Tuesday 7 December 2010

ခရစ်စမတ်တစ်ပိုင်းတစ်စ



ရောက်လာတော့မယ်
ခရစ်စမတ်ကို။
ဘာလိုလိုနဲ့ တစ်နှစ်ကုန်ခါနီးလို့ ခရစ်စမတ် အချိန် တောင် ရောက်ပြန်တော့မယ်။ ကျွန်တော့်အတွက် အိမ်နဲ့ ဝေး ရပ် မှာ ရောက် နေခဲ့ရတဲ့ ခရစ်စမတ် ရာသီ တွေလည်း မနည်း တော့ပါဘူး။ သူများ မိသားစုတွေ စုဝေး ပျော်ရွှင် နေကြတာ မြင်ရင် အိမ်ကို ပိုလို့တောင် လွမ်းရ ပါသေးတယ်။ ချမ်းချမ်းစီးစီး ဆောင်းရက်ထဲမှာ ကိုယ့်မှာ ဖြင့်တော့ တစ်ယောက် တည်းလေ။ 
ဒီလို ခရစ်စမတ်အချိန်ရောက်ရင် ကိုယ့်ဘာသာကိုယ် အိမ်လွမ်းလို့ မပျော်နိုင်လို့သာပါ။ တကယ်ကတော့ ဒီနိုင်ငံ ကလူတွေအတွက်တော့ ပျော်စရာ ပွဲတော် ရက်ကြီးပါပဲ။ အိမ်တွေမှာ မီးရောင်စုံတွေ ထွန်းကြ၊ ခရစ်စမတ် သစ်ပင်ကို အလှတွေဆင်ကြ၊ မိသားစုမိတ်ဆွေတွေကို ပေးဖို့ လက်ဆောင်တွေ ၀ယ်ကြနဲ့ပါ။ ခရစ်စမတ်ဆိုတာ ဘာသာရေးပွဲတော်အဖြစ် အစပြုခဲ့ပေမယ့် အခုနောက်ပိုင်းမှာဖြင့် လူမျိုးဘာသာမရွေး ၀င် ရောက် ပါဝင် ဆင်နွှဲလာကြပါပြီ။ အထူးသဖြင့် မိတ်ဆွေအချင်းချင်း လက်ဆောင်တွေ လဲလှယ်ပေးကမ်းကြတဲ့ အချိန်မျိုးတွေမှာ အားလုံး ၀ိုင်း ပျော်တတ်ကြပါတယ်။

ကျွန်တော်လည်းပဲ ကျွန်တော့်ရဲ့ သူငယ်ချင်း မိတ်ဆွေတွေကို ပေးဖို့ လက်ဆောင်တွေ ထွက်ဝယ်ခဲ့ရဘူးပါတယ်။ ခရစ်ယာန်မဟုတ်ဘဲ ခရစ်စမတ်မှာ လက်ဆောင်တွေ ပေးကြ လဲလှယ်ကြလုပ်တာပဲလားလို့ ကျွန်တော့်ကိုသူငယ်ချင်းတချို့တစ်ချို့က မေးပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ခရစ်ယာန် ဘာသာဝင်ဖြစ်မှ ခရစ်စမတ်ပွဲကို ၀င် နွှဲရမယ်လို့ မယူဆပါဘူး။ ကျွန်တော့် အတွက်တော့ ခရစ်စမတ်ဆိုတာ အနောက်တိုင်း သီတင်းကျွတ်လိုပါပဲ။ အိမ်တွေမှာ မီးရောင်စုံတွေ ထွန်းကြတာလဲ တူတယ်လေ။ မြန်မာ့ရိုးရာ ဓလေ့ထုံးတမ်း အစဉ်အလာမှာက လူကြီးသူမတွေ ဆရာသမားတွေကို ဂါရ၀ပြုကြရတာ မှန်ပေမယ့် နောက်ပိုင်းမှာ သီတင်းကျွတ်ကို ခုတုံးလုပ်ပြီး အကျိုးလိုလို့ ညောင်ရေလောင်းတဲ့ အလုပ်တွေ လုပ်လာ ကြတာတွေရှိပါတယ်။ လူကြီးများကို ကြိမ်ခြင်းကြီးတွေ နဲ့ ခြင်းကပ်ကြပါတယ်။ ဒီက ခရစ်စမတ်ကတော့ လူကြီးကလေး မရွေး အချင်းချင်း အပြန်အလှန် လက်ဆောင်တွေ ပေးကြတယ်။ အကျိုးလိုတာကြောင့်ထက် မိမိရဲ့ ကျေးဇူးတင်မှုကို ပြသဖို့ အပြန်အလှန် ကျေးဇူးတုံ့ပြန်ကြဖို့ လက်ဆောင်တွေပေးလေ့ရှိကြပါတယ်။

