Monday 29 August 2011
အချစ်ရဲ့ မြစ်တစင်း
တောင်ပေါ်မှ အဝေးကိုငေးကြည့်နေ၇င်း တမ်းတမိသည့်စိတ်များက ချစ်သူနဲ့ အတူတူ ပျော်ဖူးခဲ့ တဲ့ 
နေ့ ၇က်များဆီသို့ .......
တနေ၇ာစီဝေးနေပေမယ့် စိတ်ချင်းဆက်ထားတဲ့ ကျွန်တော်နဲ့ ကျွန်တော်ချစ်သူလေး သဲတို့ အတွက်တော့
အ၇ာ၇ာတိုင်းဟာ တယောက်ကို တယောက်ကိုတယောက် နားလည်ပေးမှု့ စိတ်ချမ်းသာစေမှု့ တွေနဲ့ 
ပျော်ရွှင်ဖို့ ကောင်းလှပါတယ်။ သတိ၇နေမိတဲ့  ညနေတိုင်း အချိန်လေး ဖုန်းလေးဆက်လိုက် သဲလေးကို ချစ်စကားပြောလိုက် တီတီတာတာစကားလေးတွေနဲ့ နားထောင်လိုက်နဲ့ အချိန်တွေကုန်ဆုံးစေတယ်လေ။
ညဘက် သဲလေးအိမ်ပြန်လာတဲ့ အချိန်ဆို ချိုသာလှတဲ့သဲလေးမျက်နှာကို ကြည့်ပြီး မဂ်လာပါလို့ ဆုတောင်းပေးတဲ့ အသံလေးတွေကလည်းကျွန်တော်စိတ်ထဲမှာအမြဲတမ်းရှိနေတာပေါ့။ဒါပေမယ့်
အခုချိန်မှာတော့ သိပ်ချစ်လှတဲ့ သဲလေးကို အနီးကပ်လေး မနေနိုင်ပေမယ့် အနာဂတ်ကိုအကောင်းဆုံးထုဆစ်ဖို့ အတွက် အားလုံးကြိုးစားနေကြပြီလေ.အချိန်တချိန်မှာ သာယာလှပတဲ့ မိသားစုအသိုက်အမြုံလေးကို ချစ်ခြင်းတွေနဲ့ တည်ဆောက်ကြမယ် ကျွန်တော်သိပ်ချစ်တဲ့ 
သဲလေးနဲ့ ပေါ့။
အခုဆို တောင်ကြီး၇ာသီဥတု က မိုးတွေဆက်တိုက်၇ွာ မြူတွေအုံ့ ဆိုင်းလို့ အလွမ်းဓာတ်ခံရှိတဲ့ ကျွန်တော့်အတွက်တော့ ပိုပြီးလို့ တောင်လွမ်းဆွတ်နေမိပါ၇ဲ့ ။ဒီချိန်ဆို သဲလေးများဘာလုပ်နေမလည်း ဒီချိန်ဆို သိပ်ချစ်တဲ့ 
သဲလေး အပြုံလေးနဲ့  သီချင်းလေးတွေများ နားထောင်နေမလား.....စိတ်ထဲမှာ အနီးကပ်ဆုံးဖြစ်နေတဲ့ 
ကျွန်တော် ချစ်သူလေးသဲလေးရဲ့ အပြုံလေးတွေကို ကျွန်တော်စိတ်ထဲက အခြေတည်နေပါပြီ။
ဘာသာ တ၇ားကလည်း အ၇မ်းကိုင်းရှိုင်းတတ်တယ်။ ပြီးတော့ စိတ်ထားကလည်း မွန်မြတ်တယ်။
ဒီလို အဘက်ဘက်က ချစ်ဖို့ ကောင်း သဘောကောင်းလှတဲ့ ကျွန်တော်သဲလေးကို ကျွန်တော်သိပ်ချစ်တတ်တာ မဆန်းလောက်ပါဘူး။း)
ဒီထက်မက စာတွေဖွဲ့ ပြီးတော့ သိပ်ချစ်တဲ့ ချစ်သူလေးကို  ဖွဲ့ ဆိုပြချင်ပါသေးတယ်။
သဲလေး ရဲ့ အလှတ၇ားတွေ ချစ်ခြင်းတွေနဲ့  ကျွန်တော်၇င်ထဲမှာတော့ အချစ်မြစ်ကြီး တစင်း
စီးဆင်းနေေ၇ာပေါ့.....း)
သဲလေး စိတ်ချမ်းသာပါစေနော်။း)
(အချိန်နည်းလို့  စနေ တနဂ်နွေမှအ၇မ်းေ၇းမယ်နော်.း)
(မောင်)
Saturday 27 August 2011
အချစ်အကြောင်း (၁)
ကျမရဲ့ ချစ်သူကိုကျမကမောင်လို့ ခေါ်ပါသည်။
(သူကအဲလိုခေါ်စေချင်တာလည်းပါတာပေါ့။)
ကျမကိုတော့သူကသဲလို့ ခေါ်ပါသည်။
သူနဲ့ ကျမလွန်ခဲ့တဲ့တနှစ်ကစတွေ့ ပါသည်။
ဘယ်မှာတွေ့ တာလဲဆိုတာအခုကနေစပြောပြပါမည်။
ကျမအာရှတိုက်ကနိုင်ငံလေးတစ်ခုကိုအလည်သွားပြီးပြန်လာတော့
ကျမဓါတ်ပုံတစ်ပုံရိုက်လာတယ်။
အနီရောင်ဝတ်ထားပြီးတော့နားမှာတော့အဖြူပေါ်မှာအ၀ါနုရောင်သန်းနေတဲ့စကားပန်းကိုပန်ထားတယ်။
ကျမအဲဒီပုံလေးကိုသဘောကျတယ်။
ကိုယ့်ပုံကိုသဘောကျတာတော့သိပ်တော့မကောင်းပါဘူး
(စကားခဏဖြတ်ပြီးရီစရာပြောရရင်ကျမကကိုယ့်ရုပ်ကိုယ်သဘောကျတဲ့သူထဲမှာပါတယ်လေ)
ဒါနဲ့ ဖေ့စ်ဘွတ်ကကျမရဲ့ ပရိုဖိုင်းလ်ပုံအဖြစ်နဲ့ သုံးလိုက်တယ်။
ကျမချစ်သူဖြစ်လာမယ့်မောင်ကအဲဒီပုံကိုတွေ့ တော့သဘောကျတာနဲ့ ကျမကိုအက်ဒ်လိုက်တယ်။
ကျမဒီနေရာမှာကြီးကြီးကျယ်ကျယ်တစ်ခုပြောရဦးမယ်။
ကျမကမသိတဲ့သူလာအက်ဒ်လို့ ရှိရင်လက်မခံတတ်ဘူး။
သူငယ်ချင်းတစ်ယောက်ယောက်ကမိတ်ဆက်ပေးတဲ့အခါမျိုးဆိုရင်တော့စဉ်းစားပါတယ်။
အဲဒီမှာ၊
အရမ်းကိုစိမ်းလန်းစိုပြေပြီးလှပတဲ့သစ်ပင်တစ်ပင်ရဲ့ ပုံကို ပရိုဖိုင်းမှာ တင်ထားပြီး
နာမည်ကိုသစ်ပင်လို့ ပေးထားတဲ့သူတစ်ယောက်ကလာပြီးအက်ဒ်တော့ကျမစိတ်ဝင်စားသွားတယ်။
အကြောင်းရင်းကတော့ကျမကသစ်ပင်တွေကိုချစ်တတ်လို့ လေ။အဲဒီတော့...
