကို မြင်အောင်ကြည့်တယ်။
ကျရှုံးတဲ့သူကတော့ နာကျင်ရမယ့် ဆူးခင်းလမ်းတွေကို တွေးကြောက်နေတယ်။
အောင်မြင်တဲ့သူက ဖြစ်နိုင်ခြေတွေကို မြင်နေတဲ့အချိန်မှာ၊
ကျရှုံးတဲ့သူကတော့ အခက်အခဲတွေ၊ ပြဿနာတွေကိုပဲ မြင်တယ်။
အောင်မြင်တဲ့သူက နှစ်ဦးနှစ်ဖက်အကျိုးရှိမယ့် "ရှဥ့်လည်းလျှောက်၊ ပျားလည်းစွဲ " (win-win) ဆိုတာကို ယုံကြည်ပေမယ့်၊
ကျရှုံးတဲ့သူကတော့ သူအနိုင်ရဖို့အတွက် အခြားတစ်ယောက် ရှုံးနိမ့်ရမယ်လို့ ယုံကြည်ထားတယ်။
အောင်မြင်တဲ့သူက ဘယ်လိုအလားအလာတွေ ရှိသလဲဆိုတာကို မြင်အောင်ကြည့်တယ်။
ကျရှုံးတဲ့သူကတော့ အတိတ်က ရွှေထီးဆောင်ခဲ့တာကိုပဲ အိပ်မက်,မက်ကောင်းနေတုန်းပဲ။
အောင်မြင်တဲ့သူက သူပြောထားတဲ့အတိုင်း ရွေးချယ်တယ်။
ကျရှုံးတဲ့သူကတော့ သူဘာရွေးချယ်ထားသလဲလို့ပဲ ပြောတယ်။
အောင်မြင်တဲ့သူတွေဟာ ယဉ်ကျေးဖွယ်ရာတဲ့ စကားလုံးတွေနဲ့ အကျိုးအကြောင်းကို ဆွေးနွေးငြင်းခုန်ကြတယ်။
ကျရှုံးတဲ့သူတွေကတော့ ကြမ်းတမ်းတဲ့စကားလုံးတွေကို ပျားရည်သုတ်ပြီး လေပြေထိုးတတ်တယ်။
အောင်မြင်တဲ့သူတွေက "ကိုယ်မကြိုက်တဲ့အလုပ်ကို သူများအပေါ်လည်း မလုပ်ပါနဲ့" ဆိုတဲ့စကားကို လက်ကိုင်ထားပေမယ့်၊
ကျရှုံးတဲ့သူတွေကတော့ "သူများက ကိုယ့်ကိုမလုပ်ခင်၊ ကိုယ်ကဦးအောင်လုပ်ရမယ်" ဆိုတဲ့စကားကို ဦးထိပ်ပန်ဆင်ကြတယ်။
အောင်မြင်တဲ့သူတွေ ကိုယ်ဖြစ်ချင်တာကို ပုံဖော်ထုလုပ်ကြတယ်။
ကျရှုံးတဲ့သူတွေကတော့ ဖြစ်ချင်ရာဖြစ်ဆိုပြီး ရေစုန်မျှောလိုက်ကြတယ်။
အောင်မြင်တဲ့သူတွေက အောင်ပွဲအတွက် အစီအစဉ်ချပြီး ကြိုတင်ပြင်ဆင်ကြတယ်။
ကျရှုံးတဲ့သူတွေကတော့ အောင်မြင်ဖို့အတွက် အစီအစဉ်ဆွဲရုံသက်သက်ပဲ။
စိတ်အားမငယ်ပါနဲ့ ..ဘေးနားမှာနေပေးပါရစေ။
အားငယ်နေရင် အားပေးပါရစေ။
လိုအပ်ရင် အနားမှာအမြဲရှိပါရစေ။
သိပ်ချစ်တယ် မ ကို 
 မှတ်တိုင်တခုကို တဖြေးဖြေးနဲ့ မ နဲ့ မောင် အတွက်တည်ဆောက်နေတယ်လို့ သဘောထားပေးပါ။
သိပ်ချစ်တဲ့ မောင်
မ ဖတ်ဖို့ 
Carrots, Eggs & Coffee
အကြောင်းအရာလေးကတော့ မုန်လာဥ၀ါ၊ ကြက်ဥတစ်လုံးနဲ့ ကော်ဖီတစ်ခွက်ပါပဲ။
ဒီစာဖတ်ပြီးတဲ့နောက် သင့်အနေနဲ့ ဘယ်တော့မှ ကော်ဖီတစ်ခွက်ကို အရင်လိုမြင်တော့မှာ မဟုတ်ဘူး။
အမျိုးသမီးငယ်လေးတစ်ယောက်က သူ့အမေဆီကိုသွားပြီး ငိုပြတယ်။ သူမရဲ့ဘ၀ ဆင်းရဲခက်ခဲတဲ့အကြောင်းတွေကို တင်ပြတာပေါ့။
