Thursday 9 September 2010

* *

အချစ်ဆိုတာ
မိုးရာသီမှာ ဖြစ်တည်လာတတ်တဲ့
သက်တန့်ရောင်စုံတွေလိုလဲ
မဟုတ်ပါ။

အချစ်ဆိုတာ
နွေဥတုမှာ တွေတွေဝေဝေ
ကြွေလေတတ်တဲ့ ရွက်ဝါတွေလိုလဲ
မဟုတ်ပါ။

အချစ်ဆိုတာ
ဆောင်တွင်းမှာမှ ကျဆင်းလေတဲ့
တငွေ့ငွေ့ဝေနေတဲ့ နှင်းမြူတွေလိုလဲ
မဟုတ်ပါ။

အချစ်ဆိုတာ
ဥတုရာသီတွေလို
မပြောင်းလဲတတ်ပါ
ရင်ထဲမှာ ဆတ်ကနဲထိ
မျက်ဝန်းချင်းအဆုံ
ဒိန်းကနဲ နှလုံးခုံသံပြန်ကြားမိ 
ဝမ်းသာစရာရှိရင်
သူ့ကို မျှဝေချင်တယ်
ဝမ်းနည်းစရာရှိရင်
သူ့ကို သတိရမိတယ်
နှစ်ယောက်ချင်း လမ်းမှာဆုံရင်
ရင်ခုံသံ မြင့်မားလာတယ်
အဲဒါကို
အချစ်လို့ ပြောချင်ပါတယ်

No comments:

Post a Comment