Thursday 11 November 2010

လျှောက်လှမ်းကြမယ့် အနာဂတ်လေးဆီသို့ 



ဆုံနိုင်မယ့် အတွေးတစ
အတူနေချိန်ကို သတိရ
ထင်ကျန်နေတဲ့ အတိတ်က
လက်ရှိအချိန်ကို လမ်းပြ
သာယာမယ့် အနာဂါတ်ဘဝ
မောင်တို့နှစ်ယောက် တည်ဆောက်ကြရအောင် …

ဝေဒနာက အထပ်ထပ်
လွမ်းခဲ့ရ နေ့ညမပျက်
မျှော်လင့်တဲ့ နှလုံးသားနဲ့
ပြန်ဆုံမယ့်နေ့ ညတွေကို
ရေတွက်နေခဲ့တဲ့ မောင့်အတွက်
“လွမ်းတယ်” ဆိုတဲ့စကားလေးက
နှစ်သိမ့်စရာများ ဖြစ်နေမလား …

ယုံကြည်မှုကို တည်ဆောက်
သံသယကို ဖြေဖျောက်လို့
မောင်တို့နှစ်ယောက် လက်ကိုတွဲ
ဖြူစင်တဲ့ မေတ္တာနဲ့ ပြန်ဆုံဖို့နေ့များဝယ်
သစ္စာရှိရှိ လျှောက်လှမ်းမယ် 

 မ ကို သိပ်ချစ်တယ်။
                      မောင် 

No comments:

Post a Comment