သူမဟာ ဘ၀ခရီးရဲ့ ခက်ခဲပင်ပန်းကြမ်းတမ်းမှုတွေနဲ့ ဘယ်လို ခရီးဆက်ရမှာလဲ။ သူမရဲ့ဘ၀ကို ဒီနေရာကနေ အရှုံးပေးချင်လာပြီလို့ ညည်းညူမိတယ်။
"ကြည့်လေအမေရယ်။ ဘ၀မှာ ပြဿနာတွေ အများကြီး။ ဒီတစ်ခု ပြေလည်သွားရင် နောက်တစ်ခု လာပြန်ရော။ ဆုံးကို မဆုံးနိုင်တော့ဘူး"
အမေဟာ ကြေကွဲဝမ်းနည်းနေတဲ့ သမီးကို မီးဖိုထဲကို ခေါ်သွားတယ်။ ပြီးတော့ အိုးသုံးလုံးမှာ ရေထည့်ပြီး မီးဖိုပေါ် တင်ထားလိုက်တယ်။ ကံအားလျော်စွာပဲ သူတို့အိမ်မှာ မီးဖို(၃)ခု အဆင်သင့်ရှိနေတယ်။
အိုးတွေဆူလာတဲ့အချိန်မှာ ပထမအိုးထဲကို သူမက မုန်လာဥ၀ါတစ်လုံး ထည့်တယ်။
ဒုတိယအိုးထဲကျတော့ ကြက်ဥတစ်လုံး ထည့်တယ်။
နောက်ဆုံးအိုးထဲကိုတော့ အမှုန့်ကြိတ်ထားတဲ့ ကော်ဖီစေ့တွေ ထည့်သတဲ့။
အမေဟာ စကားတစ်ခွန်းမှမပြောဘဲ အိုးသုံးလုံးစလုံး ဆူနေတာကို စောင့်ကြည့်နေတယ်။
မိနစ် ၂၀ လောက်ကြာတော့ သူမဟာ မီးဖိုတွေကို ငြှိမ်းသတ်လိုက်တယ်။
ပထမ သူမဟာ မုံလာဥ၀ါကိုဆယ်ပြီး ပန်းကန်တစ်ခုမှာ ထည့်လိုက်တယ်။
နောက် ကြက်ဥကိုဆယ်ပြီး ပန်းကန်တစ်ခုမှာ ထည့်ပြန်တယ်။
ပြီးတော့ ကော်ဖီကို ခွက်ရှည်တစ်ခုထဲ ငှဲ့ထည့်လိုက်တယ်။
အမေဟာ သမီးဖက်ကိုလှည့်ပြီး မေးခွန်းထုတ်လိုက်တယ်။
"ငါ့ကို ပြောစမ်း၊ နင်ဟာ ဘာလဲ"
"မုန်လာဥ၀ါလား၊ ကြက်ဥလား၊ ကော်ဖီလား"
အမေဟာ သမီးရှိရာကို မုံလာဥ၀ါကို ယူလာပြီး စမ်းခိုင်းတယ်။
သူမစမ်းကြည့်လိုက်တယ်။
"အင်း၊ ပျော့ပျော့လေးပါလား"
နောက်... အမေက "သမီးရေ ကြက်ဥကိုယူပြီး အခွံခွာလိုက်ပါ" လို့ ပြောတယ်။
သမီးဟာ ကျက်နေအောင်ပြုတ်ထားတဲ့ကြက်ဥ မာနေတာကို တွေ့ရတယ်။
နောက်ဆုံးမှာ အမေဟာ သမီးကို ကော်ဖီတစ်ငုံလောက် မြီးကြည့်ဖို့ပြောတယ်။
သမီးဟာ မွှေးကြိုင်ပြီး အရသာရှိတဲ့ ကော်ဖီကို တစ်ငုံမျှ သောက်မိတဲ့အခါ ကျေနပ်ပြီး ပြုံးလိုက်တယ်။
ပြီးတော့ အမေ့ကို မေးတယ်။
"အမေ၊ ဘာကို ဆိုလိုတာလဲ"
အမေက ရှင်းပြတယ်။
"သမီးတွေ့တယ်မဟုတ်လား။ ဒီပစ္စည်းသုံးခုလုံးဟာ ကံကြမ္မာ ယိုယွင်းလို့ မီးအပူနဲ့ ဆူစေတဲ့ရေထဲကို ကျရောက်ခဲ့တယ် မဟုတ်လား။
သို့သော် တစ်မျိုးစီဟာ မတူညီတဲ့ တုံ့ပြန်မှုတွေ ပေးခဲ့ကြတယ်။
တကယ်တော့ မုန်လာဥ၀ါဆိုတာ မူလက မာကျောကျောနဲ့ ချိုးဖဲ့ရ ခက်တာပဲ။
ဒါပေမယ့် ရေနဲ့ ပြုတ်လိုက်တယ်ဆိုရင်ပဲ နူးညံ့ပျော့ပျောင်းသွားတယ်။ အလွယ်တကူ ဖဲ့ထုတ်ယူလို့ရတယ်။
ကြက်ဥဆိုတာ အထိမခံ ရွှေပန်းကန်လေ။ ထိမိခိုက်မိမယ်၊ လွတ်ကျမယ်ဆိုရင် ကွဲသွားတော့တာပဲ။
