Tuesday 28 December 2010
အချစ်လား
(၁)
မ  ဘာလုပ်နေလဲ?
မောင် ကောင်းကင်ကို မော့ကြည့်နေတယ်။
၃ဝဒီဂရီ မော့ကြည့်တယ်ဆိုတာ ဘာလဲ?
အဲဒါ မ ကို မောင် လွမ်းတဲ့ ထောင့်လေ...
ဘာလို့ ကောင်းကင်ကို ၃ဝဒီဂရီ မော့ကြည့်ရတာလဲ?
မောင့် မျက်ရည်တွေ စီးမကျအောင်လို့...
(၂)
ပျော်ရွှင်ခြင်းကို မောင်တို့နှစ်ယောက် လိုက်ရှာခဲ့ဖူးတယ်
အနည်းဆုံးတော့ ပျော်ရွှင်ခြင်းရဲ့အရိပ်ကို မောင်တို့တွေ့ခဲ့ပါတယ်။
(၃)
အချစ်က မြှောက်ကိန်းနဲ့တူတယ်။ ကိန်းတစ်ခုခုက သုညဖြစ်တာနဲ့ ရလဒ်က အမြဲသုညဖြစ်သွားတယ်။
(၄)
မောင့် ကမ္ဘာထဲမှာ မ ဟာ အမြဲဖြူစင်နေသူပါ။ ဒီလောကကြီးကသာ ညစ်ပတ်နေတာပါ။
(၅)
နက်နက်နဲနဲချစ်ပါတယ်ဆိုတဲ့ အချစ်ကလည်း ဆင်းရဲတဲ့ဘဝကို ဖြတ်သန်းဖို့ ခံနိုင်ရည်ရှိရတယ်။
(၆)
ချစ်ရတဲ့မ ရဲ့ အချစ်ကိုရဖို့ အရာအားလုံးကို မောင်စွန့်လွတ်ရဲတယ်။
ဒါပေမယ့် အရာအားလုံးကို စွန့်လွတ်ပြီးနောက် မောင့် ကို မ ချစ်နိုင်ပါဦးမလား?
(၇)
အချစ်ဆိုတာ ရှေးဘဝက တင်ကျန်ခဲ့တဲ့အကြွေးကို ဒီဘဝမှာ လာဆပ်နေတာပါတဲ့။
အရင်ဘဝက မောင် ဘာအချစ်ကြွေးမှာ မကျန်ခဲ့လို့လား? ဒီဘဝမှာ မောင်ဆပ်ဖို့ အချစ်မရှိခဲ့ဘူး။
(၈)
အရင်က အနီရောင်နှင်းဆီဆိုတာ မရှိခဲ့ပါဘူးတဲ့။
အသဲကွဲသူတစ်ယောက်က နှင်းဆီဆူးနဲ့ လက်ကောက်ဝတ်ကိုဖြတ်ပြီး သွေး၊ မျက်ရည်တွေနဲ့အတူ ပွင့်ဖပ်ဖြူကို အနီရောင် ဆိုးလိုက်တာပါတဲ့။ အဲဒီကစ အသဲတစ်ခုကွဲကြေတိုင်း နှင်းဆီနီတစ်ပွင့် ဖူးပွင့်ခဲ့တယ်။
(၉)
မောင်ဟာ မ ရဲ့မျက်ရည်တစ်စက်ဆိုရင် မ နှတ်ခမ်းထက် မောင်ေ ကြွကျပြီး မ နှလုံးသားထဲထိ စီးဆင်းမယ်။
 မ သာ မောင့် ရဲ့မျက်ရည်တစ်စက်ဆိုရင် ဒီတစ်သက် မောင် မငိုတော့ဘူး။ မ ကို ဆုံးရှုံးမှာစိုးလို့ပါ။
(၁ဝ)
တချို့ကပြောတယ်။ မျဉ်းဖြောင့်နှစ်ကြောင်းဟာ ဘယ်တော့မှ မဆုံနိုင်လို့ မျဉ်းဖြောင့်နှစ်ကြောင်း ဖြစ်မှာကို စိုးကြောက်တယ်တဲ့။
တကယ်တော့ ဖြတ်မျဉ်းနှစ်ကြောင်းဖြစ်မှာကို မောင် အကြောက်ဆုံးပဲ။
ဆုံမှတ်ရှိရက်နဲ့ တစ်နေ့နေ့၊ တစ်ချိန်ချိန်မှာ ခွဲခွာကြရတယ်။ ခွဲလေ ဝေးလေနဲ့....
(၁၁)
အချစ်ဆိုတာ သားရေပင်ဆွဲနေသူနှစ်ယောက်နဲ့ တူတယ်။
အနာခံရတဲ့သူက သားရေပင်ကို နောက်ကျမှ လွတ်တဲ့လူဖြစ်တယ်။
                                                                                                  မကို တအားချစ်တယ်..(မောင်)
Thursday 23 December 2010
ခရစ်စမတ်လက်ဆောင်
ဆောင်းတွင်းဆိုရင် လူများတွေက ခရစ်စမတ်ဆိုပြီးလုပ်ကြတာတွေ့ ဖူးပါတယ်။
ဘာရယ်တော့မဟုတ်ပါဘူးအများက လုပ်တော့လည်း အပျော်တွေကူးတယ်လို့ ဆိုရမှာပေါ့။
လူဆိုတာက ပတ်ဝန်းကျင်နဲ့ နေကြတဲ့သူတွေကြီးပါပဲ။
ဒါမလို့ ခရစ်စမတ်ဆိုတာ အားလုံးနဲ့ ရင်းနှီးနေကြမယ်ဆိုတာ ငြင်းနိုင်မယ်မထင်ပါဘူး။
များသောအားဖြင့်ခပ်ချောချောကောင်မလေးတွေကလည်း ခရစ်စမတ်ဆိုရင်
တော်တော်ကဲတာ ကြားဘူး မြင်ဘူးသလိုလိုပါပဲ.။ကျွန်တော့် ချစ်သူအပါဝင်ပေါ့။(ချောတာကိုး)း)
ကိုယ်ကပဲခရစ်စမတ်မသိရင် အောက်ကျရမယ့် အနေထားလိုလိုဖြစ်နေတဲ့ ပုံစံပါပဲ။
ဗမာလူမျိုးဆိုတာကလည်း အယူဝါဒ အစွဲလန်းကလည်းတော်တော်ကြိးီပါတယ်။
ဒီလိုပဲ ကျွန်တော်ကလည်းမျိုးရိုးအရ  အစွဲလန်းကြီးရတာပေါ့။
ဗမာ လူမျိုး ငါတို့ ဘာသာကမှ ဆိုတဲ့ အစွဲလေးတော့ရှိတာပါပဲ။
ဒါကလည်းလုတိုင်းပါပဲ.။
သို့ ပေသော်ငြားလည်း
ကျွန်တော်ချစ်လှစွာသောချစ်သူလေးက ဗမာပင်ဖြစ်သော်ငြားလည်း
လုပ်နေကျအလေ့အထလေးရှိတဲ့ အတွက်အပင်ပန်းခံပြီးလုပ်နေတယ်လေ။
သူပျော်ရွှင်စေချင်တာကြောင့် ကျွန်တော်လည်းပျော်ရွှင်စရာတွေကို
ဆုတောင်းလိုက်ပါရစေဗျာ။
ဒီနေ့ ကျွန်တော်ချစ်သူက ခရစ်စမတ်ပါတီလေးလုပ်တဲ့အတွက်
အားလုံးကိုဆုတောင်းမေတ္တာလေးပို့ သပါရစေခင်ဗျာ။
ခရစ်စမတ်ဆိုတဲ့ နေ့ လေးကစလို့ နောင်နှစ်ပေါင်းများစွာတိုင်
စိတ်ချမ်းသာကိုယ်ကျန်းမာပြီး
ကိုယ်ရည်မှန်းတဲ့ ပန်းတိုင်ကို အရောက်လှမ်းနိုင်ကြပါစေလို့ 
ကျွန်တော် နဲ့ ကျွန်တော့် ချစ်သူက ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။
ခရစ်စမတ်မှာချစ်သူအနားမှာမရှိနေပေမယ့်
ကဗျာတွေ
စာတွေ
မဖွဲ့ ပဲ
ချစ်သူကိုဆုတောင်းပေးလိုက်ချင်ပါတယ်။
ချစ်သူ။
တစ်ဘ၀မှာ
တစ်ယောက်တည်းချစ်ရသူမို့ 
အပြုံးတွေရင်မှာပိုက်
ပီတိတွေတစ်ပုံတစ်ပင်နဲ့ 
ချစ်တဲ့ မကို
ရင်ခွင်မှာထားလို့ 
ကြည်နှုးချစ်ခင်
ကြင်နာမှု တွေနဲ့ 
ဘ၀ကို လှမ်းဆက်ပါရစေ။
ချစ်သူ.။
ပျော်ရွှင်ပါစေလို့ 
မောင်
ဆုတောင်းလိုက်ပါတယ်.။
သိပ်ချစ်တဲ့ (မောင်)
Sunday 19 December 2010
စံပယ်
နေခြည်ဖြာချိန် ဆို. နှုတ်ငုံလို ဖြူလွှကာတင့်တယ်
သူရနံ့ က နာကြင်ခံစားဝေဒနာများကိုဖယ်ရှားပေးတယ်။
ယုံကြည်စွမ်းအားသတ္တိများကို သူပေးသနားတယ်။
ခါးသီးဘ၀ ကြုံတွေ့ ရလည်း ပျော်ရွှင်စိတ်ထား ရင်ဆိုင်သွားဖို့ သူအားပေးတယ်။
ဝင်းပကြည်စင် ချစ်ခင်စဖွယ် ငွေစံပယ်လို 
အေးဆေးငြိမ်သက် ရဲထက်အစွမ်း ညယံမှာပွင့်လန်းမယ်။
ပိုင်ဆိုင်အလှ တဘ၀တည်းအတွက် မဟုတ် 
သင်းထုံရနံ့ ပေးဆပ်ကုစား ဘ၀များစွာအတွက်ရှင်သန်မယ်။
မှောင်မိုက်ချိန်များ ကျော်လွန်ကာသွားတဲ့ အခါ
ကောင်းခြင်းမင်္ဂလာ ပြည့်စုံစွာနဲ့ တင့်တယ်စေမယ် ငွေစံပယ်။ (မောင်&မ)
Wednesday 15 December 2010
ခရစ်စမတ်အကြိုချစ်သူအတွက်လက်ဆောင်
ခရစ်စမတ်ရောက်ရင် သိပ်ပျော်တတ်တဲ့ ချစ်သူအတွက်
ချစ်သော မောင်မှ အမှတ်တရလက်ဆောင်လေးတွေပုံတွေပေးလိုက်တယ်နော်.