သူ့ ကိုကျမစာပို့ လိုက်တယ်။လက်ခံစေချင်ရင်ဓါတ်ပုံပြပါလို့ ။
ပြီးတော့သူအက်ဒ်ထားတာကိုလည်းဒီလီဒ့်လုပ်လိုက်တယ်။ 
ကျမစာပို့ ပြီးမကြာခင်ရက်အတွင်းမှာသူဓါတ်ပုံပို့ လာပြီးပြန်အက်ဒ်တာကြောင့်လက်ခံလိုက်တယ်။
မဆိုးပါဘူး။မျက်ခုံးမည်းမည်း၊မျက်လုံးရှည်ရှည်။မေးရိုးလေးထောင့်စပ်စပ်နဲ့ ယောက်ကျားတစ်ယောက်ပါ။
သူ့ နှုတ်ခမ်းတွေကခပ်ထူထူနဲ့ ကျမနှုတ်ခမ်းနဲ့ ခပ်ဆင်ဆင်တူတယ်။
သူနဲ့ စကားပြောကြည့်တယ်။
သစ်ပင်လို့ ဘာလို့ နာမည်ပေးထားတာလဲလို့ ။
သစ်ပင်တွေကလူတွေကိုအသက်ရှင်နေစဉ်မှာအရိပ်ပေးတယ်။အသီးအပွင့်တွေပေးတယ်။
သေသွားပြီးနောက်လည်းထင်းအဖြစ်ပေးတယ်။ဆွေးမြေ့သွားတဲ့အခါမြေဆီသြဇာဖြစ်စေပြန်တယ်။
ဒါ့ကြောင့်သစ်ပင်လို့ နာမည်ပေးထားတာဆိုပဲ။
ကျမသဘောကျသွားတယ်။
ဆက်စကားပြောဖို့ ဆုံးဖြတ်လိုက်တယ်။
တစ်နေ့ သူကကျမကိုဖုန်းနံပါတ်တောင်းလို့ ပေးလိုက်ပြီးတဲ့နောက်သူဖုန်းဆက်လာတဲ့အခါမှာ
သူနဲ့ ကျမအကြီးအကျယ်စကားများကြတယ်။
အဲဒါသူနဲ့ ကျမစကားပြောတာဒုတိယအကြိမ်ပဲ။
သိပြီးလို့ စကားပြောတာဒုတိယအကြိမ်မှာစကားများတယ်ဆိုတော့ဘယ်ကောင်းမလဲနော်။
ကျမကနည်းနည်းရူးတယ်ဆိုမလား။ ပိုပြီးသူ့ ကိုစိတ်ဝင်စားသွားတယ်။
သူကအခြေအတင်ဆွေးနွေးရတာဝါသနာပါတယ်။
ကျမကလည်းကိုယ်လက်ခံထားတဲ့အချက်တစ်ခုကိုလွယ်လွယ်နဲ့ ဖျက်ဖို့ စိတ်ကူးတဲ့သူမဟုတ်ဘူး။
သူနဲ့ ကျမကြားမှာဒါ့ကြောင့်ပဲလားမသိဘူးပြောစရာစကားတွေအများကြီး။
တစ်ရက်တစ်ရက်ကျမရုံးပိတ်ရက်တွေဆိုရင်မနက်ကနေညနေအထိတနေကုန်စကားတွေပြောကြတယ်။
ပျော်စရာကောင်းလာတယ်။သူကကျမကိုပျော်ရွှင်အောင်လုပ်သလို။စိတ်ဆိုးအောင်လည်းလုပ်တယ်။
ကျမနောက်မှသိတာက။ကျမသူ့ ကိုပျင်းမသွားအောင်လို့ တဲ့။
ရန်မဖြစ်တာကြာရင်ရန်ဖြစ်အောင်သူလုပ်တယ်။
ချစ်ဖို့ မကောင်းဘူးလားကျမမောင်က ။း)
ကျမနဲ့ သူချစ်သူတွေမဖြစ်သေးဘူးနော်အဲဒါ။
ဒါပေမယ့်ကျမသိပါတယ်။ကျမသူ့ ကိုစိတ်ဝင်စားနေတယ်ဆိုတာသူလည်းသိတယ်ဆိုတာကိုပေါ့။
စိတ်ဝင်စားတာကိုတော့ကျမ၀န်ခံနိုင်တယ်။
ဒါပေမယ့်အဲဒီအချိန်ကသူ့ ကိုကျမချစ်တယ်လို့ တော့မထင်ဘူး။
ဒီလိုနဲ့ တစ်နေ့ ။ကျမနဲ့ သူချစ်သွားကြဖို့ ဖန်တီးလာတယ်။
ပြောရရင်တော့ကျမသူ့ ကိုချစ်နေတယ်ဆိုတာကိုယ့်ကိုယ်ကိုဝန်ခံဖို့ အချိန်ကျလာတယ်။
အချစ်ဆိုတာဟိုးးးးးရင်ထဲကနေစူးပြီးတော့လာတယ်ဆိုတာကျမဘ၀မှပထမဆုံးသိလိုက်ရတဲ့အချိန်ပေါ့။
သတိရလွမ်းဆွတ်မှု များ
မီးခိုးေ၇ာင် မြုနှင်းမှုန်တို့ သည် တောင်ကြီးမြို့ တမြို့ လုံးအားလွှမ်းခြုံထားလေသည်။
ချမ်းတစိမ့်စိမ့် ဖြစ်နေသော၇ာသီဥတုနှင့်အတူ  တောင်ပေါ်မှ ကြည့်လိုက်လျှင် အနီေ၇ာင် အပြာေ၇ာင် အမိုးများဖြင့် လှပနေသော တောင်ကြီးမြို့ အလှကို မြင်လိုက်ရသူအဖို့ ကြည်လင်အေးချမ်းသွားစေသည်။
သစ်၇ိပ် သစ်ခက် များ တောင်တက် တောင်ဆင်းများက တောင်ကြီးမြို့ အလှကို ပိုပြီးကျက်သေ၇ ၇ှိစေသည်။
ထို့အတူပင်  တောင်အောက်ကနေ ကြည့်လိုက်လျှင် မြို့ ဂုဏ်ကျက်သေ၇ဆောင် စူဌာမုနိ ဘုရားမှာလည်းတောင်ထိပ်ပေါ်တွင် မီးေ၇ာင်စုံများဖြင့် ကျက်သေ၇ အပေါင်းပြည့်စုံနေသည်မှာ
တောင်ကြီးမြို့ အလှပင်။
ထူးခြားသည့်နောက်တစ်ခုမှာ တောင်ကြီးမြို့ သည် ကျွန်တော်ေ၇ာက်ဖူးသော မြို့ များထက်
သန့် ရှင်းသပ်၇ပ်ခြင်း စည်းကမ်း၇ှိခြင်း စည်းလုံးခြင်းတို့ မှာ သာလွန်သည်။
ဆိုဖွယ်၇ာမရှိ။
ထို့ ကဲ့သို့ အေးမြချမ်းသည့် တောင်ကြီးမြို့ အလှကိုကြည့်ရင်း အဝေးတနေ၇ာမှ ကျွန်တော့်ချစ်သူလေး ၇ှိ ၇ာ နိုင်ငံကိုေ၇ာ်၇မ်းမှန်းဆပြီး လွမ်းနေ၇သည်မှာလည်း
တကယ့် စိတ်ချမ်းမြေ့စ၇ာ လေးပင်ဖြစ်သည်။
ညမီးေ၇ာင်စုံများကြားလှပနေသောတောင်ကြီးမြို့ နဲ့ လွမ်းဆွတ်နေသော ကျွန်တော့်စိတ်တို့ က ကျွန်တော့်ကိုအမြဲအင်တာနက်ဆိုင်သို့ ခြေဦးလှည့်စေသည်။
အလုပ်တာဝန်များကြားတွင် တယောက်ကို တယောက် ချစ်ခြင်းများဖြင့်နှောင်ဖွဲ့ နေသော
 တနေ့ မတွေ့ ၇၇င်မနေနိုင်လောက်အောင် ဖြစ်နေသောစိတ်တို့ က ကျွန်တော့်စိတ်ပင်ဖြစ်ပါသည်။
ထို့ အတူပင် အဝေးေ၇ာက်နေသော ကျွန်တော့်ချစ်သူလေးမှာလည်း ကျွန်တော်နဲ့ ထပ်တူထပ်မျှ ပင်ဖြစ်လိမ့်မည်ဟု ယုံကြည်ပါသည်။ ကျွန်တော် မြန်မာပြည်ကို စတင်ခြေချသည့်အချိန်မှာ ပထဆုံးသတိ၇မိသည်ကားကျွန်တော်ချစ်သူလေးပင်ဖြစ်ပါသည်။ စာဖွဲ့ လို့ တောင်မ၇လောက်ပါ။ ကျွန်တော့်၇င်ထဲတွင် ပူနွေးပြီး အ၇မ်းကို လွမ်းဆွတ်သတိ၇နေမိပါသည်။
ဆက်ပါမည် ။ သိပ်ချစ်သည် (မောင်)
Monday 6 June 2011
Anniversary Of Our Love
ပျော်ရွှင်စရာကောင်းသော Anniversary နေ့ လေးတစ်နေ့ ကိုရောက်လို့ လာပြန်ပါပြီ။
ပျော်ရွှင်စရာ ကောင်းသော နေ့ လေးမှာ လူသားအားလုံး စိတ်ရော ကိုယ်ပါ ကျန်းမာချမ်းသာကြပါစေလို့ ။
ထို့ အတူပဲ သိပ်ချစ်ရတဲ့ ချစ်သူ လည်း စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ။
ဒီလို နှစ်ပတ်လည်နေ့ လေးတွေတိုင်းမှာ ဒီဘလောဂ်လေးမှာ အမြဲလိုလိုရေးဖြစ်နေလို့ မို့ လည်း
ကိုယ်ကိုတိုင်ရော မောင့်ချစ်သူ ကော ၀မ်းသာပီတိ သို့ မဟုတ် စိတ်ခံစားမှု့ တစ်ခုလောက်တော့ရမယ်လို့ 
ယုံကြည်ပါတယ်။
နေ့ ရက်တွေက အချိန်နဲ့ အမျှ ပြောင်းလည်း
 အရာအားလုံးကလည်း ပြောင်းလည်း
ဥတု ရာသီတွေပြောင်းလည်း
ပြောင်းလည်း ခြင်းတွေ ဘယ်လောက်ပဲ ပြောင်းလည်းနေပါစေ
မပြောင်းလည်းတဲ့ ချစ်ခြင်းတွေနဲ့ အတူနှစ်ပတ်လည်ကို  ဖြတ်သန်းခွင့်ရလို့ မောင်သိပ်ချစ်တဲ့ 
မောင့်ချစ်သူ သဲလေး ကို သိပ်ကျေးဇူးတင်ပါတယ်။
ဒီလိုစာတွေက တချိန်ချိန် များမှာ မောင်တို့အသက်အရွယ်ကြီးလာတဲ့ ထိ တိုင် အောင်
ဘယ်တော့ဖတ်ဖတ် အမြဲတမ်းလန်းဆန်း နေမှာပါ။ဘာလို့ လည်းဆိုတော့
ရင်ထဲကနေ ရောက်လာပြီး တော့ ချစ်ခြင်းတွေက အသက်ဝင်စွာနဲ့  မှတ်တမ်းတင်ထားတဲ့ 
ရင်တွင်းဖြစ်တွေမလို့ ပေါ့ ။
အချိန်ရာသီတွေပြောင်းလည်း လူတွေက ရင့်ကျက်လာကြပေမယ့် အချစ်ဆိုတာကတော့
ဘယ်လောက်ပင်ပြောင်းလည်းစေကာမူ အသက်ကြီးတဲ့ ထိ အရေးပါနေဆဲပါ။
ဒါကြောင့်လည်း လူသားတွေ က အချစ်ကို အမြဲတမ်း တက်မက်နေကြတာပေါ့။
အချစ်ရှိရင် အားလုံးသာသာယာယာ စိုစိုပြေပြေအမြဲတမ်းဖြစ်နေစေပါတယ်။
ဒါကြောင့် မို့ မောင်နဲ့ မောင့်အသဲလေးတို့ လည်း သာယာစိုပြေတဲ့ ဘ၀လေးကို
တည်ဆောက်ကြဖို့ ချစ်ခြင်းတွေနဲ့ အတူ လူသားတွေကို ပျော်ရွှင်မှု့ တတ်နိုင်သလောက်
ပေးနိုင်အောင် ကြိုးစားကြပါစို့ လား။း)
သိပ်ချစ်တယ်  မောင့်ချစ်သူ။
Friday 6 May 2011
Anniversary
ပြာလွင်သောမိုးကောင်းကင်တခိုဝယ်  မီးခိုးရောင်တိမ်တိုက်တို့  နေမင်း၏ အလင်းရောင်အား
ဥတုရာသီအလိုက် ကျက်စားနေကြသော ကျေးငှက်ကလေးများကလည်း ဟိုမှသည် သည်မှဟို သို့ 
ဥဒဟို ပျံသန်ရင်း အစာရှာထွက်နေကြလေသည်။
ရာသီဥတု မိုးရာသီဟု သီးသန့် မရှိသော်လည်း မိုးကလေးများ တစ်ဖွဲ ဖွဲကျပြီး ပတ်ဝန်းကျင်တခုလုံး
စိမ်းစိုနေသည်မှာ မြင်ရသူအဖို့ စိတ်ကြည်နူး မျက်စိပဒသာဖြစ်စေလှသည်။
အခုလို ကြည်နုးသာယာနေသော အချိန်ဝယ် ကျွန်တော့် စိတ်တွင်လည်း ကြည်နူးပီတိဖြစ်နေပါသည်။
မည်သို့ သောအကြောင်းများက ကျွန်တော့် အားကြည်နုးပီတိဖြစ်စေပါသနည်း?း)
ယနေ့ သည် ကျွန်တော်တို့ ချစ်သူ နှစ်ဦးအတွက် ပျော်ရွှင်စရာ နှစ်ပတ်လည်နေ့ လေးတစ်နေ့ ပင်။
တစ်ယောက်ကို တစ်ယောက် နားလည်မှု့  ချစ်ခြင်းများဖြင့် 
စဉ်ဆက်မပြတ်စီးဆင်းနေသော ကျွန်တော်တို့ နှလုံးသွေးများက ချစ်ခြင်းတရားများကို
နွေးထွေးမှု့ ဖြင့် လှည်ပတ်စီးဆင်းနေသည်မှာ  ချစ်ခြင်းတရားကို ပိုမိုခိုင်မြဲစေသည်ဟု ယုံကြည်ပါသည်။
တခါတရံ စစနောက်နောက် တခါတလေ တည်တည်တံ့ တံ့ မျိုးစုံလှသော ကျွန်တော့် ချစ်သူ၏
အမုယာများက ကျွန်တော့် အား ပြဇာတ်တစ်ပုဒ်အားကြည့်ရှု့ အားပေးနေရသည့် ပွဲကြည့်ပရိတ်သတ်အလား၊
ရုံးသွားချိန် အိမ်ပြန်ချိန် အပြုံးလေးများဖြင့် အနမ်းများကလည်း တစ်မျိုးတစ်ဖုံ ကြည်နှုးရသည်မှာ
ငယ်ငယ်က စီးရသော ရဟတ် စီးရသည့် ရင်ခုန်သံများလားဟုပင် ထင်မှတ်မှားရသည်။
ရုံးသွားချိန်တစ်ယောက်တည်း ကျန်နေသော စိတ်များက
 နွေအကူး လေရူးများတိုက်ခိုက်ပြီး
သရက်ဖူးလေးများ  လှုပ်ရမ်းခါ၊
လက်ပံပင် မှ လက်ပံပွင့်တို့ ကြွေကျ၊
 လေပွေလေလှိုင်းတို့ က အောက်မှအထက်သို့ 
ပူပြင်းခြောက်သွေ့ နေသော နွေအလယ်မှာ
တကိုယ်တည်း အထီးကျန်ခြင်းမျိုးကဲ့ သို့ ပင် ။
ထို့ ကဲ့ သို့ အချိန်လေးများကိုကို ချစ်သူဖုန်းသံကို ခေါ်ရင်းကုန်ဆုံးစေခဲ့ ခြင်းဖြင့် အလွမ်းများကို
ဖြေသိမ့်နေရသည်မှာ ပျော်ရွှင်စ၇ာများပင်။
မည်သို့ ပင်ဖြစ်စေ
ကျွန်တော်တို့ နှစ်ပတ်လည်နေ့ လေးမှသည် နောက်နှစ်ပေါင်းများစွာတိုင်အောင်
လူမျိုး ဘာသာ သာသနာ အကျိုး ကို နှစ်ဦးအတူတကွ ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာဖြင့်
အားပေး ကူညီ လုပ်ဆောင်ပေးရင်းဖြင့် ကျွန်တော်တို့ ချစ်ခရီးလမ်းလေးကို
ဆက်လျှောက်လှမ်းကြပါအုံးမည်။
သိပ်ချစ်ရသောချစ်သူအတွက် အနမ်းများအား ဘလောဂ်မှတဆင့်ချန်ထားခဲ့ သည်။
(မောင်)
Thursday 7 April 2011
April Anniversary!
အတာကူးတဲ့  မြန်မာနှစ်သစ်ကူးကာလကို ရောက်ခဲ့လေပြီ။
လ တန်ခူးဖြစ်သဖြင့် ခရီးကျူးစမိုးသားတိမ်လွှာတို့  အုံ့ ကာဆိုင်း မှိုင်းပျပျ ရှိသောအတာသင်္ကြန်ကာလတည်း။
 သဲ . . .။
သဲ သည် ကျွန်တော်၏ချစ်လှစွာသော ချစ်သူလေးပင်ဖြစ်ပါသည်။ကျွန်တော် စိတ်ထဲမှ အမြတ်တနိုးဖြင့် သူမအား ရင်မှ ဖြစ်လာသော အသဲ နှလုံးအားတင်စားလျက် သဲ ဟု တစ်လုံးတည်းအဖျားစွတ်ခေါ်ခြင်းပင်။
သဲ နှင့် ကျွန်တော် ချစ်သူတွေ ဖြစ်ပြီး လတိုင်း အမှတ်တရ အထိမ်းအမှတ်နေ့ လေးကို တန်ဖိုးထားပြီး
အခြားနေ့ များနှင့်မတူ ထုးထူးခြားခြား လုပ်လေ့ လထရှိပါသည်။
ယခုဆို လျှင် ကျွန်တော်တို့ အနာဂတ်လေးများ လှမ်းလို့ မြင်နေပါပြီ။ အနာဂတ်လေးများ ပုံဖော်ဖို့ ရာ
တစ်ရစ် ထက် တစ်ရစ် တိုးလို့ ခိုင်မာလာသော ကျွန်တော်တို့ ချစ်ခြင်းများသည် တုနိုင်းလို့ ရမည်မထင်။
ချစ်ခြင်းများ တစ်စ ထက်တစ်စ တိုးလို့ လာသည်နှင့်အမျှ ကျွန်တော်သည်လည်း တစ်နေ့ ထက်တစ်နေ့ 
ပိုပိုလှလာသော ကျွန်တော်ချစ်သူ သဲလေး အားပိုပိုချစ်လာပါသည်။
ကျွန်တော်တို့  နှစ်ယောက်ချစ်ခြင်း ကား မိုးရွာပြီးစ အချိန်ဝယ်  ကန်တော်ကြီး  အင်းယားကန်နံဘေးက
စိမ်းစိုလတ်ဆတ်နေသော သစ်ပင်ပန်းမံ လေးများ ပေါ်ဝယ် မိုးရေ စက်ကလေးများဖြင့်  အေးမြ
လတ်ဆတ်နေသော လန်းဆန်းခြင်းမျိုး။
ကျွန်တော်ရင်မှ ဖြစ်လာသောအချစ်များ သူမ ရင်မှဖြစ်လာသောချစ်ခြင်းများဖြင့်
သာယာလှပသောဘ၀လေးကို ထုဆစ်နေသည်မှာ အခုဆိုလျှင် အထိမ်းအမှတ်နေ့ လေး
