Thursday 23 December 2010
ခရစ်စမတ်လက်ဆောင်
ဆောင်းတွင်းဆိုရင် လူများတွေက ခရစ်စမတ်ဆိုပြီးလုပ်ကြတာတွေ့ ဖူးပါတယ်။
ဘာရယ်တော့မဟုတ်ပါဘူးအများက လုပ်တော့လည်း အပျော်တွေကူးတယ်လို့ ဆိုရမှာပေါ့။
လူဆိုတာက ပတ်ဝန်းကျင်နဲ့ နေကြတဲ့သူတွေကြီးပါပဲ။
ဒါမလို့ ခရစ်စမတ်ဆိုတာ အားလုံးနဲ့ ရင်းနှီးနေကြမယ်ဆိုတာ ငြင်းနိုင်မယ်မထင်ပါဘူး။
များသောအားဖြင့်ခပ်ချောချောကောင်မလေးတွေကလည်း ခရစ်စမတ်ဆိုရင်
တော်တော်ကဲတာ ကြားဘူး မြင်ဘူးသလိုလိုပါပဲ.။ကျွန်တော့် ချစ်သူအပါဝင်ပေါ့။(ချောတာကိုး)း)
ကိုယ်ကပဲခရစ်စမတ်မသိရင် အောက်ကျရမယ့် အနေထားလိုလိုဖြစ်နေတဲ့ ပုံစံပါပဲ။
ဗမာလူမျိုးဆိုတာကလည်း အယူဝါဒ အစွဲလန်းကလည်းတော်တော်ကြိးီပါတယ်။
ဒီလိုပဲ ကျွန်တော်ကလည်းမျိုးရိုးအရ အစွဲလန်းကြီးရတာပေါ့။
ဗမာ လူမျိုး ငါတို့ ဘာသာကမှ ဆိုတဲ့ အစွဲလေးတော့ရှိတာပါပဲ။
ဒါကလည်းလုတိုင်းပါပဲ.။
သို့ ပေသော်ငြားလည်း
ကျွန်တော်ချစ်လှစွာသောချစ်သူလေးက ဗမာပင်ဖြစ်သော်ငြားလည်း
လုပ်နေကျအလေ့အထလေးရှိတဲ့ အတွက်အပင်ပန်းခံပြီးလုပ်နေတယ်လေ။
သူပျော်ရွှင်စေချင်တာကြောင့် ကျွန်တော်လည်းပျော်ရွှင်စရာတွေကို
ဆုတောင်းလိုက်ပါရစေဗျာ။
ဒီနေ့ ကျွန်တော်ချစ်သူက ခရစ်စမတ်ပါတီလေးလုပ်တဲ့အတွက်
အားလုံးကိုဆုတောင်းမေတ္တာလေးပို့ သပါရစေခင်ဗျာ။
ခရစ်စမတ်ဆိုတဲ့ နေ့ လေးကစလို့ နောင်နှစ်ပေါင်းများစွာတိုင်
စိတ်ချမ်းသာကိုယ်ကျန်းမာပြီး
ကိုယ်ရည်မှန်းတဲ့ ပန်းတိုင်ကို အရောက်လှမ်းနိုင်ကြပါစေလို့ 
ကျွန်တော် နဲ့ ကျွန်တော့် ချစ်သူက ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။
ခရစ်စမတ်မှာချစ်သူအနားမှာမရှိနေပေမယ့်
ကဗျာတွေ
စာတွေ
မဖွဲ့ ပဲ
ချစ်သူကိုဆုတောင်းပေးလိုက်ချင်ပါတယ်။
ချစ်သူ။
တစ်ဘ၀မှာ
တစ်ယောက်တည်းချစ်ရသူမို့ 
အပြုံးတွေရင်မှာပိုက်
ပီတိတွေတစ်ပုံတစ်ပင်နဲ့ 
ချစ်တဲ့ မကို
ရင်ခွင်မှာထားလို့ 
ကြည်နှုးချစ်ခင်
ကြင်နာမှု တွေနဲ့ 
ဘ၀ကို လှမ်းဆက်ပါရစေ။
ချစ်သူ.။
မ
ပျော်ရွှင်ပါစေလို့ 
မောင်
ဆုတောင်းလိုက်ပါတယ်.။
သိပ်ချစ်တဲ့ (မောင်)
Subscribe to:
Post Comments (Atom)
မောင်
ReplyDeleteသိပ်ချစ်တယ်
ဆုတောင်းပါ။
သိပ်ချစ်တဲ့ မ
မောင်ကလည်း သိပ်ချစ်တယ်..း)) မွစ်..း)
ReplyDelete