ခရစ်စမတ်ဆိုတာ ပေးဝေခြင်း၊ မျှဝေခြင်းလို့ တချို့က ခေါ်ကြပါတယ်။ တချို့ကလည်း အရောင်းဆိုင် စီးပွားရေးတွေက လူတွေ အချင်းချင်း လက်ဆောင်တွေပေးရင် သူတို့ ပိုရောင်းရအောင် ထွင်တဲ့ စကားပါတဲ့။ ဘယ်သူတွေ ဘာပြောပြော ကျွန်တော့်အတွက်ကတော့ ကုန်ဆုံးကာနီး နှစ် တစ်နှစ်အတွင်း ကိုယ့်အပေါ် ကောင်း ခဲ့တဲ့ ကူညီခဲ့တဲ့ သူတွေကို ကျေးဇူးတုံ့ပြန်ခွင့်ရတဲ့ အချိန်တစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ့်လောက် ကံမကောင်းတဲ့ သူတွေကိုလည်း တစ်ခဏတာ ပျော်ရွှင် နွေးထွေးခွင့်တွေ မျှဝေနိုင်တဲ့ အချိန်လည်း ဖြစ်ပါတယ်။ တတ်နိုင်ရင် ဒီလို အခွင့်အရေးတွေကို တစ်နှစ်ပါတ်လုံးတောင် ရချင် ပါတယ်။ ဒါပေမယ့် တတ်နိုင်တဲ့ အခြေအနေအတွင်းကပဲ မျှဝေနိုင်သေးတာမို့ ကိုယ်တတ်စွမ်းသ၍ ကိုယ် ချစ်ခင်သူများ၊ လိုအပ်သူများကို မျှဝေနိုင်တာပဲ တော်သေးတယ်လို့ ပြောရပါမယ်။
ဒီလောက်ပျော်ရွှင်စရာကောင်းတဲ့ ခရစ်စမတ်လေးကိုရောက်လာပါတော့မယ်။

ကျွန်တော်စိတ်ထဲမှာရှိတဲ့အတွေးလေးတစ်ခုကိုပြောပြချင်နေမိတယ်။
တခါတုန်းကလို့ ပြောရမှာပေါ့..
တခါတုန်းကဆိုတာနဲ့ ဗာရာဏသီပြည်ကိုပြေးပြီးမမြင်မိစေချင်ပါဘူး။
တခါတုန်းကခရစ်စမတ်နေ့ 
နှစ်စဉ် နှစ်တိုင်း ဒီဇင်ဘာလရောက်လာပြီ ဆိုတာ နဲ့ ပျော်ရွှင် နေတယ် ။ 
ရာသီဥတု အရလည်း အေးဆေးတာမို့  နေရထိုင်ရတာ သက်တောင့် သက်သာ ရှိပြီး မနက်စောစော မြူနှင်းတွေ ဝေနေတဲ့ မြင်ကွင်း ကို ကြည့် ရတာ 
လွမ်းစဖွယ် ပန်းချီကား တချပ်လို မို့ အိပ်မက်များလား လို့ တောင်ထင်မိတယ် ။ 
အာရုံအတက် နေထွက် လာပေမဲ့ အချမ်းဓါတ်က လျော့ မသွားပဲ မနက်စောစော ဆောင်းလေအေးအေးမှာ လမ်းလျှောက်ထွက် ရတဲ့  အရသာ။ 
မဟာရန်ကုန်မြို့ မှာနေခဲ့ သောသူမ အဖို့ တော့ ဒီမျှလောက်သောကြည်နူးမှု မျိုးကို ခံစားကြည်နူးရသော ခရစ်စမတ်ကို သူမ အဖို့ မေ့ မည်မထင်ပေ။
ဒါတွေကို သူမတစ်ယောက်အဝေးတစ်နေရာ မှလွမ်းဆွေးရင်း 
ငိုကြွေးခဲ့ ရတဲ့ နေ့ တွေဘယ်လောက်တောင်များခဲ့ ပြီလည်း.။
တစ်ချိန်တုန်းက ဆို သိုက်သိုက်ဝန်းဝန်းရှိခဲ့ တဲ့ မိသားစုဘ၀လေးကို သူမလွမ်းဆွတ်တမ်းတငိုကြွေးဝမ်းနည်းခဲ့ ရတယ်