ရောက်လို့ လာပြန်ပါပီ။
အခုလို ထူးခြားသော အထိမ်းမှတ်နေ့ လေးတွင် ကျွန်တော်သိပ်ချစ်ရသော ချစ်သူ သဲ လေး အား
အနီးအနားတွင်  ချစ်ခင် ကြင်နာစွာ မနေနိုင်သေးသော်လည်း ကျွန်တော် ချစ်ခြင်းတို့ ကား
သူမ အပေါ်အတွင် အပြည့်အ၀ ဆိုသည် ယုံမှားဖွယ်ရာမရှိ။
ဘယ်တော့မှ ရိုးမသွားသော စကားလေးအားကျွန်တော်ချစ်သူ သဲလေးအားပြောပြလိုက်ချင်သည်။
"သဲ လေးကို  သိပ်ချစ်တယ်။"
Anniversary နေ့ လေးမှသည် နောက်နှစ်ပေါင်းများစွာတိုင်အောင် ကျွန်တော်သိပ်ချစ်ရသော
သဲ လေး စိတ်ချမ်းသာ ပျော်ရွှင်ပြီး ချစ်တဲ့  မောင် နဲ့ အတူတူ သာယာတဲ့ ဘ၀လေးကို
အတူတူ တည်ဆောက်ကြမယ်။
သိပ်ချစ်တဲ့ ( မောင်)
Monday 28 March 2011
Our strength
သဲလေး
ပထမဆုံးအနေနဲ့ မောင်သဲလေးကို သိပ်ချစ်တယ်။မောင်ဘ၀နဲ့ ထပ်တူထပ်မျှချစ်တယ်။
စိတ်မညစ်နဲ့ နော်။
ဘာတွေများ ရင်ထဲမှာလေးလံနေလည်း?
အားတင်းထား။
လူဆိုတာ အမြဲတမ်း ပြောင်းလည်းနေတာ သဘောကတော့ စိတ်ညစ်စရာဆိုလည်း ခနပဲ
စိတ်ချမ်းသာစရာဆိုလည်းခနပဲ။အခု မောင့်အသဲလေးက စိတ်ညစ်စရာရှိတယ်ပဲထားအုံး
ဘာတွေများညစ်နေမှာလည်း။ ဘယ်လိုဖြစ်ဖြစ် လောကကြီးမှာ ကိုယ်တစ်ယောက်တည်း
အဲလိုတွေဖြစ်နေတာမဟုတ်ဘူး အများနဲ့ အတူတူဖြစ်နေတာလို့ ဖြေလိုက်ရင် အားလုံး
အဆင်ပြေသွားမှာပါ။ ဒီတော့ မောင့်အသဲံလေး အခုဖြစ်နေတာကို စာထဲမှာချရေးကြည့်လိုက်
နောက်ရက်တွေမှာ အဲဒီ ခက်ခဲပါတယ်ဆိုတာက အဆင်ပြေသွားပီးတော့ ဘာမှမဟုတ်ပါလား
ဆိုတာကို သဲသိသွားပါလိမ့်မယ်။အခုလတ်တလော အခြေအနေကို ကောင်းအောင် ကျိုးစား
နေလိုက်ပါလား။ဒါဆို ရင်လာမယ့်အနာဂတ်က ကောင်းနေမှာပါပဲ။ဟုတ်တယ်မလား။
ဘယ်လိုတွေ အခက်အခဲတွေကြုံတွေ့ နေပါစေ အားတင်းထားလိုက်ရင် အဆင်ပြေသွားတယ်။
မောင်လည်းအခု အားတင်းထားတယ်လေ သဲလေးကို စာရေးနေတာ မောင်နေမကောင်းတာကို
နေကောင်းတယ်ဆိုတဲ့ စိတ်ကိုမွေးလို့ အားတင်းထားတာ ပေါ့။စိတ်များလျှော့လိုက်ရင် သိတယ်မလား။
ဖြစ်တာနည်းနည်း ပိုတာက ခပ်များများရယ်။ သဲက အဲံလိုတွေလည်း လုပ်တတ်ပါတယ်။ မောင်ပြောနေ
ဖို့ တောင်မလိုဘူး  မောင် သဲလေး အကြောင်းကို မောင်သိတယ်.။ဒီတော့ မောင့်အသဲလေးနားမှာ
ချစ်တဲ့ မောင်က အမြဲတမ်း  အားပေးနေမယ်။ သဲလေး ပျော်ရွှင်ပါစေ။
သိပ်ချစ်တဲံ့ (မောင်)
Saturday 5 March 2011
ပန်းချစ်တဲ့ မောင့်အသဲလေး
Love you very much  Thae lay
(mg)
Anniversary Day Of our love
နေ့ ရက်တွေ တစ်နေ့ ပြီးတစ်နေ့  ဖြတ်ကျော်လာသလို
အမြဲတမ်း  ဆန်းသစ်  လန်းဆန်း    နေတယ်နော်။
မောင်က သဲကို  ချစ်မြတ်နိုးတန်ဖိုးထား
သဲ ကလည်း မောင့်ကို     ချစ်
ဘာနဲ့ မှနှိုင်းယှဉ်လို့  မရတဲ့ ချစ်ခြင်းတွေအပြည့်နဲ့ 
နေ့ လ ရက်တွေ ကို 
ပျော်ရွှင်အေးမြခြင်းတွေနဲ့ အတူတူ ဖြတ်သန်းလာခဲ့ ကြပြီနော်။
မောင့်အတွက်တော့ တစ်နေ့ ထက်တစ်နေ့ ပိုပိုတိုးလာတဲ့ အချစ်တွေနဲ့ အတူ 
တူနှစ်ကိုယ်ဆုံနိုင်မယ့် နေ့ ရက်တွေကို လက်ချိုးပြီးမရေတွက်ယုံတမယ်
မျှော်နေရပါတယ်။ ဒီလိုပဲ မောင့်သိပ်ချစ်တဲ့ မောင့် အသဲလေးကလည်း 
မောင်လိုပဲထပ်တူထပ်မျှ ဖြစ်နေလိမ့်မယ်ဆိုတာ မောင် ယုံပါတယ်။
မောင် သိပ်ချစ်တဲ့  သဲ လေးအတွက် ကဗျာလေးရေးပြီးတော့ လက်ဆောင်အဖြစ်ပေးချင်တယ်။
 မောင့် ရဲ့ ချစ်ခြင်း
ချစ်ရည်ရယ်လူး 
မခွဲဘူးသစ္စာ 
မေတ္တာတွေခိုင်မြဲ လျှက်ပဲကွယ်။
ရင်ထဲအထိ အကြည့်တွေနဲ
စွဲငင်အားကောင်း  မပြောင်းလဲအချစ်
တရစ်ပြီး တရစ်တိုး