သိပ်ချစ်တယ်.ချစ်သူ(မောင်)
Monday 13 December 2010
သူမ ရေချိုးနေသည်
ရင်ခုန်သံတိုင်းက အချစ်ဆိုရင် ဘယ်လောက်ချစ်လည်းဆိုတာပြောမပြတတ်အောင်ပဲ.
ဘာလို့ လည်းဆိုတော့ သူမ နဲ့ ပတ်သက်လာရင်အမြဲတမ်းရင်ခုန်နေလို့ မလို့ ပါ။
ဘ၀မှာ တစ်သက်မှတစ်ခါဆိုသလိုပဲ လူတိုင်းအချစ်နဲ့ မကင်းတတ်ကြပါဘူး။
အချစ်နဲ့ ဘ၀ဆိုတာတခါတည်းတွဲပါလာလို့ ပါ။ဘ၀ဆိုတဲ့ ဖြစ်တည်မှု့ ပေါ်လာရင်
အချစ်ဆိုတာလည်းဘ၀နဲ့ တခါတည်းတွဲပါလာပါတယ်။အဲသလိုပဲ ကျွန်တော့်မှာလည်း
ဘ၀ဆိုတာဖြစ်တည်လာပီမို့ အချစ်ဆိုတာလည်းဖြစ်ပေါ်လာခဲ့ရပါပြီ။
ဘ၀ရဲ့ အစက အမေမွေးကတည်းကဆိုပေမယ့် 
ကျွန်တော့်အတွက်တော့အခုမှဘ၀ကစတာလို့ ပြောလို့ ရပါတယ် 
ဘာလို့ လည်းဆိုတော့ သူမ အတွက်ပေးဆပ်ထားတဲ့ အချစ်တွေက အတိုင်းအဆမဲ့ နေလို့ ပါ
အတိုင်းအဆမဲ့ နေတဲ့အချစ်တွေက ဘ၀ကိုအဆုံးဖြတ်ပေးနေလို့ မလို့ ကျွန်တော့်ရဲ့ ဘ၀က 
အခုမှစတာပါလို့ ပြောရတာပါ။ 
ရှေ့လျှောက်လာမယ့် ကျွန်တော့်ဘ၀ရဲ့ ဖြစ်တည်မှု့ အားလုံးကသူမတစ်ယောက်တည်းအပေါ်မှာသာ
မူတည်နေတယ်လို့ ရုးမိုက်စွာနဲ့ ပြောချင်ပါတယ်။ဘာကြောင့်လည်းလို့ မမေးပါနဲ့ 
အားလုံးသိတဲ့ အချစ်ဆိုတာကြောင့်ပါပဲ။သို့ သော်လည်း အချစ်ရူးလားလို့ မေးရင်လည်း 
အချစ်ရုးတာတော့ မဟုတ်ပါဘူးလို့ .သိပ်ချစ်လို့ ရူးရူးမိုက်မိုက်ချစ်သွားတာပါလို့ 
စကားကိုမလည်ရှုပ်နဲ့ ဖြေရပါလိမ့်မယ်။
လူတစ်ယောက်က အနာဖြစ်နေတာကို ဒုတ်ကျလာရင် နာတတ်ကြပါတယ် ။
ထို့ အတူပဲ ကျွန်တော်လည်း ခဲမှန်ဘူးတဲ့စာသူငယ်လိုပါပဲ 
ချစ်သူအပေါ်ကို ချစ်မြတ်နိုး ပိုင်ဆိုင်ချင်တဲ့စိတ်တွေပေါ်လာတာနဲ့ အမျှ 
တခါမှမမြင်ဘူး မတွေ့ ဘူးသော စိုးရိမ်စိတ်တွေကို ပိုင်ဆိုင်လာရပါတော့တယ်။
တိုက်ပွဲ တွေအပြင်မှာ လက်တွေ့ ကြုံခဲ့ ရပေမယ့် ဒီလိုမျိုးသာ သတိနဲ့ ယှဉ်ပြီး
လုပ်ခဲ့မယ်ဆိုရင် အောင်ပွဲရတဲ့ တို့ စစ်သည်ဖြစ်နေလောက်ပါပြီ။
ဘာလို့ လည်းဆိုတော့ သူမ နဲ့ ပတ်သက်လာရင် အမြဲတမ်း အသေးအဖွဲကစ
အားလုံးကို လိုက်ကြည့်နေတတ်တဲ့အကျင့်တွေရှိနေလို့ ပါပဲ။
ဒါ ဘာလို့ လည်း 
သိကြပါရဲ့ လား။
အဲဒါတိတိကျကျပြောလို့ ရပါတယ်။
ကျွန်တော်ကိုယ်တိုင်ဖန်တီးထားတဲ့အချစ်မလို့ ပါပဲ။
ကဲ 
တစ်ခြောက်ခြောက် တဂွတ်ဂွတ်အသံကြားရင် ထိတ်လန့် နေတဲ့ ကျွန်တော်
သူမ ရေချိုးကပြန်လာမှပဲစိတ်သက်သာရာရပါတော့တယ်။
ဆက်ပါအုံးမယ်။
သူမ အတွက်
သူမဆိုသည် မှာ ကျွနိုပ်၏ချစ်လှစွာသော ချစ်သူပင်ဖြစ်ပါသည်။
(မောင်)
Tuesday 7 December 2010
ခရစ်စမတ်တစ်ပိုင်းတစ်စ
ရောက်လာတော့မယ်
ခရစ်စမတ်ကို။
ဘာလိုလိုနဲ့ တစ်နှစ်ကုန်ခါနီးလို့ ခရစ်စမတ် အချိန် တောင် ရောက်ပြန်တော့မယ်။ ကျွန်တော့်အတွက် အိမ်နဲ့ ဝေး ရပ် မှာ ရောက် နေခဲ့ရတဲ့ ခရစ်စမတ် ရာသီ တွေလည်း မနည်း တော့ပါဘူး။ သူများ မိသားစုတွေ စုဝေး ပျော်ရွှင် နေကြတာ မြင်ရင် အိမ်ကို ပိုလို့တောင် လွမ်းရ ပါသေးတယ်။ ချမ်းချမ်းစီးစီး ဆောင်းရက်ထဲမှာ ကိုယ့်မှာ ဖြင့်တော့ တစ်ယောက် တည်းလေ။ 
ဒီလို ခရစ်စမတ်အချိန်ရောက်ရင် ကိုယ့်ဘာသာကိုယ် အိမ်လွမ်းလို့ မပျော်နိုင်လို့သာပါ။ တကယ်ကတော့ ဒီနိုင်ငံ ကလူတွေအတွက်တော့ ပျော်စရာ ပွဲတော် ရက်ကြီးပါပဲ။ အိမ်တွေမှာ မီးရောင်စုံတွေ ထွန်းကြ၊ ခရစ်စမတ် သစ်ပင်ကို အလှတွေဆင်ကြ၊ မိသားစုမိတ်ဆွေတွေကို ပေးဖို့ လက်ဆောင်တွေ ၀ယ်ကြနဲ့ပါ။ ခရစ်စမတ်ဆိုတာ ဘာသာရေးပွဲတော်အဖြစ် အစပြုခဲ့ပေမယ့် အခုနောက်ပိုင်းမှာဖြင့် လူမျိုးဘာသာမရွေး ၀င် ရောက် ပါဝင် ဆင်နွှဲလာကြပါပြီ။ အထူးသဖြင့် မိတ်ဆွေအချင်းချင်း လက်ဆောင်တွေ လဲလှယ်ပေးကမ်းကြတဲ့ အချိန်မျိုးတွေမှာ အားလုံး ၀ိုင်း ပျော်တတ်ကြပါတယ်။
ကျွန်တော်လည်းပဲ ကျွန်တော့်ရဲ့ သူငယ်ချင်း မိတ်ဆွေတွေကို ပေးဖို့ လက်ဆောင်တွေ ထွက်ဝယ်ခဲ့ရဘူးပါတယ်။ ခရစ်ယာန်မဟုတ်ဘဲ ခရစ်စမတ်မှာ လက်ဆောင်တွေ ပေးကြ လဲလှယ်ကြလုပ်တာပဲလားလို့ ကျွန်တော့်ကိုသူငယ်ချင်းတချို့တစ်ချို့က မေးပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ခရစ်ယာန် ဘာသာဝင်ဖြစ်မှ ခရစ်စမတ်ပွဲကို ၀င် နွှဲရမယ်လို့ မယူဆပါဘူး။ ကျွန်တော့် အတွက်တော့ ခရစ်စမတ်ဆိုတာ အနောက်တိုင်း သီတင်းကျွတ်လိုပါပဲ။ အိမ်တွေမှာ မီးရောင်စုံတွေ ထွန်းကြတာလဲ တူတယ်လေ။ မြန်မာ့ရိုးရာ ဓလေ့ထုံးတမ်း အစဉ်အလာမှာက လူကြီးသူမတွေ ဆရာသမားတွေကို ဂါရ၀ပြုကြရတာ မှန်ပေမယ့် နောက်ပိုင်းမှာ သီတင်းကျွတ်ကို ခုတုံးလုပ်ပြီး အကျိုးလိုလို့ ညောင်ရေလောင်းတဲ့ အလုပ်တွေ လုပ်လာ ကြတာတွေရှိပါတယ်။ လူကြီးများကို ကြိမ်ခြင်းကြီးတွေ နဲ့ ခြင်းကပ်ကြပါတယ်။ ဒီက ခရစ်စမတ်ကတော့ လူကြီးကလေး မရွေး အချင်းချင်း အပြန်အလှန် လက်ဆောင်တွေ ပေးကြတယ်။ အကျိုးလိုတာကြောင့်ထက် မိမိရဲ့ ကျေးဇူးတင်မှုကို ပြသဖို့ အပြန်အလှန် ကျေးဇူးတုံ့ပြန်ကြဖို့ လက်ဆောင်တွေပေးလေ့ရှိကြပါတယ်။
ခရစ်စမတ်ဆိုတာ ပေးဝေခြင်း၊ မျှဝေခြင်းလို့ တချို့က ခေါ်ကြပါတယ်။ တချို့ကလည်း အရောင်းဆိုင် စီးပွားရေးတွေက လူတွေ အချင်းချင်း လက်ဆောင်တွေပေးရင် သူတို့ ပိုရောင်းရအောင် ထွင်တဲ့ စကားပါတဲ့။ ဘယ်သူတွေ ဘာပြောပြော ကျွန်တော့်အတွက်ကတော့ ကုန်ဆုံးကာနီး နှစ် တစ်နှစ်အတွင်း ကိုယ့်အပေါ် ကောင်း ခဲ့တဲ့ ကူညီခဲ့တဲ့ သူတွေကို ကျေးဇူးတုံ့ပြန်ခွင့်ရတဲ့ အချိန်တစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ့်လောက် ကံမကောင်းတဲ့ သူတွေကိုလည်း တစ်ခဏတာ ပျော်ရွှင် နွေးထွေးခွင့်တွေ မျှဝေနိုင်တဲ့ အချိန်လည်း ဖြစ်ပါတယ်။ တတ်နိုင်ရင် ဒီလို အခွင့်အရေးတွေကို တစ်နှစ်ပါတ်လုံးတောင် ရချင် ပါတယ်။ ဒါပေမယ့် တတ်နိုင်တဲ့ အခြေအနေအတွင်းကပဲ မျှဝေနိုင်သေးတာမို့ ကိုယ်တတ်စွမ်းသ၍ ကိုယ် ချစ်ခင်သူများ၊ လိုအပ်သူများကို မျှဝေနိုင်တာပဲ တော်သေးတယ်လို့ ပြောရပါမယ်။
ဒီလောက်ပျော်ရွှင်စရာကောင်းတဲ့ ခရစ်စမတ်လေးကိုရောက်လာပါတော့မယ်။
ကျွန်တော်စိတ်ထဲမှာရှိတဲ့အတွေးလေးတစ်ခုကိုပြောပြချင်နေမိတယ်။
တခါတုန်းကလို့ ပြောရမှာပေါ့..
တခါတုန်းကဆိုတာနဲ့ ဗာရာဏသီပြည်ကိုပြေးပြီးမမြင်မိစေချင်ပါဘူး။
တခါတုန်းကခရစ်စမတ်နေ့ 
နှစ်စဉ် နှစ်တိုင်း ဒီဇင်ဘာလရောက်လာပြီ ဆိုတာ နဲ့ ပျော်ရွှင် နေတယ် ။ 
ရာသီဥတု အရလည်း အေးဆေးတာမို့  နေရထိုင်ရတာ သက်တောင့် သက်သာ ရှိပြီး မနက်စောစော မြူနှင်းတွေ ဝေနေတဲ့ မြင်ကွင်း ကို ကြည့် ရတာ 
လွမ်းစဖွယ် ပန်းချီကား တချပ်လို မို့ အိပ်မက်များလား လို့ တောင်ထင်မိတယ် ။ 
အာရုံအတက် နေထွက် လာပေမဲ့ အချမ်းဓါတ်က လျော့ မသွားပဲ မနက်စောစော ဆောင်းလေအေးအေးမှာ လမ်းလျှောက်ထွက် ရတဲ့  အရသာ။ 
မဟာရန်ကုန်မြို့ မှာနေခဲ့ သောသူမ အဖို့ တော့ ဒီမျှလောက်သောကြည်နူးမှု မျိုးကို ခံစားကြည်နူးရသော ခရစ်စမတ်ကို သူမ အဖို့ မေ့ မည်မထင်ပေ။
ဒါတွေကို သူမတစ်ယောက်အဝေးတစ်နေရာ မှလွမ်းဆွေးရင်း 
ငိုကြွေးခဲ့ ရတဲ့ နေ့ တွေဘယ်လောက်တောင်များခဲ့ ပြီလည်း.။
တစ်ချိန်တုန်းက ဆို သိုက်သိုက်ဝန်းဝန်းရှိခဲ့ တဲ့ မိသားစုဘ၀လေးကို သူမလွမ်းဆွတ်တမ်းတငိုကြွေးဝမ်းနည်းခဲ့ ရတယ်
ဒါကို သူမ တစ်ယောက်မှလွဲပြီး မည်သူတစ်ဥိးတစ်ယောက်မျှ ခံစားပေးနိုင်မည်မထင်ပါ။
အလုပ်တွေနဲ့ တစ်ခါတစ်လေ ပြွတ်သိတ်နေသော်လည်းလွမ်းဆွတ်တမ်းတအားငယ်နေသော
စိတ်တို့ ကတားဆီးမရနိုင်လောက်အောင်ပင် သူမမျက်ရည်မိုးတို့ ဖြင့်ရွာချသည်မှာ အကြိမ်ကြိမ်ပင်။
တချိန်တုန်းက
ခရစ်စမတ် ရောက်လာပြီဆိုလျှင် 
သူမအဖို့ တော့ သိပ်ရင်ခုန်ဖွယ်ရာအချိန်လေးပေါ့။
ဖေဖေက တမျိုး မေမေကတစ်ဖုံ
မိသားစု တစ်သိုက်အလုပ်ရှုပ်ကြပြီ.
