Monday 25 October 2010
အချစ်စစ် ၁၀၀%
ဘ၀မှာ
ဘာအခက်အခဲတွေပဲဖြစ်ဖြစ်
ခဏတာ ပါပဲ
အဲဒီအခက်အခဲတွေကို
၂ ဦးသား ကျော်ဖြတ်နိုင်တာကိုပဲ
မြတ်နိုးစွာနဲ့ ကျေနပ်ကြမယ်နော်။
ဘာဖြစ်ဖြစ်
အနားမှာ ရှိနေမယ်
ချစ်သူ စိတ်ဆင်းရဲနေတာကို မမြင်ချင်တာ
ချစ်သူစိတ်မဆင်းရဲစေချင်တာ
အရိုးခံစိတ်ပါ
ချစ်သူ ကိုသိပ်သနားမိတယ်
အရမ်းလည်းကိုယ့်ကိုကို  သိလာတယ်
သိပ်ချစ်တတ်ပါလားဆိုတာကိုပေါ့
မဟော်သဓာ တရားစီရင်ခန်းလိုပါပဲ
တကယ်တန်း ချစ်သူ ရဲ့ ငိုသံကြားရော
ဘယ်လောက်ထိ  ရင်တွင်းမှာပူလောက်လိုက်သလည်းဆိုရင်
ပြောမပြတတ်အောင်ပဲ
ငရဲမှာပူတဲ့ အပူတော့ မသိပါဘူး
ဒါပေမယ့်အခုပူလောင်တဲ့ အပူက မပဒါမြေလူးဆိုသလိုမျိုး
ဒီလိုမျိုး တခါမှမကြုံဘူးဘူး ဘ၀မှာ
အဲဒီချိန်မှာပဲ ကိုယ်တိုင်သိလိုက်ရတယ်
ငါ သိပ်ချစ်တာပါလားဆိုတာ
တကယ် အရေးကြီးလာတော့
သွေးတွေ စိတ်တွေ စကားပြောလာတာ အမှန်ပါပဲ
ချစ်သူပြောတဲ့ စကားလေး အမြဲမှတ်သားထားတယ်
စိတ်ချင်းဆက်ပေးပါဆိုတဲ့သီချင်းလေးလို ပေါ့
တကယ်တော့စိတ်ချင်းဆက်ထားတာအမှန်တကယ်ဖြစ်နေတာကို
ကိုယ်တိုင်ကြုံတွေ့ လိုက်ရတယ်
သွေးပျက်စရာကောင်းနေတဲ့ အချိန်မှာ
ချစ်သူ ကိုပြောလိုက်မိတဲ့စကားတခွန်းအတွက်
အရမ်းသနားမိတယ်
ကိုယ့် ကိုကို ယူကြုံးမရလည်းဖြစ်ခဲ့တယ်
"ဘယ်တော့မှ လေ့ကျင့်ခန်းမလုပ်ခိုင်းနဲ့ "
လို့ စိတ်ကပြောလိုက်မိတယ်
ချစ်သူ ပြန်ပြောလိုက်တဲ့စကားက
ရင်တခုလုံးကို တုန်လှုပ်သွားစေသလိုပါပဲ
"ကိုယ်ကြိုက်တဲ့ ဟာကိုကိုပြောတာပဲ ဘာဖြစ်လည်း"လို့ 
မျက်ရည်လည်ရွဲ လေးနဲ့ ပြောနေတဲ့ မျက်နှာလေး
ရင်ထဲမှာ အရမ်းပူဆွေးရတယ်
ကိုယ့် ချစ်သူ ကိုယ့် အပေါ်မှာ ဘယ်လောက်ချစ်တယ်ဆိုတာကို
နားလည်သဘောပေါက်လာတယ်
ဘယ်လောက်ပဲ အတိတ်တွေရှိနေခဲ့ ပါစေ
အချစ်ဆိုတဲ့ အရာက ချစ်တဲ့စိတ်က
ကိုယ့် ချစ်သူကို အလိုအလျှောက် ခွင့်လွတ်နေမိတယ်
တကယ်တော့ ချစ်သူစိတ်ချမ်းသာစေချင်တာ
ကိုယ့်ချစ်သူ ဘာမှဘေးဒုက္ခတွေမတွေ့ စေချင်တာ
ရင်ထဲက သူ့ အလိုလိုပေါ်လာတယ်လေ
သိလိုက်တယ် 
တကယ့် အချစ်စစ်ဆိုတာဒါပဲဆိုတာ။
ခက်ခဲတဲ့ နေရက်တွေကို
အတူတူ မျှဝေခံစားမယ်
တကယ်အချစ်စစ်တွေ ၂ ဦးသားရှိနေတာ
ကြည်နှုးမိရတယ်။
ဘ၀ရဲ့ မှတ်တိုင်မှာ
အချစ်စစ်ကို
တကယ့် အချစ်ရဲ့ အနှစ်သာရ
အချစ်စွမ်းအားတွေကို
သိပ်ချစ်တဲ့ မောင့် ချစ်သူ နဲ့ အတူ
ထာဝရ မခွဲ လက်တွဲပြီး
ပျော်ရွင်စွာနဲ့ ဖြတ်သန်းကြမယ်။
သိပ်ချစ်တဲ့ ချစ်ရတဲ့ မောင်
No comments:
Post a Comment