သဲ ကျေနပ်စေ။ 
နှစ်ဦအကြင်နာ ကမ္ဘာမှာရှား
နှလုံးသားသက်သေ  လက်တွေခိုင်မြဲ
တွဲလက်မပြတ် ချစ်ကြမယ်။
မောင် တို့ ရဲ့ Anniversary နေ့ မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် 
အတူတူ လျှောက်လှမ်းကြမယ်နော်။
သိပ်ချစ်တဲ့ (မောင်)
Sunday 13 February 2011
ချစ်သူဖတ်ဖို့ 
2011?azaz:0g&Dv14&uf/
cspfolrsm;aeU?cspfolzwfzdkUuAsmwyk'fa&;r,f/
usrtwGuf/
tcspfqdkwm?arT;ysHUoif;MuL?MumjzLav;wyGifhaygh/
&TH hEGHxJvJ rnpfrEGrf; tpOfvef;Edkifw,f/
2010?Mo*kwfv6&uf/
usrtwGuf/
tcspfqdkwm?aqmif;wGif;at;at;?aejcnfaEG;aygh/
Munfvifawmufy?&Tifjyapwmodvdkuf&w,f/
2010?'DZifbmv31&uf/
usrtwGuf/
tcspfqdkwm? 0g*Grf;jzLvdk?tdpufodrfarGU?axG;ayGUp&maygh/
zefom;ozG,f? uGJtuf&SvG,f??t&mudkvnf;?El;nHhpGmolxdawGUw,f/
2011?Zefe0g&Dv9&uf/
usrtwGuf/
tcspfqdkwm? jrifae&ufeJU?awGUzdkUcufwJh? vrif;omvdk?a0;uGmaewmaygh/
nOfU,Hwdkif;rSm? vGrf;armwrf;w? jrif&wmudkyJ?auseyf&w,f/
2011?{jyDv14&uf/
usrtwGuf/
tcspfqdkwm?t*FgN*dKvfa&muf?vlom;wpfa,mufaygh/
xl;jcm;qef;us,f?aysmf&TifzG,frsm;eJUt&nfaysmfoGm;w,f/
2011?Zlvdkif12&uf/
usrtwGuf/
tcspfqdkwm?at;jrMunfvif?a&pifwpfaygufaygh/
aEGaevnfrSm?yef;wpfyGifhudk&Tef;pdkvef;qef;apw,f/
2011?pufwifbm9&uf/
usrtwGuf/
tcspfqdkwm?þajrurÇmudk pdrf;pdkapwJh? opfyifaygh/
atmufpD*sifvdk? r&Sdrjzpf/puúefUrvyfpD;vnfywfvdkU?touf&Sif&yfwnfzdkU? oljznfhpGrf;w,f/
b0qdkwm?ol&SdaerS?jzpfwnfwmvdkU?usrqdkcsifw,f/
armif
cspfolrsm;aeU?uAsmzwfay;aemf/oJ
အမှတ်တရ ချစ်သူများနေ့ 
ချစ်သူများနေ့  အတွက် ချစ်သူအတွက်
မောင် မှ အမှတ်တရ လက်ဆောင်.
သိပ်ချစ်တယ်....
(မောင်)
ချစ်သူများနေ့ 
                                               Happy Valentine's Day
ချစ်သူများနေ့ 
ဖေဖော်ဝါရီလ(၁၄)ရက်နေ့ 
နှစ်စဉ်နှစ်တိုင်းအဲလို၇က်လေးတွေဆိုရင် လူတွေတော်တော်များ အလုပ်တွေကြားထဲကနေ
ကိုယ့်ချစ်သူကို လက်ဆောင်လေးတွေပေးလေ့ပေးထရှိတတ်ကြပါတယ်။
ဒီလိုပဲ ကျွန်တော်လည်း ကျွန်တော်သိပ်ချစ်ရတဲ့  အရမ်းကိုလှပချောမောတဲ့ချစ်သူကို 
အဝေးကနေပြီး ချစ်သူစိတ်ချမ်းသာစေမယ့် လက်ဆောင်လေးတွေကို
ရင်ထဲ နှလုံးသားထဲကနေပီးပေးလိုက်ပါတယ်။
သိပ်ချစ်ရတဲ့ မောင့် အသဲလေး
ချစ်သူများနေ့ ဖေဖော်ဝါရီ (၁၄) က စလို့ မောင်နဲ့ အတူတူ သဲလေးပျော်ရွှင်တဲ့ ဘ၀လေးကို
အတူတူ ဖြတ်သန်းနိုင်ပါစေလို့ မောင်ဆုတောင်းလိုက်ပါတယ်။
သူများတွေက ချစ်သူများနေ့ ဆိုရင် ချစ်သူနှစ်ဦးပျော်ရွှင်စွာနဲ့ အတူတူနေနေကြပေမယ့်
မောင်တို့ က ရေရှည်ဘ၀တိုးတက်ဖို့ အတွက်ခဏတာဝေးနေရတဲ့အချိန်လေးမှာ
မောင်သဲလေးအနားမှာရှိနေသလိုမျိုး ခံစားပေးပါ သဲလေးရယ်။
မောင်က သဲလေးအနားမှာ အတူတူနေရှိနေရပေမယ့် 
အမြဲတမ်း ကိုယ်နဲ့ မခွာပူးပူးကပ်ကပ်လေးတော့နေချင်တယ်။
ဒါပေမယ့် မောင် အမှတ်တရအနေနဲ့ ဒီနေ့ သဲလေးကို 
မောင် ချစ်သူများနေ့ အမှတ်တရ Happy Valentine's Day Movie လေးလုပ်ပေးရလို့ 
ကျေနပ်ပါတယ် ချစ်သူရယ်။
မောင့်သဲလေးက အမြဲတမ်း သိပ်လှလို့ မလို့ မောင် က အမြဲတမ်းပျော်ရတယ်။
ဒီလောက်ချောမောလှပနေတဲ့ မောင့်ချစ်သူလေးကို မောင်က ချစ်နေရလို့ လည်း 
ကိုယ့်ကို ကို ကျေနပ်တယ်.