ဒါကို သူမ တစ်ယောက်မှလွဲပြီး မည်သူတစ်ဥိးတစ်ယောက်မျှ ခံစားပေးနိုင်မည်မထင်ပါ။
အလုပ်တွေနဲ့ တစ်ခါတစ်လေ ပြွတ်သိတ်နေသော်လည်းလွမ်းဆွတ်တမ်းတအားငယ်နေသော
စိတ်တို့ ကတားဆီးမရနိုင်လောက်အောင်ပင် သူမမျက်ရည်မိုးတို့ ဖြင့်ရွာချသည်မှာ အကြိမ်ကြိမ်ပင်။
တချိန်တုန်းက
ခရစ်စမတ် ရောက်လာပြီဆိုလျှင် 
သူမအဖို့ တော့ သိပ်ရင်ခုန်ဖွယ်ရာအချိန်လေးပေါ့။
ဖေဖေက တမျိုး မေမေကတစ်ဖုံ
မိသားစု တစ်သိုက်အလုပ်ရှုပ်ကြပြီ.
ခရစ်စမတ်နေ့ ရောက်လျှင် သူမအဖို့ လက်ဆောင်များများရဖို့ သာတွေးနေသော
မေမေ့ အားကူညီနေရသော သူမဘ၀လေး။
သူမ အဖို့ ထို့ ကဲ့ သို့ သောအခိုက်တန့် လေးက သာယာပျော်ရွင်ဖွယ်အတိ ။
ဝေးရပ်မြေခြားရောက်နေသောသူ မအကို 
အို ...
အားလုံး အားလုံး
သူမ စိတ်ထဲ အမြဲတမ်းမြင်ရောင်တမ်းတမိနေသည် မှာကား ခရစ်စမတ်ရောက်တိုင်းပင်။
သူမအဖို့ လွမ်းဆွတ်တမ်းတစရာများတစ်ပုံတစ်ပင်.။
မည်သို့ ပင် လွမ်းဆွတ်တမ်းတနေသော်လည်း သူမ
မလျှော့ သောဇွဲ လုံလ ၀ီရီယတို့ ဖြင့် 
ဘ၀ကို အားသွန်ခွန်စိုက် ကြိုစားနေသည် 
သူ တစ်ပါးအားပေးကမ်းစွန့် ကျဲ တတ်သောစိတ်စေတနာ။
ကူညီသနားတတ်သောစိတ်စေတနာ။
အားနာတတ်သောစိတ်စေတနာ။
တခါတရံ မိန်းမသားဘ၀ပေမို့  စိတ်အာငယ်တတ်သောစိတ်။
မဟုတ်မခံ အလုပ်ကိုကြိုးစားတတ်သောစိတ်။
အပင်ပန်းခံနိုင်သောစိတ်။
ကြင်နာတတ်သောစိတ်။
ဖြူစင်သော စိတ်
လှပသော မျက်နှာတို့ ဖြင့်  သူမ ဘ၀ ကျင်လည်လှုပ်ရှားခဲ့ သည်မှာ ကြာခဲ့ လေပြီ။
သူမကား  ကျွန်တော်အလွန်တရာမှ ချစ်မြတ်နိုးမိသော 
ကျွန်တော် အသဲနှလုံး လေးပင်ဖြစ်ပါသည်။
ကျွန်တော်သည် သူမ အား အင်မတန်မှပင် ချစ်ခင်မြတ်နိုးပါသည်။
သူမ ဘ၀ဖြတ်ကျော်လာခဲ့ သည်များကို  ကျွှန်တော်နားလည်ပေးနိုင်စွမ်းရှိသည်။
ကျွန်တော်သည်ထို ကဲ့ သိုနားလည်အောင် ကြိုးစားခဲ့ ပါသည်။
နှလုံးသား ဆိုသည်မှာ ကား အလွန်တရာ နူးညံ့ လှသည်မှာငြင်းနိုင်ဖွယ်ရာ တစိုးတစင်မျှ မရှိ။
ကျွန်တော်စိတ်အစဉ်တွင် 
သူမ ကိုချစ်သောစိတ် 
စိတ်ချမ်းသာစေချင်သောစိတ်
အထောက်အပံ့ ပေးစေချင်သောစိတ်
ပျော်ရွှင်စေချင်သောစိတ်
သူမ အား ပေးဆပ်ချင်နေသောစိတ်တို့ ဖြင့် 
သူမ အတွက် 
ခရစ်စမတ် အကြိုဆုတောင်းအား
ပေးလိုက်ပါသည်။
ပြောနေကျစကားတခွန်းအား 
လေးနက်စွာသူမအတွက် ပြောပြချင်မိပါသည်.
" မ ကို သိပ်ချစ်တယ်"
 ခရစ်စမတ် အကြိုပျော်ရွှင်နိုင်ပါစေ 
သိပ်ချစ်တဲ့ (မောင်)

1 comment: