Sunday 10 October 2010

ချစ်သူဆုတောင်း

ချစ်သူသည်
အပြောကျယ်သော
ငွေပင်လယ်ကြီး ဖြစ်မည်ဆိုလျှင်
ကျွန်ုပ်သည် ရွက်လှေတစ်စင်း
ဖြစ်ပါစေ။
ချစ်သူသည်
ကျယ်ပြန့်သော
မိုးကောင်းကင်ကြီး ဖြစ်မည်ဆိုလျှင်
ကျွန်ုပ်သည် ငှက်ကလေးတစ်ကောင်
ဖြစ်ပါစေ။
ချစ်သူသည်
အဆုံးအစမသိနိုင်သော
မြေပြင်ကျယ်ကြီး ဖြစ်မည်ဆိုလျှင်
ကျွန်ုပ်သည် လူသားတစ်ဦး
ဖြစ်ပါစေ။
ချစ်သူနဲ့ သာ
အတူ နေရမည်ဆိုလျှင်
ဘယ်အရာများက ဘယ်လောက်ပင်
တားဆီး ပိတ်ပင်နေပါစေ
ဖြိုခွင်း ဖြတ်ကျော်နိုင်သော
ခွန်အား ကို ကျွန်ုပ်ကို
ပေးသနားတော်မူပါ။
အချစ်နတ်သမီးလေး...

1 comment: