Wednesday 27 October 2010
တဘ၀စာအတွက် မ အတွက်
တစ်ဘဝစာ အတွက်ပါ
မ ရယ်...
ချစ်ခြင်းနဲ့ သေဆုံးခြင်းကို
မွေးဖွားမယ့်....
တစ်ထပ်ထဲပြုလုပ်ချင်တဲ့
မောင့်ချစ်ခြင်းတွက်
ရည်ရွယ်သူကို
လက်ညှိုးထိုးပြခွင့်လေးတော့ ရချင်တယ်..
မ ရယ်...
အတ္တိသရဝုတ္တိ ဆန်တယ်ပဲပြောပြောပါ
ရင်မှာထင်ဟပ်နေတဲ့ မ ပုံရိပ်တွေက
မောင့်နှလုံးသားထဲ စီးဆင်းနေတဲ့
သွေးကြောထဲမှာ အသက်ရှူသံနဲ့ အမျှ
လည်ပတ်နေကြတယ်...
မ ရယ်...
ရူးတယ်ပဲပြောပြောပါ
မျှော်လင့်ချက်တွေ တနင့်တပိုးနဲ့ 
မောင့်အနာဂတ်ကို ခရီးဆက်မယ်...
မ ရဲ့ စေစားမှုတိုင်းက
မ ရယ်
ကျေးဇူးပြုပြီး
PLEASE......
မောင့် အနာဂတ်တွေ လှချင်ပြီ...
 ချစ်တဲ့  မ အတွက် ...မောင်
2 comments:
  1. Mg make me think of him all the time.
    Mg make me do not concentrate on my work.
    Mg make me feel LOVE in the air.
    When I take a breath, LOVE is flow into my blood.
    This is what I call Mg's LOVE.
    ReplyDelete
  2. အရမ်းချစ်တာပဲ မောင်ကလည်း...နော်...မွမ်းးး...(မောင်)
    ReplyDelete