Monday 4 October 2010

မ ကို သိပ်ချစ်တယ်

ချစ်တယ်
သိပ်ချစ်တယ်
အရမ်းကို ချစ်ပါတယ်ကွယ်
ဒါဟာ မောင်.ပြောနေကြစကား...ရိုးဆင်းနေပါတယ်.ဆန်းပြားနေပါတယ်
ဒါပေမယ့်.. မောင်တို့ နေလို လလို ချစ်ကြပါတယ်။
ချို...ပြင်း...စူး...ရှ
မ  ကိုယ်နံ့တွေ
အိမ်ပြန်ဖို့ ခြေဦးမလှည့်ပါနဲ့ဦး
မောင်ပြောဖို့ စကားတခွန်း ကျန်နေလို့
‘မောင်  မကို သိပ်ချစ်တယ်’ ။
တိုး...ညှင်း...ပျောက်...ရှ
မောင့် စကားသံတွေ
လေယူရာမသယ်ဆောင်နိုင်ခဲ့ရင်
မ… ရင်… နှလုံးသားနဲ့ ကြားနာပေးပါ
‘မောင်  မကို သိပ်ချစ်တယ်’
လောင်… ကျွမ်း…ပြာ…ကျ
အချစ်ဆိုတာ
မီးလျှံတစ်ခုတဲ့လား
မောင် သေအောင်.. လောင်ကျွမ်းသွားသည့်တိုင်
ကမ္ဘာတည်သ၍ ရှိနေမယ့်စကား
‘မောင် မကို သိပ်ချစ်ပါတယ်’
ဒီ…လို…လေး….ပဲ
ယုံကြည်ပါ
မောင်နဲ့ စကားလုံးများရဲ့အကြား
မနဲ့ မောင့်နှလုံးသားရဲ့အကြား
ဘာမှမှားစရာမရှိဘူး ..
မ..ရေ။
သိပ်ချစ်ရတဲ့ ကေခိုင့်အတွက်(မောင်)

2 comments:

  1. I love you too Mg.YOU are SO SWEET in MY Heart <3

    ReplyDelete
  2. Love me As I love u Sweet..I can Die really ..I don't want to know my Finally without u r love...(Mg)

    ReplyDelete