ခရစ်စမတ်နေ့ ရောက်လျှင် သူမအဖို့ လက်ဆောင်များများရဖို့ သာတွေးနေသော
မေမေ့ အားကူညီနေရသော သူမဘ၀လေး။
သူမ အဖို့ ထို့ ကဲ့ သို့ သောအခိုက်တန့် လေးက သာယာပျော်ရွင်ဖွယ်အတိ ။
ဝေးရပ်မြေခြားရောက်နေသောသူ မအကို 
အို ...
အားလုံး အားလုံး
သူမ စိတ်ထဲ အမြဲတမ်းမြင်ရောင်တမ်းတမိနေသည် မှာကား ခရစ်စမတ်ရောက်တိုင်းပင်။
သူမအဖို့ လွမ်းဆွတ်တမ်းတစရာများတစ်ပုံတစ်ပင်.။
မည်သို့ ပင် လွမ်းဆွတ်တမ်းတနေသော်လည်း သူမ
မလျှော့ သောဇွဲ လုံလ ၀ီရီယတို့ ဖြင့် 
ဘ၀ကို အားသွန်ခွန်စိုက် ကြိုစားနေသည် 
သူ တစ်ပါးအားပေးကမ်းစွန့် ကျဲ တတ်သောစိတ်စေတနာ။
ကူညီသနားတတ်သောစိတ်စေတနာ။
အားနာတတ်သောစိတ်စေတနာ။
တခါတရံ မိန်းမသားဘ၀ပေမို့  စိတ်အာငယ်တတ်သောစိတ်။
မဟုတ်မခံ အလုပ်ကိုကြိုးစားတတ်သောစိတ်။
အပင်ပန်းခံနိုင်သောစိတ်။
ကြင်နာတတ်သောစိတ်။
ဖြူစင်သော စိတ်
လှပသော မျက်နှာတို့ ဖြင့်  သူမ ဘ၀ ကျင်လည်လှုပ်ရှားခဲ့ သည်မှာ ကြာခဲ့ လေပြီ။
သူမကား  ကျွန်တော်အလွန်တရာမှ ချစ်မြတ်နိုးမိသော 
ကျွန်တော် အသဲနှလုံး လေးပင်ဖြစ်ပါသည်။
ကျွန်တော်သည် သူမ အား အင်မတန်မှပင် ချစ်ခင်မြတ်နိုးပါသည်။
သူမ ဘ၀ဖြတ်ကျော်လာခဲ့ သည်များကို  ကျွှန်တော်နားလည်ပေးနိုင်စွမ်းရှိသည်။
ကျွန်တော်သည်ထို ကဲ့ သိုနားလည်အောင် ကြိုးစားခဲ့ ပါသည်။
နှလုံးသား ဆိုသည်မှာ ကား အလွန်တရာ နူးညံ့ လှသည်မှာငြင်းနိုင်ဖွယ်ရာ တစိုးတစင်မျှ မရှိ။
ကျွန်တော်စိတ်အစဉ်တွင် 
သူမ ကိုချစ်သောစိတ် 
စိတ်ချမ်းသာစေချင်သောစိတ်
အထောက်အပံ့ ပေးစေချင်သောစိတ်
ပျော်ရွှင်စေချင်သောစိတ်
သူမ အား ပေးဆပ်ချင်နေသောစိတ်တို့ ဖြင့် 
သူမ အတွက် 
ခရစ်စမတ် အကြိုဆုတောင်းအား
ပေးလိုက်ပါသည်။
ပြောနေကျစကားတခွန်းအား 
လေးနက်စွာသူမအတွက် ပြောပြချင်မိပါသည်.
" မ ကို သိပ်ချစ်တယ်"
 ခရစ်စမတ် အကြိုပျော်ရွှင်နိုင်ပါစေ 
သိပ်ချစ်တဲ့ (မောင်)
Monday 6 December 2010
ဇာတ်ကားကြည့်ခြင်းမှဖြစ်ပေါ်လာသော အတွေးပီတိတစ်စ
တိတ်ဆိတ်နေသောအခန်းထဲဝယ် ကျွန်တော်တစ်ယောက်တည်း ချစ်သူနဲ့ စကားပြောပြီးအချိန်သကာလ
အချိန်ခနအနည်းငယ်မျှ စာကြည့်ပြီးလျှင် အပန်းဖြေစရာတခုခုအတွက် တစ်ခါမှမကြည့်စဖူး သောဇာတ်လမ်း
မြန်မာဇတ်ကားတစ်ကားကိုကြည့်ဖြစ်မိသည်။
ဇာတ်ကား ဆိုလျှင် သိပ်ဝါသနာမပါတတ်သော ကျွန်တော်အဖို့ အချိန်ပေးပြီးကြည့်ရသောအလုပ်ကို
ဟာသာဇာတ်ကားမှလွဲပြီး ကျန်သောဇာတ်ကားကိုသိပ်မကြည့်ဖြစ်လှပါ။သို့ သော်လည်း
ခနတဖြုတ်ကြည့်မိလိုက်သောဇာတ်ကားမှ အင်မတန်စိတ်ကြည်နူုးဖွယ်ကောင်းလှသော
ဇာတ်ကွက်တကွက်ကို သိလိုက်ရသောအခါရင်ထဲတွင်အတိုင်းမသိပီတိဖြစ်ခဲ့ရသည်မှာအမှန်အပင်
ဖြစ်ပါသည်။
မြန်မာဇာတ်လမ်း ဆိုင်း၏ အတီးမှာလည်းအင်မတန်မှပင် သာယာနာပျော်ဖွယ်ကောင်းလှပါသည်။
တစ်ခါတစ်ရံ ကျွန်တော်တွေးတောမိပါသည်  ဘာကြောင့် ကျွန်တော်သည် လူငယ်ပီပီ
ခပ်ဟော့ဟော့ ဟစ်ဟော့များထက် မြန်မာသံစဉ်ကို ပိုနှစ်သက်နေပါသနည်းဆိုတာကို မေးခွန်း
ထုတ်မိပါသည်။သို့ သော် ကျွန်တော်မှာအဖြေဆိုတာရှာမရခဲ့ပါ။
အညာသား မကွေးမြို့ သားဖြစ်သောကြောင့်လားမပြောတတ်ပါ။
မည်သို့ ပင်ဆိုစေကာမု
ကျွန်တော်သည် အမိမြန်မာပြည်ကိုချစ်မြတ်နိုးသောစိတ် မျိုးချစ်စိတ် ရှိလှသည်ဟုထင်မြင်မိပါသည်။
ကျွန်တော်သည် လူကောင်းတစ်ယောက်မဟုတ်သလို လူတော်တစ်ယောက်လည်းမဟုတ်ပါ
ထို့ အတူပင် လူယုတ်မာလည်း မဟုတ်ပါ ။ကျွန်တော်သည် လူများထဲမှ သာမာန်လူတစ်ယောက်ဟုသာ
မိမိကိုကိုယ်မိမိ ထင်မြင်ယူဆထားပါသည်။
ကျွန်တော်ရေးသောအကြောင်းများသည် ကျွန်တော်ချစ်သူ နှင့် ကျွန်တော့်အတွက်သာသီးသန့်   ဖတ်ဖို့ ရေသားသည်ဖြစ်သော်ငြားလည်းခေတ်မှီဖွံ့ ဖြိုးတိုးတက်နေသော ခေတ်စံနစ်အခြေအနေ တစ်ရပ်နှင့်အညီ တစ်ဦးတစ်ယောက်လာရောက်ဖတ်ခဲ့သည်ရှိသော်နားလည်စေရန်အလို့ ငှာ ဦးစွာပဏာမ ပြောပြခြင်းမျှသာဖြစ်ပါသည်။