သဲလေး ရေ
ချစ်သူများနေ့ ကစလို့ နောင်နှစ်ပေါင်းများစွာတိုင်အောင် 
ချစ်သောမောင်နဲ့ အတူတူပျော်ရွှင်စွာနဲ့ လျှောက်လှမ်းနိုင်ပါစေ။
သိပ်ချစ်တဲ့ 
(မောင်)
Saturday 5 February 2011
အနှိုင်းမဲ့ အချစ်
စွဲလန်းနေသော 
မောင့် စိတ်တို့ ကို
နှစ်သိမ့်ဖို့ ရာ
အဖြေရှာနေလည်း
သဲ ကလွဲလို့ 
နှစ်သိမ့်ဖို့ ရာမရှိပါ။
စိတ်ထဲမှာ မှတ်မိနေသောကဗျာလေးတစ်ပုဒ်ကိုချရေးနေရင်း..
ကမ္ဘာတစ်ခြမ်းဆီမှာ ကိုယ်ကလည်း သူ့ ကိုလွမ်းလို့ 
သူ ကလည်းကိုယ့်ကိုလွမ်းလို့ 
(အဲသလိုနဲ့ )
အလွမ်းတွေကို တံတားထိုးရင်း
အားတွေအဖြစ်ကိုယ့်ကိုကိုအားပေးလို့ 
အချစ်တွေ အလွမ်းတွေ
ကြင်နာခြင်းတွေ သာယာခြင်းတွေ
ကြည်နူးပီတိဖြစ်ရတာတွေ
သ၀န်တိုခြင်းတွေ နဲ့ 
နောက်ပြီး
ပိုင်ဆိုင်ထားတဲ့ အနမ်းလေးတွေ
ပိုင်ဆိုင်ထားတဲ့ သဲလေး ရဲ့ အချစ်တွေ
ပျော်ရွှင်ခြင်းတွေ အတွက် 
တစ်ဘ၀စာလုံးကို ပေးဆပ်လို့ 
နေရာလွတ်မရှိအောင်ပဲ ပြည့်ကျပ်နေတဲ့ အချစ်တွေနဲ့ အတူ
မောင်က သဲလေးကို သိပ်ချစ်တယ်။
သဲ ပြုံးနေရင် 
သဲ ပျော်နေရင် 
သဲ ကျေနပ်နေရင် 
ဘယ်လိုနေနေ 
မောင် က ကျေနပ်နေတဲ့သူပါ။
ဒီလိုနဲ့  မောင် တို့ ချစ်လာတဲ့ ချစ်အိမ်လေးကို 
အေးအတူ ပူအမျှ နဲ့ ဘ၀ကို အကောင်းဆုးံဖြစ်အောင် ကြိုးစားသွားကြမယ်နော်။
သဲလေး ကို  သိပ်ချစ်တယ်။
မောင့်အသက်နဲ့ ထပ်တူထပ်မျှ.။
သိပ်ချစ်တဲ့ (မောင်)♥♥♥
My life of happiness.
                                        This is our 6months anniversary day.
I feel lucky because I am lucky enough to have my lover.Mg always says how much he loves me and how beautiful I am. Mg gives my soul and body a great strength to stay young and beautiful always although every other people getting older and older every second and minute.
When I am with him, the time is like bathing in the warm water under the beautiful soft candle light. Prevent all interruptions. My ears are full with his kind words and songs Mg chooses for me.
He makes me happy even in the time we mad at each other on our differences.
Mg is my indulgence. He is such an antioxidant prevent my body from all kind of diseases. I can feel him from the deepest part of my chest. Love, I have gotten from him gives me alive.
Mg is not an option of my life, he is my essential requirement.
I love you Mg.
Please love me till the day I leave this life.
Saturday 22 January 2011
အသက်နှင့် အမျှ သိပ်ချစ်ရပါသောချစ်သူ
ဘ၀မှာ မျှော်လင့်စိတ်ကူးထားတဲ့အိပ်မက်လေးက
တကယ်လက်တွေ့ ဘ၀မှာဖြစ်လာခဲ့ပါပြီ။
လူပျိုဘ၀စရောက်တုန်းကတည်းက တွေးလာတဲ့စိတ်ကူးလေးတွေနဲ့အတူ
မက်ခဲ့အိပ်မက်လေးတွေ ငါ့မှာ သိပ်ချစ်ရတဲ့ကိုယ်နှစ်သက်မြတ်နိုးရတဲ့ချစ်သူလေးတစ်ယောက်
ရှိရင်ကောင်းမှာပဲလို့ စိတ်ထဲကလည်းတွေးပြီး စာအုပ်ထဲမှာလည်းချရေးထားခဲ့မိတယ်။
နှစ်တွေအချိန်တွေပြောင်းလည်းလာခဲ့လို့  အသက်အရွယ်ရလာတဲ့အချိန်မှာ
ရင်ထဲကို သိပ်ချစ်ရတဲ့ချစ်သူတစ်ယောက်ကို ဘုရားက ပေးတဲ့ဆုတစ်ခုလိုပဲ
ရရှိလိုက်ပါတယ်။ သူမ က ကျွန်တော်သိပ်ချစ်ရတဲ့  "သဲ" လို့ အမြတ်တနိုးခေါ်တဲ့
ကျွန်တော့် ချစ်သူပေါ့။
အေးမြတဲ့ဆောင်းမှာ သူမ နဲ့ ကျွန်တော် (မောင် နဲ့ သဲ) တွေ့ ကြပြီးတော့
နှစ်သစ်ကိုအတူတူဖြတ်သန်းခဲ့ရတာဟာ အရမ်းကျက်သရေရှိတဲ့အချိန်အခါလေးတွေ
ဖြစ်ခဲ့ပီးတော့ ဘ၀တစ်ခုကိုထုဆစ်ဖို့ ခြေလှမ်းအစလည်းဖြစ်ခဲ့ပါတယ်။
လေယာဉ်မဆိုက်ခင်ကတည်းက ရင်ခုန်နေတဲ့ ကျွန်တော်အဖို့ 
