Thursday 21 October 2010

အချစ်အတွက်အချစ်

အချစ်ဆိုတာ ဘာလည်းဆိုတာတွေမတွေးတော့ပါဘူး
ဒါပေမယ့် အချစ်ဆိုတာ ဘာလည်းဆိုတာတော့
ကိုယ်တိုင်ကြုံလာတော့ လည်းသိလာတာပေါ့
အချစ်ဆိုတာကိုသူများတွေက အမျိုးအမျိုး ဖွင့်ဆိုကြတယ်။
ဒါမဆန်းလှပါဘူး ဒါပေမယ့် ဖွင့်ဆိုကြတဲ့သူတိုင်းအတွက်တော့
သေချာပါတယ် ဆန်းသထက် ဆန်းပြီးတော့
လတ်ဆတ်နေမယ်ဆိုတာ။
အခုတော့
မိုးတွေရွာနေတယ်
မုန်တိုင်းဝင်လို့ လားမသိ
သေချာတာတော့ ဒီမှာမုန်တိုင်းဝင်အောင်လည်း ဗမာပြည်လို မဟုတ်
ဒါက ရာသီဥတု။
သူကပြောင်းလည်းတာ
ဒါပေမယ့်အချစ်ကတော့ မပြောင်းလဲဘူး
တသတ်မတ်တည်း။
လေတွေတိုက်နေတယ်
သိပ်ကိုအေးချမ်းတယ်လို့ ပဲပြောမလား
ချမ်းအေးတယ်လို့ ပဲဆိုမလား
တနည်းအားဖြင့်အေးမြနေတာတော့သေချာတယ်
ဒါက လေ။
သူကတိုက်ခတ်တာ
ဒါပေမယ့်အချစ်က မတိုက်ခတ်ပါဘူး
ညင်သာတယ်လို့ ဆိုမလား။
အချစ်ကိုတွေ့ လိုက်ပါပြီ
သိပ်လှတဲ့ နတ်သမီးတစ်ယောက်ကို ။
ဇတ်လမ်းက အဲဒီမှာစတာ
ဘယ်လိုလည်းဆိုတော့ တွေ့ လိုက်တဲ့အချိန်
အဲဒီချိန်မှာ သီဝိမင်းက ဥမ္မာဒန္တီကို  ကိုတွေ့ လိုက်ရသလိုပဲ
လူကို ရူးသွပ်သွားစေလောက်အောင်လှတယ်။
အဲဒါက သူ့  အလှ
ကျွန်တော်ချစ်သူ။
ကဲ  ချစ်သူရောက်လာပီ..
စကားဖြတ်အုံးမည်။
 ဆက်ရန်.....

2 comments:

  1. Love feels me warm.
    Love feels me calm.
    I feel love from Mg.
    Mg feel love from Ma.
    Mg love Ma.
    Ma love Mg.

    ReplyDelete
  2. ahak ;))) Love u so much more than my life...kissing ...:))

    ReplyDelete