Saturday 6 November 2010

မိုင်တိုင်အမှတ်(နားလည်ခြင်း)


မ မှာလဲ အတိတ်ရှိသလို မောင့်မှာလဲ အတိတ်နဲ့ပဲလေ…
လူတိုင်းမှာ အတိတ်ဆိုတာ တွေရှိပါတယ်
လူဆိုတာ အတိတ်မှာ ရပ်နေလို့မှ မရတာ
အနာဂတ်ဆီကို သွားတဲ့အခါမှာသာ
မ အနာဂတ်နဲ့ မောင့်အနာဂတ် တူညီနေဖို့ လိုတာပါ။

မ ထိရှခဲ့တဲ့ ဒဏ်ရာတွေအတွက်
မောင့် စကားခွန်းရေတွေနဲ့ အနီးကပ်ပြုစုမယ်
မောင် ကျဆုံးခဲ့တဲ့ မှတ်တိုင်တွေအတွက်
မ  အရှေ့က လမ်းကူပြမယ်…
မ နဲ့မောင် ကြားမှာ
လေဟာနယ်တွေရှိမယ်…
ဒီဂျစ်တယ် ကိန်းဂဏန်းတွေ ရှိမယ်…
အသုံးချ နည်းပညာပစ္စည်းတွေနဲ့ များပြားလှတဲ့ မိုင်တွေ ရှိမယ်…

ကြိုးမဲ့ကိရိယာတွေက ဖြတ်သန်းလာတဲ့
မ အသံအက်ရှရှတွေရယ်…
စာလုံးလေးတွေထဲမှာ မျောပါလာတဲ့
မ အပြုံးပွင့်တွေရယ်…

အနားမှာ ရှိမနေပေမယ့်..
မ ရင်ခွင်မှာ  မောင် ခိုဝင်တယ်…
အနားမှာ ရှိမနေပေမယ့်..
မောင့် ပုခုံးထက်မှာ မ မှီတွယ်တယ်..

ချစ်သူရယ်…
ယုံကြည်မှုအုတ်မြစ်ပေါ်မှာ
နားလည်မှုကို ကြားခံပြီးတော့
တွဲထားတဲ့ တို့နှစ်ယောက် လက်တွေ နွေးနေစေမယ် နော်။

2 comments:

  1. Well, you have done so good to me
    You bet that I felt it in the deepest part of my heart.
    I tried to be chill every moment but you're so hot that I melted all the time.
    It is a crush!
    Nothing's going to stop me and you
    It is divine intervention.
    This is our fate.
    I won't hesitate when it comes to you.
    No more fear, no more scare
    I'm yours:)

    Look into my heart Mg,
    you'll find love to you.
    There is no reason to explain,
    I'm yours:)

    ReplyDelete
  2. မောင် က မအတွက်.
    မ ကို မောင် သိပ်ချစ်တယ်...ဒီထက်မကပိုတဲ့အချစ်တွေနဲ့  အနမ်းပေါင်းများစွာချွေပြီးတော့ ရှေဆက်ပြီး သာယာတဲ့ဘ၀ကိုလျှောက်လှမ်းကြမယ်...(မောင်)

    ReplyDelete