လေဆိပ်ထဲမှာသူမ ဓတ်လှေကားပေါ်ကနေဆင်းလာတဲ့အချိန်လေးမှာ
သိပ်လှတဲ့နတ်သမီးလေးတစ်ပါးဆင်းလာတာကိုမြင်လိုက်ရသလိုပါပဲ
ကျွန်တော်သိပ်ချစ်ရတဲ့ ကျွန်တော်ချစ်သူကိုမြင်လိုက်ရပါတယ်။
ကျွန်တော်မျက်နှာမှာ ကျေနပ်ပီတိအပြုံးတွေ အပြည့်နဲ့ ပေါ့။
လေဆိပ်ထဲကနေ စထွက်လာရင်ပဲ သူကို ဆီးကြိုပြီးပွေ့ ဖက်နမ်းရှိုက်လိုက်တဲအခါ
ရင်တွေတဒိန်းဒိန်းခုန်နေတဲ့ကျွန်တော်ရင်ဘတ်က နှလုံးခုန်သံက သူမစီးနင်းလာတဲ့
လေယာဉ်အင်ဂျင်သံထက်တောင်ပိုကျယ်နေမလားလို့ တောင်ထင်ရလောက်ပါတယ်။
ဘာလို့ လည်းဆိုတော့ ကျွန်တော်ဘ၀အတွက် ဘုရားပေးတဲ့ဆုလေးက ကျွန်တော့် ရင်ခွင်ထဲမှာ
မွေးပျံ့ တဲ့သူမ ကိုယ်သင်းရနံ့ လေးတွေနဲ့ အတူ ကျွန်တော်နမ်းရှိုက်နေရလို့ ပေါ့။
ရင်ခုန်သံတွေဆူညံစွာနဲ့ ပဲ အထုပ်အပိုးတွေ နဲ့ အတူ ဟော်တယ်ကို ကားနဲ့ သွားခဲ့ပါတယ်။
တလမ်းလုံးပွေ့ ဖက်ပီးတော့ ကြည်နှုးမှု့ တွေကိုယ်စီနဲ့ ပေါ့။
ဘာနဲ့ မှလည်းလို့ မရနိုင်တဲ့အချိန်လေးတွေ ကိုယ် နှစ်ဦးသားပျော်ရွင်နေတယ်လေ။
မော်စကိုမြို့ ကြီးကို လည်လည်ဝယ်ဝယ်မသွားတတ်တဲ့ ကျွန်တော်တို့ ချစ်သူစုံတွဲကို
သူငယ်ချင်းတွေကလိုက်ပို့ လို့ နှစ်သစ်ကူးညလေးကို
ကြည်နှူးစွာနဲ့ နှစ်ယောက်ပျော်ပျော်ပါးပါးဆင်နွှဲခွင့်ရခဲပါတယ်။
ဒီအတွက်လည်း သူငယ်ချင်းတွေကို ကျေးဇူးတင်လို့ မဆုံးပါဘူး။
ဒီလိုနဲ့ ကျွန်တော်တို့ နဲ့ တူတူသူငယ်ချင်းတွေလည်း နှစ်သစ်ကူးကို နာရီကြည့်ပြီး Aero Star Hotel
လမ်းမထက်မှာပဲ ဓတ်ပုံတွေတဖျတ်ဖျတ်ရိုက်ရင်းနဲ့ "Happy New Year"ကို အော်လို့ ကြိုဆိုခဲ့ကြတဲ့
နေ့ လေးကလည်း ရင်ခုန်ဖွယ်ရာအတိနဲ့ ပါပဲ။
ဘ၀မှာ တခါမှာအဲလို  ကိုယ့် သိပ်ချစ်တဲ့ချစ်သူလေးနဲ့ အတူတူနှစ်သစ်ကူးညလေးမှာ ပျော်ရွင်စွာ
နဲ့ ကျော်ဖြတ်ရမယ်လို့ အိပ်မက်တောင်မမက်ဘူးခဲ့ပါဘူး။
ဒါပေမယ့်အခုတော့ကျွန်တော်အိပ်မက်တွေ တကယ်ဖြစ်လာခဲ့ပါပီ။
သိပ်ချစ်တဲ့  ကျွန်တော်ချစ်သူ (မောင့်ချစ်သူ) သဲကို လည်း
သိပ်ကျေးဇူးတင်ပါတယ်။
ဘ၀တစ်ခုကိုထုဆစ်ဖို့ တူနှစ်ကို ရွှေလက်တွဲချင်လှပါပီ။
အခုချိန်မှာ တနယ်စီဝေးကွာနေပေမယ့်စိတ်တွေက တစ်ယောက်ကို တစ်ယောက်
နီးစပ်တဲ့ သံယောဇဉ်တွေ အချစ်တွေနဲ့ နွေးထွေးနေပါတယ်။
မောင် သိပ်ချစ်တဲ့ မောင့်အသက် မောင့်ဘ၀ မောင့်ကမ္ဘာ ဖြစ်တဲ့ 
မောင့် အသဲလေးကို
အသက်နဲ့ မြတ်နိုးတယ်ဆိုတာသဲလေးသိစေချင်ပါတယ်။
"သိပ်ချစ်တယ် သဲရယ်"
ပျော်ရွှင်ချမ်းမြေ့တဲ့ မိသားစုဘ၀လေးကို နှစ်ကိုယ်တူလျှောက်လှမ်းကြဖို့ အတွက်
မောင်လည်းကြိုးစားနေပါတယ်။
မောင့် အသဲလေး ပျော်ရွှင်ချမ်းမြေ့ပါစေ။
သိပ်ချစ်တဲ့  (မောင်)
Sunday 16 January 2011
အသက်နဲ့ ထပ်တူ
ဆောင်းနှင်းတွေတဖွဲဖွဲနဲ့ 
လမ်းတွေအတူတူလျှောက်
လက်တွဲမဖြူတ်ဘူးဆိုတာကို အခုမှသိတဲ့ ကျွန်တော်
ချစ်သူကို ရင်ခွင်ထဲမှာထား
နွေးထွေးတဲ့လက်နဲ့ 
ကြင်နာခြင်းတွေကိုတယုတယ
သိပ်ပျော်ဖို့ ကောင်းတဲ့ 
အတူနေတဲ့နှစ်သစ်ကူးလေးက
အမြဲတမ်းအမှတ်တရပါပဲ
မောင် နဲ့ အတူတူ နှစ်သစ်ကူးလေးမှာ
သိပ်ပျော်ရွှင်စရာကောင်းတဲ့ အချိန်တွေကို ဖြတ်သန်းခွင့်ပေးတဲ့မောင့်ချစ်သူကို
"သိပ်ချစ်တယ်"
မောင် မ ကို သိပ်ချစ်တယ်
(မောင်)
Sunday 9 January 2011
အမှတ်တရ နှစ်သစ်ကူး
သိပ်ချစ်တဲ့ မောင့် ချစ်သူ
အရမ်းပျော်စရာတွေနဲ့ ကြင်နာမှု့ တွေနဲ့ အတူ အမှတ်တရများစွာရလို့ 
အတိုင်းမသိအောင် ကြည်နှုးပီတိဖြစ်ရပါတယ်။
ဆောင်းညတွေမှာ နှစ်သစ်ကို အတူတကွပျော်ရလို့ ဘုရားကို ကျေးဇူးတင်ပါတယ်။
ထို့ အတူ အဲလိုလေးတွေနဲ့ ချစ်ခြင်းတွေဖြည့်ဆည်းပေးတဲ့ မောင့်ချစ်သူကို လည်း မောင်က ကျေးဇူးတင်ပါတယ်။
မောင့်အတွက်တော့အမြဲတမ်းအမှတ်တရပါပဲ။
မောင် မ ကို သိပ်ချစ်တာပဲ.။
ထာဝရအတူတူလက်တွဲကြမယ်နော်။
သိပ်ချစ်တဲ့ 
(မောင်)