Monday 4 October 2010

သိပ်ချစ်တဲ့ မ အတွက်

မ..ရေ...
ညီမျှခြင်း ချချင်တဲ့ အခါ မျဉ်းပြိုင်ရထားလမ်းဟာ တနေရာမှာ ကွေးကောက်သွားနိုင်တာပဲ ၊ ထိုအခါ သံလမ်းရဲ့ အဓိပ္ပါယ် လျော့ပါးသွားမလား ၊ လှမ်းငေးမိတဲ့ အခါ ကတုန်ကရင်နဲ့ ၊ အဆုံးမရှိတဲ့ လွင်ပြင်ကို လှမ်းမျှော်လိုက်ရသလို ၊ ရင်ထဲ မောကျ ၊ မြက်ခင်းစိမ်းတွေတောင် မောင့် သက်ပြင်းချသံကြောင့် ယိမ်းယိုင်လှုပ်ယမ်း အစိမ်းရောင် လျော့သွားရတယ် ၊ အတိတ်ကို မတွေးနဲ့ မ ၊ အဝေးကိုမငေးနဲ့ မ ၊မောင် က မ ဘေးနားမှာ ၊ စစ်သူကြီးရဲ့ အောင်နိုင်ခြင်းနဲ့ ဘေးက ငယ်သားကို ငဲ့ကြည့်လိုက်သလို တချက်လေးပဲ ၊ အဲဒီ တချက်လေးကပဲ ကြုံတွေ့လာမဲ့ ကြမ်းကြုတ်သားရဲတွေကို မပင်မပန်း တိုက်ခိုက်အနိုင်ယူလိုက်တဲ့ ခွန်အားလည်းဖြစ်တယ် ၊ အိပ်စက်အနားယူစဉ် အိပ်မက်တွေကို ချိုမြစေမဲ့ စွမ်းအင်လည်းဖြစ်တယ် ၊ မနက်ဖြန် နေထွက်စဉ် မ ကို တစ်ကြိမ်မြင်တွေ့ဖို့ မျှော်လင့်မိမဲ့ အတွေးလည်းဖြစ်တယ် ၊ ဘ၀ဟာ ဘာလဲ မ ၊ အခြေအနေတွေ မတူ ၊ ရပ်တည်မှုတွေမတူ ၊ နေရာဒေသတွေမတူ ၊ နောက်ဆုံး ဖြစ်တည်မှုတောင်မတူညီမှတော့ လှပစွာ လက်နက်ချအညံ့ခံခြင်းတဲ့ ၊ အဝေးမှာ ဧရာဝတီ ဟာ လှပစွာစီးဆင်းဆဲ ၊ တိုးတိုက်နေတဲ့ ယဉ်ကျေးမှုတွေလည်း ကဗျာဆန်နေဆဲ ၊ ကခုန်နေတဲ့ မျိုးဆက်တွေ ၊ စံမြန်းနေတဲ့ မျိုးဆက်တွေ ၊ ကျဆင်းနေတဲ့ မျိုးဆက်တွေ ဟိုးအနောက်မှာ ဒါတွေဟာ ၊သူရဲကောင်းမဆန်ပါဘူး ၊ စစ်ပွဲခရာသံကို မမှုတ်ခင်မှာပဲ မ ရဲ့ ရှေ့မှာ အရာအားလုံး ပစ်ပုံလို့ ၊ တလူလူ လွင့်နေတဲ့ အလံဟာ မနေ့တုံးက အောင်မြင်ခြင်း အိပ်မက်မက်ခဲ့သူဖြစ်တယ် ၊တရွေ့ရွေ့နဲ့ ရှေ့ဆက်ပြီးတော့  ၊ တူညီတဲ့ အိပ်မက် ၊ ခရီးတွေ တစုတစည်းထဲ မောင်းနှင်လို့ လှုပ်ရမ်းသွားတဲ့ ဆံနွယ်တွေကြားထဲ မနေ့တုံးက ချစ်သူအနမ်းအကြောင်း စဉ်းစားနေမလား ၊ နေမထိထိုင်မသာ အောင် စ သွားတဲ့သူကို တိုးတိုးလေး ဆိုးစိတ်တိတ်တိတ်ရယ်နေမလား ၊ ဘာနဲ့မှ နှိုင်းယှဉ်စရာ မရှိပါဘူး ၊ မ အနားကို ဖြတ်တိုက်လာတဲ့ လေပြေက အစ အေးမြနေသယောင် ၊ ဒဿဂီရိ ကိုတောင် ဖမ်းစားခဲ့တဲ့ အချစ် ၊ သီတာဒေ၀ီ ကို ပထမဆုံးအကြည့်မှာ တကြိမ်တခါတော့ ပြုံးရယ်မိမှာပဲ ၊ ချစ်တတ်သူကိုအပြစ်မတင်ပါနဲ့ မရယ် ၊ ချစ်တတ်သူရဲ့ အကြည့်မှာ ရောင့်ရဲတင်းတိမ်နိုင်ခြင်းမရှိစွမ်းပါ ၊ မထိုက်တန်သူ ဟာ အဲ့ဒီ မထိုက်တန်မှုကို ရင်ခွင်ထဲထည့်လို့ သေဆုံးချိန်အထိ ဖက်တွယ်လို့ ဘယ်သူများမြင်နိုင်စွမ်းလဲ ၊ မာရ်နတ်ရဲ့ ပဉ္စလက်ပြကွက်တွေကို မမှုတော့ပါ ၊ အဲဒီ မထိုက်တန်မှုဟာ ဗန်ဂိုးရဲ့ ခန္စာကိုယ်ထဲက ကျည်ဆံတတောင့်လဲဖြစ်တယ် ၊ ချစ်တတ်သူကို ရိုင်းစေတဲ့ ရင်မှာ သောနုတ္တရ ရဲ့ ခုနှစ်နှစ် ခုနှစ်လ ခုနှစ်ရက် မြှားဒဏ် လဲပါလိမ့်မယ် ၊ ဥပက္ခာ ပြုခြင်းတဲ့ ၊ သုံ့ပန်းဟာ အချစ်နန်းတော်မှာ ပျော်ရွှင်စွာနေထိုင်တယ် ။
ဒီလိုပဲ ..မောင့်အတွက်တော့ မနဲ့ အတူဖြတ်ကျော်နေတာဟာ.ဘာနဲ့မှအစားထိုးလို့ မရနိုင်တဲ့အချိန်တွေကိုကျော်ဖြတ်နေသလိုမျိုး သိပ်ကိုအဖိုးအနဂ္ဂထိုက်တန်တဲ့ ရတနာတွေကိုရလိုက်သလိုမျိုး
အရမ်းကျေနပ်ပီတိဖြစ်ရပါတယ်။ဘာဖြစ်ဖြစ် မောင်က မအတွက်အမြဲတမ်းဘေးနားကရှိနေမယ့် တစ်ယောက်တည်းသော ချစ်သူပါ။ထာဝရအတူ တသက်မခွဲ ရှေ့ ဆက်ကြပါစို့ ...မရေ။
သိပ်ချစ်တယ် လို့ အကျယ်လောင်ဆုံးပြောလိုက်ပါရစေ.............................................................................................။။။။။။။။။။

2 comments:

  1. Too thinkable....eventually, you and me are falling in love with each other. :) I love you as you love me.

    ReplyDelete
  2. Love me As i love u ....(Mg)

    ReplyDelete