Thursday 11 November 2010

ချစ်သူဖတ်ဖို့ 

ချစ်တယ်

အနုမြူစစ်ကြီးဖြစ်မဖြစ်ထက်
မောင်က မကို ချစ်ဖို့ ပဲ အရေးကြီးနေမိတယ်။ 
ကွန်မြူနစ်စနစ်ရဲ့ ကျဆုံးမှုထက်
ဘုံစနစ်နဲ့ မ ကို မျှော်လင့်နေတတ်သူတွေကိုပဲ
စိတ်ညစ်နေမိတယ်။

သစ်ရွက်လှုပ်ရင်လည်းချစ်တယ်။
သက်ဆင် မရှိတော့ရင်လည်းချစ်တယ်။
မောင့်နှလုံးသားကို မဲပေးသူမရှိလည်း
လမ်းမလွတ်ပေမယ့် နတ်ရဲတဲ့သစ်ပင်လို
ပေကပ်ရှင်သန်ရင်းချစ်တယ်။

လေးဖြူသီချင်း မဆိုတော့လည်း
မောင်က မကို ချစ်နေမှာပါပဲ
တို့မြို့လေးကို လူမုန်းများနေလည်း
ချစ်တယ်။
ဆူနာမီနဲ့နီးကပ် ..ကက်ထရီနာလို
အဆုံးရှုံးများစေတတ်လည်း ချစ်မယ်။
တိုနီမက်ဗေး ကွယ်လွန်ပြီးလည်း
မောင်က မ ကို ချစ်နေခဲ့တယ်။

မ ကိုချစ်နေရမယ်ဆို
အမေရိကန်အမုန်းသမားလည်း ဖြစ်ချင်တယ်
အီရတ်က အသေခံဗုံးတစ်လုံးလည်း ဖြစ်မယ်
ကြိုးပေးခံရမယ့် ပင်လယ်ဓားပြတွေထဲလည်း
မောင်ဝင်ရောက် တန်းစီပြရဲပါတယ်။

ချစ်ရတာမမောပါဘူး အချစ်ရယ်
အလင်းမဲ့ ညတွေများလို့ လမ်းမှားမှားနေတာကပဲ ခက်ခဲ။
ပဲရစ်မင်းသားလိုလည်းချစ်တယ်၊ ထရိုဂျင်မြင်းရုပ်ကြီးလိုလည်းချစ်တယ်။
မ  ကိုရဖို့အတွက်ဆို ရေနံဈေးတွေတက်နေလည်း
ကြက်ဆူဆီနဲ့ခုတ်မောင်းရင်း
အဖာအထေးများခဲ့တဲ့ လမ်းဟောင်းကြီးအတိုင်း
ချစ်မယ်။

ရှိသမျှပုံပြီးချစ်တယ်..း)

No comments:

Post a Comment