လူ့ ဘ၀ဟုသည်ကား အတ္တ ပရ စေတနာ ဟူသော စိတ်တို့ သည်ကား လူတိုင်းတွင် ရှိမည်ဟုထင်မြင်မိပါသည်။မိမိကိုကိုယ်ကို  မိမိချစ်သောစိတ်၊ မိမိ၏ မိသားစုကို
ချစ်သောစိတ် ၊မိမိ၏မိဘ၊မိမိတိုင်းပြည်ကိုချစ်သောစိတ် ထို ကဲ့သို့ သောစိတ်များရှိကြသည်မှာ ဓမ္မတာပင်
ဖြစ်ပါသည်။ထို့ အတူပင် လူတစ်ယောက်ဖြစ်သော ကျွန်တော်သည်လည်း ထို့ နည်းတူစွာပင်ဖြစ်ပါသည်။၊
ကျွန်တော် ကြည့်ဖြစ်သောဇာတ်ကားမှာဘိတ်သိတ်ပြိုင်ပွဲတစ်ခုတွင် ဘိတ်သိတ်ဆရာနှစ်ယောက်၏
ဘ၀ကို ထင်ဟပ်ဖော်ပြထားပါသည်။တစ်ဦးမှာ စိတ်ကောင်းမွန်လှပြီးအောက်သက်ကြေသူအဖြစ်
ဖော်ပြထားပါသည် တစ်ဦးမှာမာန်မနာထောင်လွားသူအဖြစ်ဖော်ပြထားပါသည်။သူတို့ နှစ်ဦးပြိုင်ပွဲဝင်သော
အခါတစ်ဦးက မာန်မာနာတရားထောင်လွားပြီး ဘာမထီသောစိတ်ဖြင့်ယှဉ်ပြိုင်ကာနောက်ဆုံးသံဝေဂ
တရားရပြီးမိမိ၏အမှားကိုသိရာမှာ အားလုံးစိတ်ချမ်းသာစေသောအကြောင်းသာဖြစ်ပါသည်။
လူတိုင်းတွင် အမှားဆိုသည်မှာ အမြဲတမ်းဒွန်တွဲလျှက်ရှိပါသည်၊ မိမိအမှားကို အမှန်ကိုသိပြီးပြုပြင်နိုင်
မှသာလျှင်လူတော်လူကောင်းဘ၀ကို ရောက်ရှိမည်ဖြစ်ပါသည်။ကျွန်တော်သည်လည်းကြိုးစားနေဆဲပင်
ဖြစ်ပါသည်။ဇာတ်ကားအဆုံးတွင်ရေးထားသောစာမှာကား .
ပြိုင်ပွဲထုံးစံ
ရှုံးမခံလည်း
နိုင်ပြန်အရှုံး
ဇာတ်မဆုံးဘူး
အမုန်းသံသရာ လည်ကြပြီ။
အမှန်ကိုမြင်
အမှားပြင်မှ
ကင်းစင်မာန
အတ္တမပါ
သာယာအေးချမ်းရှိလေပြီ။
ဟု ဆိုင်းပညာရှင် မန္တလေး စိန်တင်ဟန်မှ ရေးသားဖော်ပြထားပါသည်။
လူများပြိုင်ဆိုင်မှု ရှိပင်ရှိသော်လည်း အမှားကိုပြင်ဆင်ပြီး အမှန်တရားလက်ကိုင်ထား
အမုန်းမပွားစေလိုသောကြောင့် ဟုထင်မြင်မိပါသည်။
ထိုသည်ကား ဇာတ်ကား မှပေးသော အချက်လက်မျှပင်။
ကျွန်တော်ပီတိကား ....
ဇာတ်ကားအဆုံး သရဏဂုံ သုံးပါးအားပုဇော်သောအသံအားကြားလိုက်ရပါသည်။
စစ်ကိုင်းတောင်ရိုးမှ သံဃာတော်များ သစ်ပင်တန်းလေးများအောက်မှ
သပါယ်စွာဖြင့် ဆွမ်းခံကြွလာပါသည်။
 မြန်မာဆိုင်းသံဖြင့် သံဃာတော်များဆွမ်းခံကြွလာသည်ကိုမြင်သောအခါ နောင်တစ်ချိန်တွင် ကျွန်တော်သည်လည်းကျွန်တော်ချစ်ရသော ချစ်သူနှင့်အတူ ထိုကဲ့သို့ အလှုကြီးမျိုး ပေးချင်မိသောစိတ်အစဉ်မှာတားစီးမရအောင်ဖြစ်မိပါသည်။
ကျွန်တော့် ချစ်သူအား အလှု့ ဒါယိကာအမအဖြစ်မြင်ချင်သလို ကျွန်တော်သည်လည်း
အလှု့ ဒါယိကာအဖြစ် အတူတစ်ကွလှုဒါန်းချင်မိပါသည်။
ကျွန်တော်ထိုမျှသာပင်ရေး ပါသည်။
စိတ်ရွှ့င်လန်းချမ်ြးေ့မ့ကြပါစေ.။
ချစ်သူစိတ်ချမ်းသာပါစေ။
(မောင်)
Sunday 5 December 2010
Anniversary Day Of our Love
ဒီဇင်ဘာနှင်း
ဖြူဖွေးသန့် ရှင်း တယ်။
တဖွဲ ဖွဲကျ
နှင်းလွာကြားမှာ
သိပ်ကိုလှတဲ့ ရာသီလေးပါ။
အေးချမ်း ကြည်နှူး သာယာ ကြည်စင်
ဒီဇင်ဘာ။
ကောင်းသောအတိတ်
နိမိတ်တွေကြားက
"Anniversary "။
သာယာလှပသော
အချစ်
အေးချမ်းသော
မေတ္တာ
ပျော်ရွှင်သော
အကြင်နာများနဲ့ 
စိတ်ချမ်းသာတဲ့
အနာဂတ်လေးဆီကို
လက်ခြင်းယှက်လို့ 
နှစ်ယောက်တူတူလျှောက်ခဲ့ကြပြီ။
အပြုံးအပျော်တွေရင်မှာနွေးထွေးလို့ 
အနာဂတ်ကို လျှောက်လှမ်းကြစို့ ။
မ ကမောင့်ကို
မောင်က မ ကို
ဘ၀တစ်ခုအတွက် ဘ၀တစ်ခုကို
လတစ်စင်းလို ထာဝရထွန်းလင်းဖို့ 
နေတစ်စင်းလို တောက်ပစေချင်သူ။
အတ္တနဲ့ 
မှောင်မိုက်မနေစေဖို့ 
မြတ်နိုးခြင်းနဲ့ ထွန်းလင်းစေသူ။
အနီရောင်နှလုံးသားနွေးထွေးဖို့ 
ချင်းချင်းနီတဲ့ သွေးများလို
လည်ပတ်စီးဆင်းစေမယ့်သူ။
မီးတောက်လေးလို လင်းလက်သူ။
မီးလင်းဖိုလို နွေးထွေးသူ။
စံပယ်ပန်းလို မွှေးပျံ့ သူ။
ရေစင်အေးလို ချမ်းမြေ့သူ။
ပိတုန်းကောင်လိုကျော့နက်မှောင်တဲ့ ဆံကေသာနဲ့ 
ဖြူဖွေးသွယ်လျကိုယ်ဟန်အလှနဲ့ 
ကြည်လင်ရွှန်းလဲ့  မျက်ဝန်းနက်နဲ့ 
စာဖွဲ့ မကုန်
အလှတွေစုံတဲ့ 
မောင့်ချစ်သူ။
ထာဝရမခွဲ
လက်ကိုတွဲလို့ 
ချစ်နေမယ်။
သိပ်ချစ်တယ်....
ချစ်သူ
(မောင်)
မီးလင်းဖိုလေးတခုပေါ့….