အပြင်က အခွံပါးပါးမာမာလေးက အထဲက အရည်တွေကို ကာကွယ်ထားတာပဲပေါ့။
သို့သော် ရေနွေးထဲကိုလည်းရောက်လို့ ခပ်ကြာကြာလေး ထားလိုက်လို့ကတော့ အထဲမှာ မာကျောလာတော့တာပဲ။ ကြာကြာဆူလေ မာလေပဲပေါ့။
ကော်ဖီစေ့တွေက ထူးကိုထူးခြားတယ်။
သူတို့ကို ဆူအောင်ပူအောင်လုပ်တဲ့ရေကို သူတို့ပြောင်းလဲသွားစေတယ်။
ဒီလိုပြောပြီး သူမဟာ သမီးကို မေးလိုက်တယ်။
"သမီးဟာ ဘယ်လိုအမျိုးအစားလဲ"
"တကယ်လို့ ဆိုးဝါးတဲ့အဖြစ်တွေ သမီးရဲ့ အိမ်တံခါးကို လာခေါက်ရင် သမီးဘယ်လို တုံ့ပြန်မလဲ။
"မုန်လာဥ၀ါလိုလား၊
ကြက်ဥလိုလား၊
ဒါမှမဟုတ်.... ကော်ဖီစေ့လိုလား"
"သမီးက ဘယ်လိုလူမျိုးလဲ...."
"စဉ်းစားကြည့်ပါ"
"တကယ်လို့ သမီးဟာ မုန်လာဥ၀ါလို ဖြစ်နေတယ်ဆိုရင် မူလက ခပ်မာမာပါပဲ။ သို့သော် တွန်းတိုက်ခံရတဲ့အခါ ခွန်အားချိနဲ့သွားကာ အသုံးမကျ ဖြစ်သွားမှာလား"
"သမီးဟာ.. ကြက်ဥလိုလား။ အစပိုင်းမှာတော့ အတွင်းမှာ ပျော့ပျော့လေး။ နူးညံ့တဲ့ နှလုံးသားရှိတာပေါ့။ သို့သော် အခက်အခဲတွေ ကြုံတဲ့အခါ မာကျောလာတယ်လေ။ အပြင်ကကြည့်ရင်တော့ အတူတူပါပဲ။ သို့သော် အတွင်းမှာ ခါးသီးနာကြည်း မာကျောနေတာမျိုးပေါ့။ မာကျောတဲ့ နှလုံးသားပိုင်ရှင် ဖြစ်လာတယ်"
"ဒါမှမဟုတ် သမီးဟာ... ကော်ဖီစေ့တွေလား"
"ကော်ဖီစေ့တွေဟာ ရေနွေးကို ပြောင်းလဲပစ်နိုင်စွမ်း ရှိတယ်။။ တကယ်တော့ ဒီလိုအခြေအနေမှာ ပူလောင်ခြင်း ပြင်းစွာ ခံစားရမှာပဲ မဟုတ်လား။ ဒါပေမယ့် ရေကပူလာလေလေ သူက အမွှေးအကြိုင်တွေ (အနံ့) အရသာတွေ ထုတ်လွှတ်လေပါပဲ။ သမီးဟာ ကော်ဖီစေ့တွေလိုသာဆိုရင် အခက်အခဲ တွေ့လေလေ ပတ်ဝန်းကျင်ကို ပိုပြီးကောင်းမွန်တဲ့ အခြေအနေရောက်အောင် တွန်းပို့လေပါပဲ"
မှောင်မိုက်တဲ့ အချိန်ရောက်လေလေ လမ်းပြဟာ အရေးကြီးလေပါပဲ။
အခက်အခဲတွေ ကြုံလာတဲ့အခါ သမီး ဘယ်လိုရင်ဆိုင်မလဲ။
သမီးဟာ "မုန်လာဥ၀ါလား၊ ကြက်ဥလား၊ ဒါမှမဟုတ် ကော်ဖီစေ့လား"
နိဂုံး
သမီးအနေနဲ့ ပျော်ရွှင်ချမ်းမြေ့တဲ့ လမ်းကြောင်းကို ချမှတ်ဆောင်ရွက်နိုင်ပါစေ။
မျက်ရည်ကိုသိမ်း၊ ၀မ်းနည်းတာကို ဘေးဖယ်၊ လူသားတွေရဲ့ အကျိုးကို ဆောင်ရွက်နိုင်တဲ့ သမီးကောင်းရတနာ ဖြစ်ပါစေ။
မ လည်းသိပ်ကိုပျော်ရွင်တဲ့ မိဘကျေးဇူးဆပ်နိုင်တဲ့သမီးကောင်းလေးဖြစ်ပြီး မောင် နဲ့ အတူတူ ပျော်ရွင်စွာဘ၀ကိုဖြတ်သန်းနိုင်ပါစေ
သိပ်ချစ်တဲ့ မောင်