Tuesday 16 November 2010

သိပ် ချစ် လို့ 



မောင် လည်း ရူးသွပ်လိုက်ချင်ပါတယ်
စိတ်တွေ အဟုန်ဖြန့်ပြီး မ အနားသို့ပေါ့
အသွေးအသားတွေနဲ့ နှလုံးခုန်သံက
ရပ်တန့်မရအောင် ခုန်ပေါက်နေတယ်
အင်းလေ… မောင်က မကို သိပ်ချစ်တာကိုး…။ ။
မောင့် ကို အချစ်ကြီးတယ် ဆိုကြတယ်
ဒါပေမယ့် မောင့်ရူးသွပ်မှုတွေ မ မြင်လိုက်ရတာ
ရင်ထဲ ခံစားချက်ရဲ့ ၁၀ပုံ ၁ပုံတောင် မရှိသေးပါဘူး
မြင်တတ်အောင် ကြည့်စမ်းပါ
မောင့်အနာဂတ်တွေတိုင်း မ ခြေလှမ်းနဲ့ ပုံဖေါ်နေတယ်
ဘာဖြစ်ဖြစ်… မောင် မကို တကယ်ချစ်ခဲ့တာကိုး…။ ။
တစ်ခါတစ်လေလည်း ကျဆုံးလိုက်တယ်
မ မျက်စောင်းတွေနဲ့ မောင့်ရင်ခုန်သံတွေ စစ်ဖြစ်တိုင်း
အသွေးအသား အင်အားတွေ နွမ်းလျသွားလောက်အောင်
မောင်..တကယ်ကို ကျဆုံးသွားခဲ့တယ်
ဟုတ်ပါတယ်.. မ မျက်စောင်းတွေက ညို့အားပြင်းတာကိုး…။ ။
ကြိုမတွေးပါဘူး..
လက်တစ်စုံ ဖြစ်လာဖို့ မျှော်လင့်ချက်တွေက
တန်ဖိုးကြီးလွန်းတာ သိပါတယ်…
ဒီ့အတွက်  အသွေးအသား၊ ရင်ခုန်သံ
အနာဂတ်တွေတိုင်း မ တစ်ယောက်တည်းမှ မ ဆိုတာလည်း
အင်း…. မျှော်လင့်ချက်တွေ ဖြစ်လာဖို့
မ ပေးမယ့် လက်တစ်ဖက်ကို ကမ်းလှမ်းခြင်းပါကွယ်…
မောင်…မ…ကို…သိပ်…ချစ်..လို့…။ 
မ ကို မောင် သိပ်ချစ်တယ်။

No comments:

Post a Comment