Sunday 19 December 2010
စံပယ်
နေခြည်ဖြာချိန် ဆို. နှုတ်ငုံလို ဖြူလွှကာတင့်တယ်
သူရနံ့ က နာကြင်ခံစားဝေဒနာများကိုဖယ်ရှားပေးတယ်။
ယုံကြည်စွမ်းအားသတ္တိများကို သူပေးသနားတယ်။
ခါးသီးဘ၀ ကြုံတွေ့ ရလည်း ပျော်ရွှင်စိတ်ထား ရင်ဆိုင်သွားဖို့ သူအားပေးတယ်။
ဝင်းပကြည်စင် ချစ်ခင်စဖွယ် ငွေစံပယ်လို 
အေးဆေးငြိမ်သက် ရဲထက်အစွမ်း ညယံမှာပွင့်လန်းမယ်။
ပိုင်ဆိုင်အလှ တဘ၀တည်းအတွက် မဟုတ် 
သင်းထုံရနံ့ ပေးဆပ်ကုစား ဘ၀များစွာအတွက်ရှင်သန်မယ်။
မှောင်မိုက်ချိန်များ ကျော်လွန်ကာသွားတဲ့ အခါ
ကောင်းခြင်းမင်္ဂလာ ပြည့်စုံစွာနဲ့ တင့်တယ်စေမယ် ငွေစံပယ်။ (မောင်&မ)
1 comment:
  1. ပို့စ်လေးကို လာဖတ်သွားပါတယ်။ စံပယ်ပန်းပုံလေးကိုလည်း ကူးယူသွားပါတယ်ခင်ဗျား...။
    ReplyDelete