Tuesday 5 October 2010

Anniversary Of Our Love Day(ချစ်သူများနေ့ အမှတ်တရ)

ချစ်ရတဲ့  မ..ရေ
မောင်တို့နှစ်ယောက်ရဲ့
ရင်ခုန်သံတွေကို ထပ်တူပြု
နှလုံးသားသံစဉ်တေးတစ်ပုဒ်နဲ့
ချစ်ခြင်းတည်ဆောက်ခဲ့တာ
အခုဆို...
အဲဒီနေ့ (၆)ရက်နေ့ လေးကိုရောက်ခဲ့ ပြန်ပီနော်...။
တကယ်ဆို...
မောင်တို့ရဲ့ နှစ်ပတ်လည်မဂ်လာမြောက်နေ့မှာ
မောင့်ရဲ့နွေးထွေးတဲ့ရင်ခွင်ထဲမှာ
မကို ထွေးပွေ့ထားချင်နေရဲ့
သို့သော်ငြားလဲ...
အခြေနေမပေး ဒီဘ၀ရေးကြောင့်
ချစ်သူအဝေး မျှော်ကာငေးရင်း
လွမ်းနေရတဲ့ ဒီမောင့်ဘ၀ကို
မနားလည်ပေးပါ..။
အချစ်စစ်တို့မည်သည်
ဖြူးဖြောင့်လမ်းသွယ် မရှိသော်လည်း
မောင့်ရဲ့အချစ်
မောင့်ရဲ့ သံယောဇဉ်
မောင့်ရဲ့မေတ္တာ
မောင့်သစ္စာ အား
ယနေ့မှစ၍ လာမည့်
နှစ်တစ်ရာ
အဓွန့်တည်တံ့ရှည်စေသော်....။
ချစ်သူအတွက် ...အမှတ်တရ....ကေခိုင်ပျော်ရွင်ပါစေ။
သိပ်ချစ်ရတဲ့ မောင်။

2 comments:

  1. You are very lovable MG.
    You are very attractive to me.
    Love you very much.
    Ma.

    ReplyDelete
  2. I love u so much ..Ma...(Mg)

    ReplyDelete