Tuesday 30 November 2010
ချစ်သူဖတ်ဖို့ (၂)
လူတစ်ယောက် အဖြူ၊ အမဲ ဘယ်သူဖြစ်ဖြစ်-
လူတစ်ယောက်ဆီ တစ်ခါ၊တစ်ခေါက် အရောက်လာပြီး – နောက်တစ်ကြိမ် ပြန်ရောက်လာဖို့  ခဲယဉ်းတဲ့ အရာ ၃ ခု -
1. အချိန်
2. စကားလုံး
3. အခွင့်အရေး
လူတစ်ယောက်မှာ အမြဲတမ်း ရှိနေသင့်တဲ့ အချက် ၃ ချက် -
1. မျှော်လင့်ချက်
2. ရိုးသားခြင်း
3. အေးချမ်း တည်ငြိမ်ခြင်း
လူတစ်ယောက်ရဲ့ ဘ၀မှာ တန်ဖိုးထားသင့်သော အချက် ၃ ချက် -
1. ချစ်ခြင်းမေတ္တာ
2. မိတ်ကောင်း၊ ဆွေကောင်း
3. မိမိ၏ အပြူအမှု၊ ကိုယ်ကျင့်တရား
လူတစ်ယောက်ရဲ့ ဘ၀မှာ မသေချာသော အချက် ၃ ချက် -
1. အောင်မြင်မှု
2. အိမ်မက်
3. မနက်ဖြန်
လူအများက လက်ခံနိုင်သော လူကောင်းတစ်ယောက် ဖြစ်ဖို့ အချက် ၃ ချက်-
1. ပွင့်လင်းစွာ ရိုးသားခြင်း
2. အလုပ်ကျိုးစားခြင်း
3. ကိုယ်ချင်းစာနာမှုဖြင် သူတပါးကို ဂရုဏာထားခြင်း
လူတစ်ယောက်ကို ပျက်စီးဆုတ်ယုတ်စေသော အချက် ၃ ချက် -
1. မာန်မာန ကြီးခြင်း
2. လောဘ ကြီးခြင်း
3. ဒေါသ ကြီးခြင်း
လူတစ်ယောက်ကို ကယ်တင်ပေးနိုင်သော အချက် ၃ ချက် -
1. ကိုယ့်ပြုခဲ့ဖူးသော စေတနာ
2. ခိုင်မာသော ယုံကြည်ချက်
3. ခိုင်မာသော မျှော်လင့်ချက်
ဆုံမှတ်
ကျွန်တော်နှင့် သူ
တရပ်၊တနေရာဆီက လာခဲ့ပေမယ့်
နေရာတနေရာမှာ ဆုံတွေ့ တဲ့အခါ။
ကျွန်တော်နှင့် သူ
အကြိုက်မတူပေမယ့် လိုက်တူုပေးခဲ့သောအခါ
ကျွန်တော့်အကြိုက်ကို သူဖန်တီးပေးခဲ့တာ။
သူ့ အကြိုက် ကို ကျွန်တော်ဖန်တီးပေးခဲ့တာ။
ကျွန်တော်မကြိုက်သောအရာ
သူကြိုက်ပေမယ့် စွန့် လွှတ်ခဲ့တာ။
သူ မကြီုက်သောအရာ
ကျွန်တော်ကြိုက်ပေမယ့် စွန့် လွှတ်ခဲ့တာ။
ကျွန်တော်နှင့် သူ
သူသိသောအရာ ကျွန်တော် မသိ။
ကျွန်တော် သိသောအရာ သူမသိ။
မသိတာတွေ၊ မရှိတာတွေ
သိတာတွေ၊ ရှိတာတွေ
မျှဝေပေးသောအခါ။
ကျွန်တော်နှင့် သူ
ကျွန်တော် ရှူံးနိမ့်သောအခါ
အနားမှာရပ်ကူအားပေးခဲ့တာ။
သူလဲကျတဲ့အခါ
ကျွန်တော် ထွေးပွေ့ ထားခဲ့တာ။
ကျွန်တော် အောင်မြင်တဲ့အခါ
သူအတွက် နေရာတစ်ခု မျှဝေပေးခဲ့တာ။
သူအောင်မြင်တဲ့အခါ
ကျွန်တော့်အတွက် နေရာတစ်ခု ဦးစားပေးခဲ့တာ။
ကျွန်တော် ဒေါသရှိလာတဲ့အခါ
သူ နားလည်ပေးခဲ့တာ။
သူ စိတ်ဆိုးတဲ့အခါ
ကျွန်တော် သူ့ ကို ပစ်ပယ်မထားခဲ့တာ။
ကျွန်တော် မပြောပေမယ့်
သူ သိနေခဲ့တာ
သူ မပြောပေမယ့်
ကျွန်တော် နားထောင်ပေးခဲ့တာ။
ကျွန်တော် လက်မကမ်းနိုင်တဲ့အခါ
သူ့ လက်ကမ်းပေးခဲ့တာ။
သူ မလျှောက်လှမ်းနိုင်တဲ့အါ
ကျွန်တော် လမ်းခင်းပေးခဲ့တာ။
ကျွန်တော်နှင့် သူ
တစ်ယောက် တစ်နေရာ
တခါတရံ အရှေ့ နှင့်အနောက်
တခါတရံ တောင်နှင့်မြောက်
မတွေ့ ဖြစ်ပေမယ့်
ကျွန်တော်နှင့် သူ
တစ်ယောက်နှင့်တစ်ယောက် မကွယ်ပျောက်ခဲ့ဘူး။
ကျွန်တော်နှင့် သူ
သူ့ အတွက် နေရာတစ်ခု ကျွန်တော်ဆီမှာ
ကျွန်တော်အတွက် နေရာတစ်ခု သူ့ ဆီမှာ
နေရာ တစ်နေရာ အမြဲရှိနေတာ။
ကျွန်တော်နှင့် သူ
တရပ်၊တနေရာဆီက လာခဲ့ပေမယ့်
အကြိုက်တွေ ထပ်တူမညီပေမယ့်
သိတာတွေ၊ ရှိတာတွေ မတူညီပေမယ့်
သူ့ အတွက်
ကျွန်တော့်အတွက်
နေရာတစ်ခု ထပ်တူညီစွာ ရှိနေတာ- ဆုံမှတ်ပါ။
ဆုံမှတ်မှာ
မျှဝေပေးခဲ့တာ-
ဆုံမှတ်မှာ
မျှော်လင့်နေတာ-
ဆုံမှတ်မှာ
အလှဆုံးသောအရာကို တည်ဆောက်နေတာ-
ဆုံမှတ်မှာပဲ
ကျွန်တော်နှင့် သူ
သူ နှင့် ကျွန်တော်
အတူတူနေကြတာ
အရမ်လွမ်းလိုက်တာ ချစ်သူ....သိပ်ချစ်တာပဲ.......(မောင်)
Monday 22 November 2010
Full Moon Day Of Tasaungmone
21.11.2010 is Full Moon Day of Tasaungmone according to our Myanmar calendar. Tasaungmone is the eighth month of Myanmar calender and we, Myanmar people celebrate Tasaungdaing festival all over the country. It is one of the religious festivals in Myanmar. During Tasaungdaing festival people celebrate the night with various kinds of lights. Homes, buildings and streets are illuminated. The main activity is offering yellow robes to Buddha images at the pagodas and monks at the monasteries. The offering ceremony is commonly called "Kathein" , "Kathina" in Pali. A traditional discipline is that one monastery can only accept one "Kathein". 
                                                       This is Donatation for "Kathein".
And we believe that it is medicated if we eat the salad of the Kassod's buds at mid night on the Full Moon Day of Tasaungmone. We call it "Me`za li phuu " salad and medicated night. :)
The Leaf ,flowers and buds of kassod
This is "Me` Za Li Phuu" that Grow in Our Country.But Today midnight my Sweet love  "Ma" and Me can't eat "Me` Za Li phuu Thote" ,Because we have not Kassod's buds.So She Just Pray look at the full moon at the Corridor and I  Just Prepare "La Fat Thote" For Medicated night.:)  
This is "La Fat Thote"
And I just Pray that we unite and build happy family in our future life with my lovely Sweet "Kay Khine Cho"  that I call "Ma".So Happy with us today our traditional medicated night with us!
Please enjoy yourself and bon appetit !
At this medicated night, I wish all healthy and happy from this Tasaungmone Full Moon Day onwards.
 Love  so much my Sweet "Ma"
တန်ဆောင်မုန်းလပြည့်နေ
တန်ဆောင်မုန်းလပြည့်နေလေးမှာ ဗမာပြည်မှာလို  လမင်းကြီးကိုကြည့်ပြီး ကောင်းကင်က မီးပုံပျံတွေကိုမမြင်ရပေမယ့်လည်း နောင်တချိန်မှာ မောင်နဲ့ မ အတူတူ 
အရမ်းအေးမြနေတဲ့ လမင်းကြီးလိုပဲ မ ရဲ့ မျက်နှာလေးကလည်း လမင်းလိုပဲ အမြဲတမ်းအေးမြရွှင်လန်းနေပါစေလို့ မောင်ဆုတောင်းပါတယ်။
မ အနေနဲ့ ဒီနေလို အေးမြသာယာတဲ့နေ့ ကစလို့ လောကကြီးအကျိုးကို ဒီထက်ပိုပြီးထိရောက်အောင်မြင်အောင်ဆောင်ရွက်နိုင်ပါစေ။
အဆင်မပြေတာတွေ အခက်အခဲတွေ တွေ့ ကြုံတိုင်းမှာလည်း နှလုံးသွင်းမှန်မှန်နဲ့ တည်တည်ငြိမ်ငြိမ်ရင်ဆိုင်နိုင်ပါစေ။
လောကရဲ့ သစ္စာအစစ်ကို ပိုင်ပိုင်နိုင်နိုင်သိသွားပါစေလို့ ဆုတောင်းပါတယ်။
မ တစ်ယောက် မောင်နဲ့ အတူတူ ဘ၀တစ်လျှောက်လုံးမှာ အဓိပါယ်ရှိရှိ ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်မာချမ်းသာစွာနေထိုင်ပါစေလို့ မောင် လပြည့်နေ့ လေးမှာဆုတောင်းလိုက်တယ်နော်။
မ ကတော့ လမင်းကြီးကိုထွက်ပြီးကြည့်လို့ ဆုတောင်းနေပေမယ့် မောင်လည်းဘလာဂ် လေးကနေ
ဆုတောင်းပေးလိုက်ပါတယ်။
မ ကို သိပ်ချစ်တဲ့  (မောင်)
Tuesday 16 November 2010
အတူတူရွေလက်တွဲလို့  လျှောက်လှမ်းကြပြီ
၁၆.နိုဝင်ဘာ.၂၀၁၀
စံတော်ချိန် (၄.၃၅)
မောင် နဲ့  မ တို့ ရဲ့  သိပ်ကို တန်ဖိုးရှိတဲ့ အချိန်လေးမှသည် နှစ်ပေါင်းများစွာတိုင်အောင် 
သာယာစိုပြေသော
အေးချမ်းသာယာသော
အစစအရာရာပြည့်စုံကောင်းမွန်သော
လိုအင်ဆန္ဒတွေ အားလုံးပြည့်စုံသော
ဘ၀လေးကို အတူတူ လျှောက်လှမ်းကြမယ်နော်။
ယနေ့ မှစ နှစ်တစ်ရာတိုင် ထာဝရအတူ လက်တွဲကြမယ်နော်။
မ ကို သိပ်ချစ်တဲ့  မောင်
သိပ် ချစ် လို့ 
မောင် လည်း ရူးသွပ်လိုက်ချင်ပါတယ်
စိတ်တွေ အဟုန်ဖြန့်ပြီး မ အနားသို့ပေါ့
အသွေးအသားတွေနဲ့ နှလုံးခုန်သံက
ရပ်တန့်မရအောင် ခုန်ပေါက်နေတယ်
အင်းလေ… မောင်က မကို သိပ်ချစ်တာကိုး…။ ။
မောင့် ကို အချစ်ကြီးတယ် ဆိုကြတယ်
ဒါပေမယ့် မောင့်ရူးသွပ်မှုတွေ မ မြင်လိုက်ရတာ
ရင်ထဲ ခံစားချက်ရဲ့ ၁၀ပုံ ၁ပုံတောင် မရှိသေးပါဘူး
မြင်တတ်အောင် ကြည့်စမ်းပါ
မောင့်အနာဂတ်တွေတိုင်း မ ခြေလှမ်းနဲ့ ပုံဖေါ်နေတယ်
ဘာဖြစ်ဖြစ်… မောင် မကို တကယ်ချစ်ခဲ့တာကိုး…။ ။
တစ်ခါတစ်လေလည်း ကျဆုံးလိုက်တယ်
မ မျက်စောင်းတွေနဲ့ မောင့်ရင်ခုန်သံတွေ စစ်ဖြစ်တိုင်း
အသွေးအသား အင်အားတွေ နွမ်းလျသွားလောက်အောင်
မောင်..တကယ်ကို ကျဆုံးသွားခဲ့တယ်
ဟုတ်ပါတယ်.. မ မျက်စောင်းတွေက ညို့အားပြင်းတာကိုး…။ ။
ကြိုမတွေးပါဘူး..
လက်တစ်စုံ ဖြစ်လာဖို့ မျှော်လင့်ချက်တွေက
တန်ဖိုးကြီးလွန်းတာ သိပါတယ်…
ဒီ့အတွက်  အသွေးအသား၊ ရင်ခုန်သံ
အနာဂတ်တွေတိုင်း မ တစ်ယောက်တည်းမှ မ ဆိုတာလည်း
အင်း…. မျှော်လင့်ချက်တွေ ဖြစ်လာဖို့
မ ပေးမယ့် လက်တစ်ဖက်ကို ကမ်းလှမ်းခြင်းပါကွယ်…
မောင်…မ…ကို…သိပ်…ချစ်..လို့…။ 
မ ကို မောင် သိပ်ချစ်တယ်။
Friday 12 November 2010
သ၀န်တိုစိတ်
မောင့် အတွက်မဟုတ်ရင် 
မပြုံးပါနဲ့လား ချစ်သူရယ် 
တစ်ပါးသူအတွက် 
မ အပြုံးတွေ ခြွေလိုက်တိုင်း
မောင် ရှုံးသွားသလိုပဲ …
မောင့် စိတ်က အသုံးမကျဘူးလို့  ဆိုဆို 
သ၀န်တိုစိတ် တွေ နဲ့ 
မောင် စိတ်ညိုတယ် 
အချစ်ပိုလို့ မျက်ဝန်းစိုတယ် ထင်ပ 
ဒီရင်က ရှုံးပြီးရင်ရှုံး 
မ  အပြုံးလေးတွေ 
ရင်မှာ ဝေ နေတုန်းပဲ ။
      သိပ်ချစ်တဲ့ (မောင်)
Thursday 11 November 2010
လျှောက်လှမ်းကြမယ့် အနာဂတ်လေးဆီသို့ 
ဆုံနိုင်မယ့် အတွေးတစ
အတူနေချိန်ကို သတိရ
ထင်ကျန်နေတဲ့ အတိတ်က
လက်ရှိအချိန်ကို လမ်းပြ
သာယာမယ့် အနာဂါတ်ဘဝ
မောင်တို့နှစ်ယောက် တည်ဆောက်ကြရအောင် …
ဝေဒနာက အထပ်ထပ်
လွမ်းခဲ့ရ နေ့ညမပျက်
မျှော်လင့်တဲ့ နှလုံးသားနဲ့
ပြန်ဆုံမယ့်နေ့ ညတွေကို
ရေတွက်နေခဲ့တဲ့ မောင့်အတွက်
“လွမ်းတယ်” ဆိုတဲ့စကားလေးက
နှစ်သိမ့်စရာများ ဖြစ်နေမလား …
ယုံကြည်မှုကို တည်ဆောက်
သံသယကို ဖြေဖျောက်လို့
မောင်တို့နှစ်ယောက် လက်ကိုတွဲ
ဖြူစင်တဲ့ မေတ္တာနဲ့ ပြန်ဆုံဖို့နေ့များဝယ်
သစ္စာရှိရှိ လျှောက်လှမ်းမယ် 
 မ ကို သိပ်ချစ်တယ်။
                      မောင် 
ချစ်သူဖတ်ဖို့ 
ချစ်တယ်
အနုမြူစစ်ကြီးဖြစ်မဖြစ်ထက်
မောင်က မကို ချစ်ဖို့ ပဲ အရေးကြီးနေမိတယ်။ 
ကွန်မြူနစ်စနစ်ရဲ့ ကျဆုံးမှုထက်
ဘုံစနစ်နဲ့ မ ကို မျှော်လင့်နေတတ်သူတွေကိုပဲ
စိတ်ညစ်နေမိတယ်။
သစ်ရွက်လှုပ်ရင်လည်းချစ်တယ်။
သက်ဆင် မရှိတော့ရင်လည်းချစ်တယ်။
မောင့်နှလုံးသားကို မဲပေးသူမရှိလည်း
လမ်းမလွတ်ပေမယ့် နတ်ရဲတဲ့သစ်ပင်လို
ပေကပ်ရှင်သန်ရင်းချစ်တယ်။
လေးဖြူသီချင်း မဆိုတော့လည်း
မောင်က မကို ချစ်နေမှာပါပဲ
တို့မြို့လေးကို လူမုန်းများနေလည်း
ချစ်တယ်။
ဆူနာမီနဲ့နီးကပ် ..ကက်ထရီနာလို
အဆုံးရှုံးများစေတတ်လည်း ချစ်မယ်။
တိုနီမက်ဗေး ကွယ်လွန်ပြီးလည်း
မောင်က မ ကို ချစ်နေခဲ့တယ်။
မ ကိုချစ်နေရမယ်ဆို
အမေရိကန်အမုန်းသမားလည်း ဖြစ်ချင်တယ်
အီရတ်က အသေခံဗုံးတစ်လုံးလည်း ဖြစ်မယ်
ကြိုးပေးခံရမယ့် ပင်လယ်ဓားပြတွေထဲလည်း
မောင်ဝင်ရောက် တန်းစီပြရဲပါတယ်။
ချစ်ရတာမမောပါဘူး အချစ်ရယ်
အလင်းမဲ့ ညတွေများလို့ လမ်းမှားမှားနေတာကပဲ ခက်ခဲ။
ပဲရစ်မင်းသားလိုလည်းချစ်တယ်၊ ထရိုဂျင်မြင်းရုပ်ကြီးလိုလည်းချစ်တယ်။
မ  ကိုရဖို့အတွက်ဆို ရေနံဈေးတွေတက်နေလည်း
ကြက်ဆူဆီနဲ့ခုတ်မောင်းရင်း
အဖာအထေးများခဲ့တဲ့ လမ်းဟောင်းကြီးအတိုင်း
ချစ်မယ်။
ရှိသမျှပုံပြီးချစ်တယ်..း)
အချစ်အတွက်တဖန်မွေးဖွားခဲ့ပြီ
ပြောချင်တာ တစ်ခုတည်းပါ..
ရှင်းရှင်းလေးပဲ မ ကိုချစ်တယ်..
ဘယ်လိုချစ်မလဲဆိုတော့
ရိုးသားစွာချစ်နေတယ်..
ဘယ်လောက်ထိလဲဆိုတော့
နှိုင်းယှဉ်လို့ရတာ ဒီကမ္ဘာမှာမရှိသေးဘူး…
ဘယ်အချိန်ထိလဲဆိုတော့
နေ၂စင်းထွက်တဲ့အချိန်ထိ…
ပေးနိုင်သမျှ မောင့်အသက်အပါအ၀င်
အကုန်ပေးမယ်..
တစ်ခုပဲတောင်းဆိုချင်တယ်
မောင်ချစ်တာရဲ့တစ်ဝက်လောက်ပဲ ပြန်ချစ်ပါလို့..
သာယာတဲ့ဘ၀လေးကို
တူနှစ်ကိုလက်တွဲလို့ 
ရှေ့ဆက်ကြမယ် အချစ်ရေ။
Wednesday 10 November 2010
အိမ်တက်မဂ်လာ
ယနေ့ 
ချစ်သူရဲ့ 
အိမ်အသစ်ပြောင်းတဲ့ နေ့ မှာ
နေထိုင်တဲ့အိမ်လေးမှာ ကျက်သရေမဂ်လာအဖြာဖြာနဲ့ ပြည့်စုံပြီး
ပျော်ရွှင်ပါစေ။
ချစ်တဲ့ မောင်နဲ့ အတူတူ သာယာပျော်ရွှင်စွာလျှောက်လှမ်းကြမယ်နော်။
သိပ်ချစ်တဲ့ 
                  (မောင်)
Saturday 6 November 2010
Anniversary အမှတ်တရ မုန့် ဟင်းခါး
မောင်နဲ့ မနဲ့ 
Anniversary 
အမှတ်တရ
သူငယ်ချင်းများကို 
မောင် နဲ့ မ နဲ့  ကုသိုလ်ဖြစ်ကျွေးမွေးတာပါ
သူငယ်ချင်းများပုံကိုတော့ မရိုက်လိုက်ပါဘူး
ချက်တဲ့ ဟာပဲ တင်လိုက်ပါတယ်
အဆောင်က အကိုကြီးတွေလည်း
တစ်ယောက်ကို တပွဲစီနဲ့ 
သေချာကျွေးမွေးလိုက်ပါတယ်
ဒီနေ့ လေးက အရမ်းကို ကုသိုလ်လည်းရပါတယ်
ဝမ်းလည်းဝပါတယ်လို့ ပြောရမှာပေါ့နော်..း)
စားတဲ့သူတွေကလည်းဆုတွေမှအရမ်းပေးပါတယ်
အဲဒီဆုတွေကိုစားရတာနဲ့ ပဲ 
ကျေနပ်လှပါပီ.
နောင်များမှာလည်းကြုံရင်ကြုံသလို 
ကျွေးမွေးပါအုံးမယ်..း))
အလှုရှင် မောင် နဲ့  မ
း)) 
အရမ်းချစ်တယ်...
မိုင်တိုင်အမှတ်(နားလည်ခြင်း)
မ မှာလဲ အတိတ်ရှိသလို မောင့်မှာလဲ အတိတ်နဲ့ပဲလေ…
လူတိုင်းမှာ အတိတ်ဆိုတာ တွေရှိပါတယ်
လူဆိုတာ အတိတ်မှာ ရပ်နေလို့မှ မရတာ
အနာဂတ်ဆီကို သွားတဲ့အခါမှာသာ
မ အနာဂတ်နဲ့ မောင့်အနာဂတ် တူညီနေဖို့ လိုတာပါ။
မ ထိရှခဲ့တဲ့ ဒဏ်ရာတွေအတွက်
မောင့် စကားခွန်းရေတွေနဲ့ အနီးကပ်ပြုစုမယ်
မောင် ကျဆုံးခဲ့တဲ့ မှတ်တိုင်တွေအတွက်
မ  အရှေ့က လမ်းကူပြမယ်…
မ နဲ့မောင် ကြားမှာ
လေဟာနယ်တွေရှိမယ်…
ဒီဂျစ်တယ် ကိန်းဂဏန်းတွေ ရှိမယ်…
အသုံးချ နည်းပညာပစ္စည်းတွေနဲ့ များပြားလှတဲ့ မိုင်တွေ ရှိမယ်…
ကြိုးမဲ့ကိရိယာတွေက ဖြတ်သန်းလာတဲ့
မ အသံအက်ရှရှတွေရယ်…
စာလုံးလေးတွေထဲမှာ မျောပါလာတဲ့
မ အပြုံးပွင့်တွေရယ်…
အနားမှာ ရှိမနေပေမယ့်..
မ ရင်ခွင်မှာ  မောင် ခိုဝင်တယ်…
အနားမှာ ရှိမနေပေမယ့်..
မောင့် ပုခုံးထက်မှာ မ မှီတွယ်တယ်..
ချစ်သူရယ်…
ယုံကြည်မှုအုတ်မြစ်ပေါ်မှာ
နားလည်မှုကို ကြားခံပြီးတော့
တွဲထားတဲ့ တို့နှစ်ယောက် လက်တွေ နွေးနေစေမယ် နော်။
နေရာ
ခွင့်လွှတ်မှု
နားလည်မှုတွေနဲ့
ကိုယ့်ကိုကိုယ်
ပိုက်ထွေးထားလိုက်ရတာ
ငါဆိုတာတောင် ရှာမတွေ့တော့ဘူး။ 
သံယောဇဉ်
ရင်၌ဖြစ်၏
ရစ်တက်သည့်နွယ်
တွယ်ငင်နှောင်ကြိုး
မြေကိုကိုး၍
မပျိုးသော်လည်း
ရှင်သန်ဆဲလေ
ရင်ထဲဘာသာ
အမြစ်တွယ်
မမြင်နိုင်လည်း
ခိုင်မာရစ်သွယ်
မပျယ်နိုင်ကြိုး
တိုး၍ထပ်သာ
ချည်သည့်နွယ်။